>မုန်တိုငင်းနောကိဆက် သတင်း – ၁၅

>

မုန်တိုင်းနောက်ဆက်တွဲ သတင်းတိုထွာ ၁၅
ပြည်တွင်း ပြည်ပ သတင်းဌာနများ
မေ ၁၂၊ ၂၀၀၈ ( ပစိဖိတ် အနောက်ခြမ်း)

ကုလသမဂ္ဂ၊ အမေရိကန်၊ ပြင်သစ်နှင့် ဗြိတိန်တို့ မြန်မာပြည်တွင်းသို့ အမြန်ဆုံး တိုက်ရိုက် ကယ်ဆယ်ရေးလုပ်ဆောင်ကြရန် တောင်းဆိုသည့် လှုပ်ရှားမှု US Campaign for Burma က အရှိန်မြှင့် (မိုးမခ)

အဖွဲ့ဦးဆောင်သူ ကိုအောင်ဒင်က – ယခုရက်သတ္တပတ်အတွင်း ကုလလုံခြုံရေးကောင်စီက ထုတ်ပြန်ချက်တခု ထွက်ရှိအောင် ကြိုးစားခဲ့ကြသော်လည်း၊ တရုတ်၊ ရုရှားနှင့် အခြား နိုင်ငံအချို့က သဘောမတူကြောင်း၊ ယခု ကုလသမဂ္ဂ ဦးဆောင်သော နိုင်ငံပေါင်းစုံ၏ အရေးပေါ် တိုက်ရိုက် ၀င်ရောက် အကူအညီပေးနိုင်ရေး – အရေးယူဆောင်ရွက်မှုကို တိုက်တွန်းနေသည့်အပြင်၊ အမေရိကန်၊ ပြင်သစ်နှင့် ဗြိတိန်တို့ ဦးဆောင်သော အကူအညီတိုက်ရိုက်ပေးနိုင်ရေး အရေးယူဆောင်ရွက်မှု ဖြစ်ပေါ်လာနိုင်ရေးကိုလည်း တပြိုင်နက်တည်း ဆောင်ရွက်လျက်ရှိကြောင်း၊

ပြည်သူအများက ၀ိုင်းဝန်း လက်မှတ်ထိုး တောင်းဆိုသော လှုပ်ရှားမှုကို သူတို့ ၀က်ဆိုက်ကတဆင့် ပူးပေါင်း ဆောင်ရွက်နိုင်ကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြေညာချက်က တောင်းဆိုထားသည့်အတိုင်း နိုင်ငံတကာက အကူအညီများကို စစ်အစိုးရ ခွင့်ပြုချက်ရသည်အထိ စောင့်ဆိုင်းမနေဘဲ တိုက်ရိုက်ဝင်ရောက် ကယ်ဆယ်ကြရေး မေတ္တာရပ်ခံချက်ကိုလည်း သဘောချင်းမျှပါကြောင်း၊

မြန်မာပြည်သူများကလည်း အမေရိကန်၊ ပြင်သစ်နှင့် ဗြိတိန် သံရုံးများ၊ အစိုးရ ရုံးများသို့ သွားရောက်စုဝေးကြပြီး လူသားချင်းစာနာသော အရေးယူဆောင်ရွက်မှု တိုက်ရိုက်ပြုပေးကြပါရန် အပြုသဘောဖြစ်သည့် ဆန္ဒပြတောင်းဆိုမှုများ လုပ်ကြစေလိုကြောင်း ပြောကြားပါသည်။

၎င်းတို့အဖွဲ့အနေနှင့် အမေရိကန်ဒေါ်လာ ၃ သောင်းကျော် ပြည်တွင်းသို့ ကူညီစောင့်ရှောက်ရေးလုပ်ငန်းများအတွက် လှူဒါန်းပြီး ဖြစ်သည်ဟု ဖော်ပြထားသည်ကို တွေ့ရပါသည်။ http://salsa.democracyinaction.org/o/1189/t/5102/campaign.jsp?campaign_KEY=24557

အမေရိကန်က ငွေကြေးတားမြစ်မှုကို ရုတ်သိမ်း ( အေအက်ပီ)

မြန်မာစစ်အစိုးရနှင့် အပေါင်းအပါများကို စီးပွားရေးအရ ပိတ်ဆို့ပြီး ဒဏ်ခတ်အရေးယူထားသော အမေရိကန်အစိုးရက မြန်မာပြည်သူများထံသို့ လေဘေးကယ်ဆယ်ကူညီရေးနှင့် ဆိုင်သော ငွေကြေးအကူအညီ ပေးပို့ခြင်းတို့ကို လွတ်လပ်စွာ ဆောင်ရွက်နိုင်ရန် ခွင့်ပြုလိုက်ကြောင်း အစိုးရဘဏ္ဍာရေးဌာနက ကြေညာသည်။

ယခင်က မြန်မာပြည်ရှိ မိသားစုထံသို့ ငွေကြေးထောက်ပံ့မှုကို ၃လ လဵင် ဒေါ်လာ ၃၀၀ သာ လွှဲခွင့်ပြုထားခဲ့သည်။ ယခုတွင်မူ အမေရိကန်ပိတ်ဆို့ထားသော မြန်မာဘဏ်စနစ်များသိုႚ အမေရိကန်ရှိ မြန်မာတို့အနေနှင့် ငွေလွှဲနိုင်ပြီဟု ဆိုသည်။ လေဘေး ကူညီစောင့်ရှောက်ရေးအတွက် သုံးစွဲမည်ဟူသော ၀န်ခံချက်ရှိလျင် ရပြီဟု ပြောသည်။ ပြည်တွင်း လေဘေးကူညီရေးအဖွဲ့များဆီသို့လည်း အမေရိကန်ဘဏ်စနစ်ကတဆင့် ငွေလွှဲနိုင်ပြီဟု ဆိုသည်။ စစ်အစိုးရနှင့် အပေါင်းအပါများဆီသို့ ငွေများ မလွှဲဘဲ ပြည်တွင်းရှိ လူသားချင်းစာနာသော လှုပ်ရှားမှုများသို့ လွတ်လပ်စွာ ပေးပို့ခွင့် ပြုလိုက်ပြီဟု ဆိုထားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts