ဆောင်းလူ

Saung Luu – Poem

အပျော်မယား
ဆောင်းလူ
ဇူလိုင် ၂၄၊ ၂၀၁၃

မပိုင်မှန်းသိတယ် …
သူ့မျက်နှာ ကြည့်ကြည့်နေရတယ် …
ပေးသမျှသာယူ …
ကျွေးသမျှသာယူ …
ကျသမျှသာယူ …
သူ့တို့ကျေးဇူးတွေ မြင့်မိုရ်မကကျူး
သို့ကြောင့် ….
ထို့ကြောင့် ….
အကြောင်းကြောင်းကြောင့် 
မလွန်ဆန်ဝံ့ဘူး …
အာမခံဝံ့ဘူး …
တောင်းသူကလည်း တောင်းတယ်….
ရောင်းသူကလည်း ရောင်းတယ် …
ကျေးဇူးရှင်တွေ 
များသထက်များလာလို့ …
ပထွေးတွေများလွန်းလို့
တိုင်းပြည်

အဟောင်းတန်းမှာ လေလံပစ်နေရပြီ…။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts