ဂျုနီယာဝင်း

ဂျူနီယာဝင်း – မုတ်ဆိတ်မြေး အရေးတော်ပုံပဇာတ် – ဇာတ်သိမ်း

>

The Ballad Of Hairy Joe – by Sol Panitz
မုတ်ဆိတ်မွေး အရေးတော်ပုံ ပြဇာတ် – ဇာတ်သိမ်းပိုင်း

ဂျူနီယာဝင်း (ဘာသာပြန်သည်)

ဇာတ်ဆောင်များ

ဂျို(ခေါ်)ဂျိုးဇက်ပါလ်းမား ဖစ်ခ်ျဘတ်မြို့သား အဓိကဇတ်ကောင်
ရက်ဘက်ကာ ဂျို၏ ဇနီး
စလေတာ ဖစ်ခ်ျမြို့မှ စတိုးဆိုင်ပိုင်ရှင်
ဒါဗီပရီရာ(ဒေးဗစ်) အသက် ၁၁-၁၃နှစ် အရွယ် ဆမ်ပရီရာ၏သား
ဆမ်ပရီရာ ဖစ်ခ်ျဘတ်မြို့သားတစ်ဦး
ဘရားသားထရပ်စ် ဖစ်ခ်ျမြို့မှဘုန်းတော်ကြီး

မြို့နေလူုအများစု၏ အလိုကို ဆန့်ကျင်ပြီး၊ အများနှင့်မတူ တမူထူးပြီး မုတ်ဆိတ်မွေးထားမိသည့်အတွက် ဂျိုးပါမား တယောက်ကို လူအများက ၀ိုင်းဝန်း အနိုင်ကျင့်ကြသည့် အခန်းဖြစ်သည်။ ထိုအခါတွင် ဂျိုတို့ မောင်နှံတို့ ဖိနှိပ်မှုမျိုးစုံကို ကြံ့ကြံ့ခံ ရင်ဆိုင်ကြရတော့သည်။

အခန်း ၅

သီချင်းဆိုသူ။ ။ဂျိုပါးလ်မားအတွက် မြို့တံခါးတွေပိတ်ကုန်ပြီ

မင်းက ငါတို့နဲ့မတူရင် ငါတို့မင်းကို အလိုမရှိပါ

ဟောဒီ အဖြစ် စတင်ခဲ့ပုံကို

မင်းက တချို့လူတွေကို ဘာပြောမလဲ။

(အသံ။ ။လှည်းမောင်းသံနောက်ခံမှာပေါ်လာ)

ဂျို။ ။ နောက်တစ်နေ့မနက်ရောက်ပြီ။ လဲီယိုမင်စတာကိုသွားပြီး သံတွေ သွားဝယ်မယ်။

ဒါပေမယ့် ဖစ်ခ်ျဘတ်ကိုသွားတဲ့ လမ်းမကို ရောက်တော့..

ပရီရာ။ ။ ဟေး … ဘယ်သူလဲကွ။

(အသံ ။ လှည်းမောင်းသံရပ်သွား)

ဂျို။ ။ ရဲမင်းကြီး ပါလား။ ဆမ်ပရီရာ (အသံကိုမြှင့်၍) မင်္ဂလာနနက်ခင်းပါ ဆမ်။

ပရီရာ။ ။ စကားနည်းနည်း ပြောရအောင်။ ဆင်းခဲ့ပါဦး။

ဂျို။ ။ ကျွန်တော် လီယိုမင်စတာကို သွားစရာရှိတယ် ခင်ဗျ။

ပရီရာ။ ။ ခဏလေးပါ။

ဂျို။ ။ အင်း..

( အသံ။ ဂျို ခုန်ဆင်းသံ)

ဂျို။ ။ ဘာပြောမလို့လဲ ခင်ဗျ။

ပရီရာ။ ။ အမှန်ကိုပြောရင်တော့ ကျူပ်တယောက်ထဲ မဟုတ်ပါဘူး၊ တမြို့လုံးက လူတွေပါ ပါတယ်။

တချို့ကောင်ကလေးတွေဆိုရင် ဟေး… ကျူပ် သူတို့ကို ခေါ်ပြမယ် … သူတို့က ကျူပ်လေချွန်ပြီး အချက်ပြမှာကို စောင့်နေကြတယ်။

(အသံ။ လက်ဖြင့် လေချွှန်လိုက်သံ)

ဂျို။ ။လမ်းတဖက်က လူနှစ်ယောက် ပြေးထွက်လာတယ်။ ပြီးတော့ မုတ်ဆိတ်ရိတ်ဆိုင်ထဲက ထွက် လာတဲ့တစ်ယောက်ကိုလည်း တွေ့လိုက်ရတယ်။ သူ့လက်ထဲမှာ တစ်ခုခု ပါလာတယ်။ သူက မနက်စောစောနေရောင်အောက်မှာ တစ်ခုခုကို ကိုင်လာပုံရပြီး ကျွန်တော့်မျက်စိတောင် ကျိန်းသွားတယ်။

ပရီရာ။ ။ ခင်ဗျား ဒီလမ်းလာမယ်ဆိုတာ သိပုံပဲ။ ငါတို့က စောင့်နေတာပေါ့။

ဂျို။ ။ အခုတော့ သူတို့လက်ထဲ ဘာလဲဆိုတာ သိပြီ။ အိုး … ကြီးမားလိုက်တဲ့ ကပ်ကြေးကြီး ပါလား။ (အသံ ကျယ်ကျယ်ဖြင့်) ဆမ် … ကျူပ်ကို ဒီလိုလာပြီး မကြိုးစားပါနဲ့ဗျာ။ နောက်ပြန်ဆုတ်ဖို့ ပြောလိုက်ပါ။

ပရီရာ။ ။ ခင်ဗျားမိတ်ဆွေတွေကို ပြောလို့ ဘယ်ရပါ့မလဲ။ ငါတို့က မင်းမုတ်ဆိတ်ရိတ်ဆိုင်မှာ ကုန်မယ့် ပိုက်ဆံတွေကို သက်သာအောင်လို့ပါ။ ငါတို့က ငါတို့အလုပ်လုပ်မယ်၊ မင်း ဘာမှ မဆုံးရှုံးစေရပါဘူး။

ဂျို။ ။ အဲဒါ ဥပဒေကိုလိုက်နာတဲ့ နည်းလားခင်ဗျာ။

ပရီရာ။ ။ ဟောဒီ ငါ့မိတ်ဆွေတွေက လူကောင်းသူကောင်းတွေပါ။ သူတို့က ရပ်ရွာအရေးကိစ္စတွေရဲ့ ကောင်းရာကောင်းကျိုးကို ထမ်းရွက်နေကြသူတွေပါ။ ဘာဥပဒေမှ မညိစွန်းတဲ့ အရာတွေကို လုပ်ကို လုပ်ရမှာပဲ။

ဂျို။ ။ ဆမ် … ထိခိုက်အောင် လုပ်တာကျတော့ရောဗျာ။

ပရီရာ။ ။ အိုး … မလုပ်ပါဘူး။ ညှပ်ရုံကလေးပါ။ တစ်မိနှစ်လောက်ကလေးပါ။ ခင်ဗျား အေးအေးဆေးဆေးသာ နေစမ်းပါ ဂျို။

ဂျို။ ။ ခင်းဗျားတို့ … သူပြောတာကို နားထောင်ရင် အမှားလုပ်တာပဲ။ မင်းတို့ကို ငါ ဘာများ လုပ်မိလို့လဲ။ ငါ လုပ်ခဲ့သလား။ ငါလှည်းဆီ ပြန်သွားပါရစေ။ ပြဿနာ ရှင်းသွားပါ၇စေ။

ပရီရာ။ ။ ပြောစရာမရှိတော့ဘူး။ သူ့ကိုချူပ်ထား …

(အသံ။ ။ တိုက်ခိုက်ကြသံ၊ထိုးသံ ကြိတ်သံ ကနောက်ခံမှာပေါ်နေ)

ဇတ်လမ်းပြောသူ။ ။သူ့လည်ပင်းမှာ သူတို့လက်တွေ ၀ိုင်းရံလို့

သူ့ဒူးခေါင်းကို နောက်က တစ်ယောက်က ရိုက်တော့

သူလဲကျသွားပြီ။ မှောက်ကျ သွားရှာပြီ။

သူ့မျက်နှာကတော့ …

တင်းမာ ခေါင်းမညွတ် … အကူအညီမဲ့ …

(အသံ။ ။ကပ်ကျေးညှပ်သံ)

ဇတ်လမ်းပြောသူ။ ။ကပ်ကြေး အသွားကထက်ထက်

ကပ်ကြေးအသွားနှစ်ခုရဲ့ ဖွင့်လိုက် ပိတ်လိုက်

သံမဏိဓားသွား နှစ်ခု ဟစိ ဟစိ …

(အသံ။ ။နောက်ခံမှာ ကပ်ကြေးအသွားသံ ညံနေ)

ဇတ်လမ်းပြောသူ။ ။ကပ်ကျေးကို ကိုင်ထားတဲ့ လက်က

လူ့ခန္ဓာကိုယ် တစ်ခုကို ဆုတ်ကိုင်ထား

ထိုခန္ဓာနဲ့ ဆက်နေတဲ့မျက်နှာက တင်းမာပြီး မာကြောပါ့။

အို ဘယ်လိုမှ သဘာဝမကျပါဘူး …

နောက်ဆုံးမှာတော့ … …

(သံပြိုင် ။ အဝေးမှ တဟေးဟေး နှင့် ဟစ်ကြွေးသံ)

ဇတ်လမ်းပြောသူ။ ။သွက်လက်ပြီး နာကျင်စရာ ကောင်းလှတဲ့ အမှတ်ရစရာ

အဲဒီ ဝေးဟေးဟေး သီချင်း

ရူးသွပ်သွားတဲ့ မြို့က

ကလေးဆန်တဲ့ သီချင်းပေါ့။

(ဂီတ။ ။ သံပြိုင် ဟစ်သံက ဇာတ်လမ်းပြောသူနောက်မှာ တိမ်ဝင်သွား၊ နောက်ခံမှာတော့ ရှိနေဆဲ။)

ပရီရာ။ ။ (ပြန်ဝင်လာ) မင်းတို့ ဘာ စောင့်နေကြတာလဲ။ ဘာ စောင့်နေကြတာလဲကွ။ ငါ ဘာအမွေးမှ လေထဲ လွင့်လာတာ မတွေ့ပါလား။

ဇတ်လမ်းပြောသူ။ ။အိုး … ရုတ်တရက်ဆိုသလိုပဲ

မည်ကဲ့သို့ လုပ်လိုက်သည် မသိ

သူ လွတ်မြောက်သွားပြီ။

သူ့သားရဲ့ ဓါးက သူ့အကျီအိတ်ထဲမှာ ရှိတယ်

အဲဒီဓါးပေါ့ သေချာ သွေးထားတာ

အခု သူ့လက်ထဲမှာ …

ပရီရာ။ ။ ဓါးကို လွှတ်ချလိုက်စမ်း။ တော်ပြီ။ တော်ပြီ။ ချထားလိုက်။

ဂျို။ ။ (မောဟိုက်စွာ…) ခင်ဗျား သူတို့ကို မပြောမချင်း….

ပရီရာ။ ။ ခင်ဗျား..ဓါးကို ချမလား၊ ကျူပ် ပစ်လိုက်ရမလား။ ကျူပ် တကယ်ပြောနေတာ ဂျို။

ဂျို။ ။ သူတို့ကို ဖယ်ခိုင်းလိုက်ပါ။ ဒါဆို ပြီးပြီ။

ပရီရာ။ ။ ဂျို ဓါး …

ဂျို။ ။ ဒါ ငါ့သားရဲ့ ဓါးကွ။

ပရီရာ။ ။ဒါကို သက်သေအဖြစ် ငါယူထားမယ်။ ဓါးကို ချလိုက်ပါ။ ဖစ်ခ်ျဘတ်ရဲကို တိုင်ရမယ်။

ဂျို။ ။ သူတို့ထပ်ပြီး မနှောက်ယှက်တော့ပါဘူး ဆိုတာ ခင်ဗျား အာမခံသလား။ ခင်ဗျားက ကျူပ် မုတ်ဆိတ်မွေးတွေဖြတ်ဖို့ စိတ်ကူးရင်တော့ ကျူပ်ကို အရင်ပစ်လိုက်ပါ။

ပရီရာ။ ။ ငါ ကတိ တည်ပါတယ်။

ဂျို။ ။ ကောင်းပြီ။

(အသံ။ ။ဓါးမြေကြီးပေါ်ကျသွားသံ)

ဂျို။ ။ ဆမ် … ခင်ဗျားဟာ ရယ်စရာကောင်းတဲ့ လူတစ်ယောက်လို့ မသိထားပါဘူးဗျာ၊ ဒါပေမယ့်

တကယ်ပဲ ခင်ဗျားက ရယ်စရာကောင်းတဲ့လူပါပဲ။ ကျွန်တော်သာ အရမ်းစိတ်မဆိုးဘူး ဆိုရင် ဒါဟာ ဒီမြို့ကလေးမှာ ရယ်စရာအဖြစ်ဆုံး ဖြစ်သွားမှာပဲ။

ပရီရာ။ ။ နောက် လှည့်ပါ။

ဂျို။ ။ ဘာကြောင့်လဲ။ ကျွှန်တော် ဘာ အပြစ် လုပ်သလဲ။

ပရီရာ။ ။ သေစေလိုတဲ့ လက်နက်နဲ့ အပြစ်မဲ့တဲ့ ပြည်သူတွေကို တိုက်ခိုက်မူ။

ဂျို။ ။ (အကြောင်းပြချက်မှာ အလွန်ရယ်စရာကောင်းတာကြောင့် ဂျိုမှာ မထိန်းနိုင်ပဲရယ်။ ရယ်လိုက်သောအသံမှာ ရူးသွပ်သွားမတတ်ပင် ဖြစ်လာကာ တဖြေးဖြေးရယ်သံမှသည် ငိုကြွေးသံအဖြစ် ရောက်သွားသည့်တိုင် ဖြစ်သွား)

သီချင်းဆိုသံ။ ။ (ဖုံးလွှမ်းသွား)

သူ့ကို ထောင်ထဲကို အလျင်စလို ထည့်လိုက်ကြ

သူ ဘယ်တော့ နောင်တရမလဲ

ဒါပေမယ့် သူ့မုတ်ဆိတ်က ရှည်သထက်ရှည်

ထူသထက် ထူ

အချိန်တွေက ကြာသည့်ထက် ကြာ။

(ဂီတ။ ။ဂီတာသံ ဆုံးသွား….)

အခန်း ၆

ဂျို။ ။ ထပ် ပြောမယ် … ကျူပ် အဖြေက … နိုး … နိုး … နိုး …

ရက်ဘက်ကာ။ ။ ရှင် ခေါင်းမာနေတုန်းပဲလား။ ဒဏ်ငွေက ၂ ဒေါ်လာထဲပါ။

ဂျို။ ။ ဒီ့ထက်လျော့ပေးလည်း ငါ ပေးမှာမဟုတ်။

ရက်ဘက်ကာ။ ။ ကောင်းပြီလေ။ ရှင်က မပေးဘူး ဆိုတော့ ဒီမှာ နေရမှာပေါ့။ ထောင်ထဲမှာ နေသွားရ တော့မှာပေါ့။

ဂျို။ ။အို … ဒီ တမြို့လုံး အသိပြန်ဝင်သွားသည့်တိုင်အောင် ပေါ့ကွယ်။ သူတို့ ဘာလုပ်နေတယ်ဆိုတာ မင်းကော သဘောပေါက်ရဲ့လား။ သူတို့က ငါ့ကို အသရည်ပျက်အောင် စော်ကားမူနဲ့ ဒဏ်ကြေးပေးခိုင်းတာ။ သူတို့ ၃ ယောက်က ငါ့ကို ဆော်ကြတာလေ။ ဆမ်ပရီရာရဲ့ အစီအစဉ်ပေါ့။ မင်းက ငါ့ကို သူတို့ရှေ့ လေးဖက်ထောက်စေချင်လို့လား။

ရက်ဘက်ကာ။ ။ ကျွန်မကတော့ ကျွန်မယောင်္ကျား၊ ကျွန်မကလေးတွေရဲ့ ဖခင်ဟာ အိမ်ကို ပြန်စေချင်တာ ပါပဲရှင်။

ဂျို။ ။ အော် ငါကရော မပြန်ချင်ဘူးလို့ မင်းက ထင်နေတာလားကွယ်။ ငါက ဟောဒီ တိုက်ခိုက်မူကြောင့် ထောင်ကျနေတာ မဟုတ်ဘူးကွဲ့။ စော်ကားမူတဲ့။ သူတို့က ငါ့မုတ်ဆိတ်တွေကို အဓိက ထားတာကွဲ့။

ရက်ဘက်ကာ။ ။ အခုထိ ရှိနေသေးတာကိုး။ ဒါဆိုလည်း ရှင်ထောင်ကျနေတာ ဘာကောင်းတာ ရှိလို့လဲ။ ကျွန်မ ဆမ်ပရီရာဆီ သွားပြီး ပိုက်ဆံသွားပေးလိုက်တော့မယ်။

ဂျို။ ။ ငါ မင်းကို ဘာမှ ထပ်မပြောတော့ဘူး။

ရက်ဘက်ကာ။ ။ ဂျူိးဇက်?

ဂျို။ ။ မှတ်ထားစမ်း ရက်ဘက်ကာ။ ငါ အနည်းဆုံး နှစ် ၄၀ လောက် ထပ်နေသွားဖို့ မျှော်လင့်ထား တယ်။ အဲဒီ နှစ် လေးဆယ်ဟာ မင်းနဲ့ငါကြားမှာ တိတ်ဆိတ်စွာနဲ့ ကုန်လွန်ရတော့မယ်။

ရက်ဘက်ကာ။ ။ ကလေးကလား ဆန်လိုက်တာရှင်။ ရှင့်သားသမီးတွေက ရှင့်ကို အလိုရှိကြတယ်လေ။

ဂျို။ ။ အခု လုပ်တာ ငါ့အတွက် ဟုတ်ပါတယ်။ ဒါပေမယ့် ဒါဟာ မင်းအတွက်ရော သူတို့လေးတွေအတွက်ရော ပါ ပါတယ်။ ငါကတော့ မင်း မနေ့ညနေက သဘောပေါက်သွားပြီလို့ ထင်ခဲ့တာ။

ရက်ဘက်ကာ။ ။ ကျွန်မက ရှင့်ကို ဟောဒီလို နေရာမျိုးမှာ မနေစေချင်ဘူးလေ။

ဂျို။ ။ နားထောင်စမ်း … အခု ငါဟာ ဖစ်ခ်ျဘတ်မြို့မှာ ရှက်ဖွယ်အကောင်းဆုံး လူတစ်ယောက်ဖြစ်သွားတယ်။ ငါ ဒီမှာ ဆက်နေသွားမယ် … သူတို့ကျွေးတာ စားပြီး နေသွားမယ် … သူတို့ဒဏ်ငွေကို မရုပ်သိမ်းမချင်း၊ ငါနံမယ်ကို သူတို့စာရင်းထဲက မထုတ်ပစ်မချင်း။

ရက်ဘက်ကာ။ ။ သူတို့ကလည်း ရှင့်လိုပဲ ခေါင်းမာကြတယ်ရှင့်။

ဂျို။ ။ ဖြစ်ကောင်း ဖြစ်မှာပေါ့လေ။

ရက်ဘက်ကာ။ ။ သူတို့အဖေကို ဘယ်တော့ တွေ့ရမလဲ။

ဂျို။ ။ အချိန်မရွေး ဒီကို ခေါ်လာခဲ့ပါ။

ရက်ဘက်ကာ။ ။ ဒီကို ? ဒီထောင်ထဲကို ? … ဂျိုဇက်… စဉ်းစားပါဦးရှင်။

ဂျို။ ။ သူတို့က ဒီအကြောင်းတွေသိရင် ဂုဏ်ယူကြမှာပါ။ အိုး … မင်း သူတို့ကို ရှင်းပြလိုက်ပါ။

ရက်ဘက်ကာ။ ။ ဘယ်လို … ဒီဟာ ဘယ်လောက်ကြာမယ် ထင်သလဲ။

ဂျို။ ။ တကယ်ပြောတာပါ။ သိသင့်ပါတယ်။ ငါထင်ပါတယ် … နေ့ရက်တွေ ရက်သတ္တပတ်တွေ ကြာလာရင် …

ရက်ဘက်ကာ။ ။ ကျွန်မ မနက်ဖြန်လာမယ်။ ကျွန်မ ရှင် အရမ်းကြိုက်တဲ့ စွပ်ပြုပ်ယူလာမယ်။

ဂျို။ ။ မယူလာပါနဲ့။ မင်း ဘာအစာ တစတောင်မှ ယူမလာရဘူး။ ဒါကို မှတ်ထားပါ။ ဟောဒီမြို့က ပိုက်ဆံနဲ့ ငါ့ကို ကျွေးပါလေ့စေ။

ရက်ဘက်ကာ။ ။ ဒါပေမယ့် … ရှင့်အတွက် ကောင်းမွန်ပြီး အာဟာရရှိတဲ့ အစာ လိုအပ်တယ်။ ကျွန်မ ရှင့်ကို သူတို့ကျွေးတာတွေ ရှင့်ကို စားဖို့ ခွင့်မပြု…

ဂျို။ ။ မင်းသာ လာခဲ့ပါ ရက်ဘက်ကာ။ မင်းပဲ လိုအပ်ပါတယ်။ မင်းဟာ ငါ့အတွက် အလိုအပ်ဆုံး အာဟာရပါပဲ။

ဇာတ်လမ်းပြောသူ။ ။ သဖန်းပင်လေးက အစောင့်တာဝန်ကို ယူလို့

ထောင်ကြီးရဲ့ အပြင်ဘက်က လမ်းပေါ်မှာပါ

သူ့ရဲ့ခြောက်သွေ့ အညိုရောင်သန်းနေတဲ့

သစ်ရွက်ကလေးတွေက လွင့်ပါးနေ

ဟောဒီ ကော်ဇော်ကမ္ဗလာမြေပေါ်ကို

သူတို့လေးတွေခရီးနှင်နေ

မမျှော်လင့်တဲ့ ညလေပွေက ရုတ်တရက် အဝှေ့

ဒါဟာ ဆောင်းရာသီကို တိတ်ဆိတ်စွာ ကြိုဆိုလိုက်ပြီ။

(သီချင်းသံ။ ။ဂီတာသံကတိမ်ဝင်သွား။)

ရက်ဘက်ကာ။ ။ ရှင့်အတွက် ဒီစောင်တွေတော့ လိုမယ်။

ဂျို။ ။ သူတို့ငါ့ကို ပေးပါတယ်။

ရက်ဘက်ကာ။ ။ အဲဒါတွေက ဒီဟာလောက် မနွေးဘူးလေ။

ဂျို။ ။ ငါ မချမ်းပါဘူး။

ရက်ဘက်ကာ။ ။ ကျွန်မက ရှင် အအေးမိသွားမှာကို စိတ်ပူနေရမယ်ပေါ့။

ဂျို။ ။ ဘက်ကီရယ် မလုပ်ပါနဲ့။ ဒီလောက် စိတ်မပူပါနဲ့။

ရက်ဘက်ကာ။ ။ ရှင် ကျွန်မဘက် လှည့်စမ်းပါ။

ဂျို။ ။ ငါဘာဖြစ်လို့…

ရက်ဘက်ကာ။ ။ လာစမ်း၊ လာစမ်း၊ လာစမ်း …

ဂျို။ ။ ဘာဖြစ်…

ရက်ဘက်ကာ။ ။လာပါ လှည့်စမ်းပါ။

ဂျို။ ။ ငါ မင်းကိုကြည့်ပါပြီ။

ရက်ဘက်ကာ။ ။ ရှင် ကျွန်မကို တည့်တည့် မကြည့်ဘူး။ ကဲ … ဘာ ဖုံးကွယ်ထားသလဲ။

ဟင် … ရှင့်ကို ဘယ်သူ လုပ်လိုက်သလဲ။ ကျွန်မကို ပြောစမ်း ဂျိုးဇက်။

ဂျို။ ။ အဲဒါ မတော်တဆ ဖြစ်တာပါ။ ငါ ချော်လဲပြီးတော့ … အဲဒါပဲ။

ရက်ဘက်ကာ။ ။ကျွန်မကို ကြည့်ပါ။ ကျွန်မကို ရှင် ပြောတာ အမှန်တွေဆိုတာ ပြောစမ်းပါ။

ဂျို။ ။ ဒါမျိုး နောက်ထပ် မဖြစ်စေရပါဘူး။ သေချာပါတယ်။

ရက်ဘက်ကာ။ ။ နောက်တခါ ထပ်မလဲကျဘူးလို့ ရှင်က သေချာနေတယ်ပေါ့။

ဂျို။ ။ အို..အမှန်ကတော့..လဲကျတာ မဟုတ်ပါဘူး။

ရက်ဘက်ကာ။ ။ကျွန်မ သိသားပဲ။

ဂျို။ ။ မနေ့က သူတို့က အကျဉ်းသားနှစ်ယောက် ခေါ်လာတယ်။ အိုး … မေ့လိုက်ပါ။ ငါမှာထားတဲ့ စက္ကူနဲ့ ဘောပင်ပါလား။

ရက်ဘက်ကာ။ ။ အဲဒီ အကျဉ်းသားတွေက ဘာလုပ်ဖို့လဲ။

ဂျို။ ။ စက္ကူ ဘယ်မလဲ။

ရက်ဘက်ကာ။ ။ကျွန်မ အဖြစ်မှန်ကို မကြားရမချင်း …

ဂျို။ ။ အင်း … ဒီလိုပါ … သူတို့က လူကောင်းတွေပါ။ တကယ်ပါ။ ဆမ်ပရီရာက သူတို့ကို မုတ်ဆိတ်ရိတ်တဲ့ဓါးနဲ့ ဆပ်ပြာပေးလိုက်တာကလွဲလို့ပေါ့။ သူတို့က ငါ့ကို မုတ်ဆိတ်ရိတ်ချင်ကြရာက ရုန်းရင်းဆန်ခတ် ဖြစ်ကြတာပါပဲ။

ရက်ဘက်ကာ။ ။ အဲဒီလိုကြောင့် ရှင့်ဘယ်ဘက်မျက်လုံးအောက်မှာ ဖူးရောင်နေတာကိုး။

ဂျို။ ။ သူတို့လည်း ရောင်ကိုင်းသွားပါတယ်ကွယ်။

ရက်ဘက်ကာ။ ။ အိုး … ကျေနပ်စရာပေါ့လေ။

ဂျို။ ။ ကဲ ပေးစမ်းပါ … စာရွက်နဲ့ ဘောပင်။

ရက်ဘက်ကာ။ ။ ဒီမှာ …

ဂျို။ ။ကောင်းပြီ။

ရက်ဘက်ကာ။ ။ ရက်တွေ ရက်သတ္တပတ်တွေ ကြာဦးမှာလားရှင်။

ဂျို။ ။ ငါ သိပါတယ်ကွယ်။

ရက်ဘက်ကာ။ ။ အခုဆိုရင် ၃ ပတ် နီးပါး ရှိပြီ။ နောက်ထပ် ဘယ်လောက်ကြာဦးမှာလဲ ရှင်။

ဂျို။ ။ အဲဒါကြောင့် မင်းဆီက စာရွက်နဲ့ ဘောပင် တောင်းတာပေါ့။

ရက်ဘက်ကာ။ ။ အဲဒါ ဘာအဓိပ္ပါယ်လဲ ရှင်။

ဂျို။ ။ ငါ့အဖြစ်တွေကို ချရေးမလို့ပေါ့။

ရက်ဘက်ကာ။ ။ ၂ဒေါ်လာနဲ့သာဆို ကျွန်မတို့ … (ရုတ်တရက်) ရှင် ဘာလုပ်မယ်?

ဂျို။ ။ မင်း မနက်ဖြန်လာရင် ငါရှင်းပြမယ်။

ရက်ဘက်ကာ။ ။ ဂျိုးဇက်… ကျွန်မ ရှင့်ဆီကို တစ်ပတ်တစ်ခါပဲလာဖို့ ဆုံးဖြတ်လိုက်ပြီ။ ဒါမှ … ဟောဒီအဖြစ် ကြီးတစ်ခုလုံး အဆုံးသတ်ရင် သတ်သွားနိုင်တယ်။

ဂျို။ ။ ငါ့အစီအစဉ်သာ အလုပ်ဖြစ်ရင်… (စကားဖြတ်ပြော) မင်း ဘာပြောတယ်ဆိုတာ သိကော သိရဲ့ လား။

ရက်ဘက်ကာ။ ။ ကျွန်မ သေချာ စဉ်းစားပြီးပြီရှင့်။ ရှင်က ရှင့်ရဲ့ဥပဒေသတွေအတိုင်း ရပ်တည်၊ ကျွန်မက အဲဒါကို ဂုဏ်ယူနေမယ်။ တကယ်ပါရှင် ကျွန်မ ဂုဏ်ယူပါတယ်။ ဒါပေမယ့် အခုအချိန်ဟာ မိသားစု တစည်းတလုံးထဲ ပြန်ဖြစ်ဖို့ပဲ။

ဂျို။ ။ မင်း မနက်ဖြန်လာရင် …

ရက်ဘက်ကာ။ ။ (တင်းမာစွာ) ကျွန်မ မလာဘူး။

ဂျို။ ။ ဒီမှာ … ဒါဟာ ခဲယဉ်းမှန်း သိပါတယ်။ ဒါပေမယ့် ငါက အဲဒီ နောက်တစ်နေ့ကို ထပ်ပြောဦးမှာပဲ။ အဲဒီ တစ်နေ့ပါပဲကွယ်။ အများကြီး မတောင်းဆိုပါဘူး။ ဟုတ်တယ်မလား။ မင်းလာမယ်လို့ ပြောစမ်းပါ။

(ဗုံသို့မဟုတ်ဒရန် တီးလိုက်သံ)

ရက်ဘက်ကာ။ ။ ရှင်နဲ့ မတန်ဘူး။

ဂျို။ ။ အိုး… နောက်ရှိသေးတယ်။

ရက်ဘက်ကာ။ ။ ဘာတုန်း …

ဂျို။ ။ အင်း..မင်း မနက်ဖြန်လာရင် မင်းအတွက် မနက်စာပါယူခဲ့။

ရက်ဘက်ကာ။ ။ အခုတော့ ထောင်စာကို ငြီးငွေ့ပြီပေါ့လေ။

ဂျို။ ။ ငါ့အတွက် မဟုတ်ဘူး။ မင်းအတွက်ပါ။

ရက်ဘက်ကာ။ ။ ကျွန်မအတွက်?

ဂျို။ ။ အင်း … မင်း လာပြီး ပြန်သွားတဲ့အခါ … မင်း ဝေါ့ဆက်စ်စတာကို သွားပေးဖို့ ငါမျှော်လင့်ပါတယ်။

ရက်ဘက်ကာ။ ။ အဲဒါ ဘာအတွက်လဲ ရှင့်။ ကျွန်မတို့ သိတာ ဘယ်သူရှိလို့လဲ။

ဂျို။ ။ အဲဒီမှာ သတင်းစာရှိတယ်လေ။ ငါရေးထားတာကို သူတို့ကို မင်းက သွားပေးစေချင်တယ်။

ရက်ဘက်ကာ။ ။ ဂျိုးဇက်ပါးလ်မား … ကျွန်မက တကမ္ဘာလုံးကို ကြေငြာမယ်လို့များ ရှင်က ထင်နေသလား။

(အသံဝင်သွား) ကျွန်မမှာ စောင့်ရှောက်ရမယ့်လယ်ရယ် ကလေးတွေရယ်ရှိတဲ့အပြင် ထမင်းဟင်းချက်ဖို့၊ အိမ်သန့်ရှင်းရေး ထိမ်းသိမ်းရေးစတာတွေ … ရှင်သိဖို့ကောင်းတာက ဒါ့အပြင် ရှင်က …

(သီချင်းသံ။ ။သီချင်းတီးလုံးသံပေါ်လာ..)

သီချင်းဆိုသူ။ ။ထောင်ထဲကနေ သူ့အကြောင်းတွေ ပေါ်ထွက်လာ

သူတို့ရေးသားကြတာတွေက ထွက်ပေါ်လာ

ဂျိုကပြောတော့….ဒီမြို့ကလေးမှာ

လွတ်လပ်ခြင်း တည်မြဲသွားဖို့ပါတဲ့။

(သီချင်းသံ။ ။တီးလုံးသံ)

အခန်း – ၇

(အသံ။ ။တံခါးခေါက်သံ)

ပရီရာ။ ။ ကျွန်တော်က ဆမ်ပရီရာပါ။ ဟောဒါက ဘုန်းတော်ကြီး ထရပ်စ်။ မစ္စစ်ပါးလ်မား ရှိပါလား။

(အသံ။ ။တံခါးဖွင့်သံ)

ရက်ဘက်ကာ။ ။ထိုင်ပါရှင်။

တရပ်စ်။ ။ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က မကြာပါဘူး။

ပရီရာ။ ။ ဒီလိုပါ။ ကျွန်တော်တို့က ခင်ဗျားကို …

တရပ်စ်။ ။ ငါပဲ ပြောလိုက်ပါ့မယ် ဆမ်။

ပရီရာ။ ။ ကောင်းပါပြီ ဘုန်းတော်ကြီးခင်ဗျား။

တရပ်စ်။ ။ မစ္စစ်ပါးလ်မား၊ ငါက မင်းကို အသိစိတ်ရှိတဲ့သူ၊ ကျိုးကြောင်းဆင်ခြင်တတ်တဲ့သူလို့ သိထားတာ။ ဒါပေမယ့် မင်းလုပ်ခဲ့တာတွေက ငါ့ကို တွေဝေသွားစေတယ်ကွဲ့။

ရက်ဘက်ကာ။ ။ ရှင်းပါဦး ရှင်။

ပရီရာ။ ။ ဘာလို့ ငါတို့ပါလာအောင် လုပ်ရတာလဲ။ မစ္စစ်ပါးလ်မား၊ ဖစ်ခ်ျဘတ်က ရဲအဖွဲ့ရဲ့ သဘောအရ ပြောရရင်….

ထရပ်စ်။ ။ ရဲတွေ ဘာတွေနဲ့ သူ့ကို ငါတို့ မကိုင်တွယ်သင့်ဘူးကွဲ့။ ဒီနေ့လာတာ မိတ်ဆွေတွေလို လာလည်တဲ့ သဘောပါ။ အိမ်နီနားချင်း အချင်းချင်း လာလည်သလိုပေါ့ …

ရက်ဘက်ကာ။ ။ ဟုတ်ကဲ့ အဲဒါ သံသယ မရှိပါဘူးရှင်။

တရပ်စ်။ ။ အင်း … မင်း ယောင်္ကျား …

ရက်ဘက်ကာ။ ။ အိုး သူက အင်မတန် ခင်စရာကောင်းတဲ့ သူပေါ့။

တရပ်စ်။ ။ အဲဒီလို ဆိုလိုတာ မဟုတ်ဘူးကွ။

ရက်ဘက်ကာ။ ။ (ခေါင်းမာစွာ) အိုး … သူက ခင်စရာ ကောင်းပါတယ်ရှင်။

ပရီရာ။ ။ ဘုန်းတော်ကြီးခင်ဗျား … လိုရင်းကို မရောက်တော့ဘူး။

တရပ်စ် ။ ။ ငါ ဆိုလိုတာက မိတ်ဆွေအချင်းချင်း ဆွေးနွေးပြီးတော့ ပြောဆိုကြရမယ့် သဘောပါ။

အခုဟာက … မင်း ယောင်္ကျားက ယုတ်ညံ့ပြီး ဆဲဆိုထားတဲ့ ဆောင်းပါးတွေကို ရေးနေတယ်ကွ။ သူ့ဟာတွေက သတင်းစာတွေမှာပါပြီး စာဖတ်ပရိသတ်ကို စော်ကားနေတယ်။

ရက်ဘက်ကာ။ ။ ဂျိုးဇက်အတွက် ကောင်းတာပေါ့ရှင်။

တရပ်စ်။ ။ ငါ မင်းဆီက ဒီလို တုန့်ပြန်လိမ့်မယ်လို့ မျှော်လင့်မထားဘူး။

ရက်ဘက်ကာ။ ။ ဘာကို မျှော်လင့်ထားသလဲရှင့်။

တရပ်စ်။ ။ ငါတို့က ဒါကို တားဆီးချင်တယ်။ ဒီ လေးစားစရာကောင်းတဲ့ ဖစ်ခ်ျဘတ်မြို့ကလေးကို ဆန့်ကျင်တဲ့လုပ်ရပ်ကို တားဆီးချင်တယ်။ သူ့ကို နောက်ထပ်ဒီလိုမျိုး ရေးသားဖို့ ဘာကိရိယာမှ ခွင့်မပြု တော့ဘူး။ အဲဒီလိုရေးသားဖို့ကိရိယာတွေကိုယူပေးတဲ့ ဘယ်သူ့ကိုမဆို (ယင်းနေရာတွင်ဆောင့်ပြော) အရေးယူမယ်။

ပရီရာ။ ။ အဲဒါမင်းပဲ မစ္စစ်ပါးလ်မား။

ရက်ဘက်ကာ။ ။ အဲဒါ ကျွန်မဆီက ကြားချင်တာလားရှင်။ (၎င်းတို့နှစ်ဦးအား ဦးတည်၍ပြော) ရှင်တို့ ကျွန်မပြောတာ နားထောင်ပါ။ ကျွန်မ ယောင်္ကျားဟာ လပေါင်းများစွာ ဘာအပြစ်မှမရှိဘဲ အဖမ်းခံထားရတယ်ရှင့် … အခုဆိုရင် ၇လ နီးပါးရှိပြီ။

အခု ရှင်တို့က ကျွန်မကိုလာပြီး ခြိမ်းချောက်ကြပြန်တယ်။ ရှင်တို့က မိတ်ဖြစ်ဆွေဖြစ်လို့ ဆိုလိုက်သေးတယ်။ ကျွန်မကို ဖမ်းလေ။ ဘယ်ပြစ်မှုနဲ့ ဖမ်းမလဲ။ ကျွန်မကိုပြောပါ … ကျွန်မ ဘာဥပဒေကို ချိုးဖောက်ခဲ့သလဲ။ ဘယ်မလဲ … ဖစ်ခ်ျဘတ်မြို့ရဲ့ အခြေခံဥပဒေ။ ဘယ်မလဲ … ဖစ်ခ်ျဘတ်မြိုရဲ့ တရားဥပဒေ။ အဲဒီမှာ ဆိုထားသလားရှင့် … အကျဉ်းသားတစ်ယောက်က သူရေးချင်တာ မရေးရဘူးလို့။ ရှင်တို့ တယူသန်ပြီး လူတစ်ယောက်ကို နာကျင်အောင် လုပ်ခဲ့ကြတာ မလုံလောက်သေးဘူးလား။ ဘယ်မှာများ သူ့သဘောနဲ့သူ မုတ်ဆိတ်မွေးထားတာကို မထားရဘူးလို့ ဥပဒေရှိပါသလဲရှင်။

ပရီရာ။ ။ သူ အဖမ်းခံရတာ အပြစ်မရှိတဲ့သူတွေကို ဓါးနဲ့ခြိမ်းချောက်လို့ကွ။

ရက်ဘက်ကာ။ ။ အဲဒါ ညာပြောတာ … ရှင်တို့သိပါတယ်။ သူထောင်ထဲ ရောက်သွားတာဟာ ဘယ်သူကမှ သူတပါးနဲ့ ကွဲလွဲချင်တဲ့ သူ့ဘက်က မရပ်တည်ခဲ့ကြလို့ပဲ။ မတူညီဘူး ဆိုတာ မကောင်းတာမှ မဟုတ်ဘဲရှင်။ ပျော်ရွှင်ခြင်းနောက်ကို လိုက်တယ်ဆိုတာဟာ တလမ်းတည်းအတိုင်း သွားရမယ်လို့မှ မဟုတ်တာပဲရှင်။ ကျွန်မ အခုလေ ဆုတောင်းတယ်၊ ကျွန်မ ယောင်္ကျားလေး ဖြစ်ပါစေ.။ ဟောဒီဲတမြိုလုံးကို လွှမ်းခြုံသွားလောက်တဲ့ မုတ်ဆိတ် အရှည်ကြီးထားမယ်။ ကျွန်မ တကယ်တော့ မုတ်ဆိတ်ကို လုံးဝ သဘောမကျပါဘူးရှင်။ ဒါပေမယ့် ကျွန်မ အခု ဂျိုးဇက် ဘာ ဆိုလိုတယ်ဆိုတာကို ပထမဦးဆုံးအကြိမ် သဘောပေါက်သွားပြီ…

သူ့အခွင့်အရေးကို မရတာဟာ ဟောဒီမြို့ကလေးမှာရှိတဲ့ လူတွေအားလုံးရဲ့ အခွင့်အရေးတွေ ဆုံးရှူံးတာနဲ့ အတူတူပဲ။ (ဗုံသို့မဟုတ်ဒရန် တီးလိုက်သံ) နောက်တစ်ချက်ရှိသေးတယ် … လူကြီးမင်းများ ရှင် … အကယ်၍ ရှင်တို့က ကျွန်မ ဂျိုးဇက်ဆီသွားတဲ့အခါတိုင်း ရှာဖို့ပြင်ဆင်ထားရင် ကျွန်မ တကိုယ်လုံးရှာ ဖို့သာ ပြင်ထားပါ။ သူ့အတွက် စာရွက်နဲ့ေ၇းစရာ ရှိကိုရှိရမယ်။ ကဲ … ကျွန်မ မငိုမိခင် ရှင်တို့သွားဖို့ ကောင်းပြီ။ ကျွန်မ အကြာကြီးနဲ့ အားရပါးရကို ငိုချင်နေပြီ။

(သီချင်းသံ။ ။သီချင်းကဖုံးလွမ်းသွားပြီးနောက်..အသံပေါ်လာ..)

အခန်း – ၈

ဂျို။ ။ (တီးတိုးသံ) လှည့်မကြည့်နဲ့၊ ဆမ်က ကြည့်နေတယ်။

ရက်ဘက်ကာ။ ။ နောက်ရေးဖို့ စာရွက်ရှိသေးရဲ့လား။

ဂျို။ ။ (ရယ်လျက်)..မုတ်ဆိတ်မွေးရဲ့သမိုင်း ဆိုပါတော့..။ ပီကာဆို၊ ကော့တ်၊ ဒီဆိုတို၊ ပြီးတော့ အဲဒဲီခေတ်က ဘုရားဖူးပရိသတ်ကြီးတွေအားလုံး အားလုံးမှာ မုတ်ဆိတ်တွေရှိကြပါတယ်။ ဒါပေမယ့် မင်းအကြောင်းတွေ၊ မင်းဘုန်းတော်ကြီးထရပ်စ်နဲ့ ဆမ်တို့ကိုပြောခဲ့တာတွေ အများဆုံး ပါပါတယ်။

ရက်ဘက်ကာ။ ။အို … အဲဒါတွေ မရေးပါနဲ့ရှင်။

ဂျို။ ။ ရှူး … မင်းပြန်တဲ့အခါ ဆမ်က မင်းရဲ့ပိုက်ဆံအိတ်ကို ရှာလိမ့်မယ်။ အဲဒါကို ရှာပါလေ့စေ။

တနာရီလောက်ကြာလို့ မှောင်လာလိမ့်မယ်။ ငါ့ရေးထားတာတွေကို မင်းယူလာတဲ့ အိတ်အမည်းထဲကို ထည့်ပြီး ဟောဒီသံတိုင်ကြားက အောက်ကို ပစ်ချလိုက်မယ်။ မင်းလာပြီး ကောက်သွားပေတော့။

ရက်ဘက်ကာ။ ။ ဂျိုးဇက်.. ဘော့စတွန်က ကျွန်မဆီ စာရေးတယ်ရှင့်။ သူတို့က ရှင်ရေးတာတွေကို နယူးယောက်ကို ပို့ပေးလိုက်တယ်လို့ ပြောတယ်။

ဂျို။ ။အိုး .. ကောင်းလိုက်တာ။

ရက်ဘက်ကာ။ ။ မကြာမီ အရှေ့ပိုင်းတစ်ခုလုံး ရှင့်အကြောင်းတွေ ဖတ်ကြတော့မယ်။

ဂျို ။ အားတက်စရာပဲ။ ဒါပေမယ့် ငါထင်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း ဆိုတာက အခုဆိုရင် လပေါင်းများစွာ ရှိပြီပဲ။

ရက်ဘက်ကာ။ ။ ဒါတွေ မစဉ်းစားပါနဲ့တော့ ရှင်။

(ဗုံသို့မဟုတ်ဒရန် တီးလိုက်သံ)..

အိုး ကျွန်မရဲ့ ဂျိုးဇက် … အပြီးသတ်ရေးပေတော့။

(သီချင်းသံ။ ။သီချင်းသံကျယ်လာ။)

ဂျို။ ။(တီးတိုးသံဖြင့်) အဆင်သင့်ပါပဲ။

ရက်ဘက်ကာ။ ။ကျွန်မ အဲဒီနေရာမှာပဲ လာယူလိုက်ပါ့မယ်။

ဂျို။ ။ အခုအကြိမ်မှ မဟုတ်ပါဘူးလေ။ ဆမ်က သိပ်သင်္ကာတာ မဟုတ်ဘူး။ သူက အပြင်က ပြူတင်းပေါက်တည့်တည့်မှာ အစောင့်တစ်ယောက်ကို ချထားတယ်။

၇က်ဘက်ကာ။ ။ဒါဆိုလည်းရှင် ကျွန်မကိုသာ ပေးလိုက်တော့။

ဂျို။ ။အဲဒါက ပိုပြီး အန္တရယ် ….

ရက်ဘက်ကာ။ ။ သူက ကျွန်မ သယ်လာမယ်လို့ စဉ်းစားမိမှာ မဟုတ်ဘူးရှင့်။ သူက ညံ့လွန်းအားကြီးတယ်။ မြန်မြန်လုပ်၊ ကျွန်မ သူ့ကို လှည့်ကြည့်နေလိုက်မယ်။ အင်း … ဟုတ်ပြီ။ ကျွန်မ အဲဒါကို သေချာ ခေါက်သွားလိုက်မယ်။ အခုဆိုရင် ဦးထုတ်ထဲ ရောက်သွားပြီ။ ဦးထုတ်က ကျွန်မ ဦးခေါင်း မှာပေါ့။ ဟုတ်ပြီ။ အိုး … စိတ်လှူပ်ရှားစရာ ကောင်းလိုက်တာ။

သီချင်းဆိုသူ။ ။အို အခုတော့လေ.. ဒီမြို့ကလေးက နံမယ်ကောင်းနဲ့ ကြော်ကြားနေပြီ

သူတို့ကတော့ ဂျိုကို သူတို့ရဲ့ နံမယ်ဂုဏ်ကျက်သရေကို ညှိုးနွမ်းသွားစေသတဲ့

ဒီတော့ ဂျိုကို ပိတ်ထားတဲ့တံခါးကို ဖွင့်ပေးလိုက်ရပြီ

ဒါပေမယ့် အဖိုးကြီးဂျိုက မရွေ့ဘူးတဲ့ဗျား၊ လက်တစ်ဘက်တောင် မရွေ့ဘူးတဲ့။

အခန်း – ၉

(သီချင်းသံ။ ။ဂီတာသံအဆုံးသတ်သံ)

ပရီရာ။ ။ အခန်းတံခါး ဖွင့်လိုက်ပြီ။ ခင်ဗျား သွားနိုင်ပြီ။

ဂျို။ ။ ကျွန်တော် မသွားချင်ဘူး။ ကျွန်တော့်မိန်းမကို စောင့်မယ်။

ပရီရာ။ ။ ဒါပေမယ့် ဘယ်သူ့မှ မင်းကို ဒီမှာ အလိုမရှိဘူး။

ဂျို။ ။ ကျွန်တော်နေရတာ ကောင်းသားပဲ။ အစားအစာတွေက အကောင်းဆုံး မဟုတ်ပေမယ့်လည်း … အင်း … တကယ်တော့…

ပရီရာ။ ။ ဒါ အမိန့်ကွ။ မင်း သွားတော့။

ထရပ်စ်။ ။ အဲဒါ မင်း လိုချင်တာ မဟုတ်လားကွ။

ဂျို။ ။ အပြည့်အ၀တော့ မဟုတ်ဘူး။

ပရီရာ။ ။ မင်းက သံတိုင်တွေနောက်မှာ နောက် တစ်နှစ် နေချင်သေးလို့လားကွ။

ဂျို။ ။ ဒဏ်ငွေ ၂ ဒေါ်လာက ဘယ့်နှယ့်လုပ်မလဲ။

ပရီရာ။ ။ မင်းပေးစရာ မလိုတော့ဘူး။

ဂျို။ ။ ကျွန်တော့်နံမယ်က စာရင်းထဲ ပါနေတယ်ဆို။

ပရီရာ။ ။ အဲဒါ ငါ ဘာမှမလုပ်နိုင်ဘူး။ မင်းနံမယ် ငါဖြုတ်တယ်ဆိုတာဟာ ဥပဒေကို ဆန့်ကျင်တာပဲ။

ဂျို။ ။ (ရယ်လျက်) ခင်ဗျားက…? ဥပဒေကို စိုးရိမ်တယ် … ဟုတ်လား။

ထရပ်စ်။ ။ မင်းမှာ ငါ့ကို ဘာမှ တောင်းဆိုပိုင်ခွင့် မရှိဘူး။ ရဲက မင်းကို လွှတ်ပေးတယ်ဆိုတာဟာ တော်တော် သဘာကောင်းလို့ပဲ။

ဂျို။ ။ ကျွန်တော် မသွားဘူး။ ခင်ဗျား ကျွန်တော့်ကို သွားအောင် မလုပ်ပါနဲ့။

ထရပ်စ်။ ။ မင်းဟာ ငါတို့အားလုံးကို အပုပ်ချတဲ့ အကောင်။ ဖစ်ခ်ျဘတ်မြို့ဟာ လူရယ်စရာမြို့ဖြစ်နေတယ်။ မင်းက သားစဉ်မြေးဆက် ဒုက္ခပေးတဲ့ အကောင်။ မင်းက အခုထိတောင် လူ့အဖွဲ့အစည်းတစ် ခုလုံးနဲ့ အဆင့်အတန်းကို လှောင်ပြောင်နေဆဲပဲ။

ဂျို။ ။ ဘုန်းတော်ကြီးခင်ဗျား … အခုဆိုရင် ဘယ်သွားသွား အဲဒီလို ဖြစ်နေတာပဲ။

ထရပ်စ်။ ။ ဒီကိစ္စ ဒီတင်ရပ်။

ဂျို။ ။ ခင်းဗျားက ကျွန်တော့်ကို သတ်ပစ်မယ်ပေါ့။

ပရီရာ။ ။ မင်း ဒဲီကနေ ထွက်မသွားဘူးဆိုတာ သေချာတယ်ပေါ့။

ဂျို ။ ။ သေချာတာပေါ့။

ပရီရာ။ ။ ငါ မင်းကို နောက်ဆုံးအကြိမ် မေးမယ်။

ဂျို။ ။ ဆမ်ရေ… ခင်ဗျား ကျွန်တော့ကို ဒီနေရာမှာ ပစ်လိုက်ပါတော့။ ဟောဒီ နှလုံးသားကိုပေါ့။ သတင်းစာပေါင်း ၆၉ စောင် က ခင်ဗျား ကျွန်တော့်ကို သေနတ်နဲ့ ပစ်တဲ့သတင်းကိုရေးဖို့ စောင့်နေကြလေရဲ့။

ထရပ်စ်။ ။ မင်းက နေမယ်ပေါ့။ မင်းလုပ်ရပ်ရဲ့ နောက်က အကျူိးဆက်ကို စဉ်းစားပါဦး။

ဂျို။ ။ ကျွန်တော် စဉ်းစားခဲ့တာ ၁၂ လ ရှိပါပြီ။

ပရီရာ။ ။ မင်း ကုလားထိုင်ပေါ်က မ ထ ရင် ငါတို့ မင်းကို မ ပြီး ထုတ်မယ်။

ဂျို။ ။ ကျွန်တော် မတားပါဘူး ခင်ဗျာ။

ပရီရာ။ ။ ဘုန်းတော်ကြီးရေ … ခင်ဗျား အကူအညီ လိုတယ်ဗျ။

ထရပ်စ်။ ။ ကောင်းပြီ။

ပရီရာ။ ။ ကျွန်တော် ဒီဘက်က မ မယ်။ အသင့်ပဲနော်။

ထရပ်စ်။ ။ မ မယ်။

ပရီရာ။ ။ (အံကြိတ်သံ) မ ပြီ။

(အသံ။ ။ လူနှစ်ယောက်၏ အားနှင့် မ သံ။)

ပရီရာ။ ။ မလှုပ်နဲ့ ..

ထရပ်စ်။ ။ လေးလိုက်တာ။

ပရီရာ။ ။ နောက်လက်မ အနည်းငယ်လောက်ဆို ရပြီ။ ကဲ … အခု ချမယ်။

ရက်ဘက်ကာ။ ။(ရုတ်တရက်) အိုး ဂျိုးဇက်၊ အိုး ဂျိုးဇက် … (၀င်လာသံ) … သူတို့ ရှင့်ကို နာအောင် လုပ်သလားရှင်။

ဂျို။ ။ ရက်ဘက်ကာရေ … ကိုယ်တို့ နိုင်ပြီ။

ရက်ဘက်ကာ။ ။ အိုး… လူတွေ ၀ိုင်းကြည့်နေကြတယ်ရှင့်။ ကျွန်မကို ဖက်ထားတာ လွှတ်ပါတော့။

ဂျို။ ။ ကဲ … ငါတို့ အိမ်ပြန်ကြစို့ရဲ့။ အရင်ဆုံး ရေနွေးနွေးလေးနဲ့ ချိုးမယ်။ ပြီးရင် အိမ်ထမင်း ဟင်းလေးစားမယ်၊ ပြီးရင်…

ရက်ဘက်ကာ။ ။ အိုး… အရင်ဆုံး လုပ်ရမှာက ဟောဒီမုတ်ဆိတ်မွေးပေါ့ရှင်။ ကျွန်မ ရှင်မုတ်ဆိတ်ရိတ် ဓါးကို နေ့တိုင်း သွေးနေပါတယ်ရှင်။

ဂျို။ ။ မင်း ဘာပြောတာလဲ ဆိုတာ သိရဲ့လားကွယ်။ ငါတို့ ဖြတ်ကျော်လာတဲ့ ခရီးပြီးဆုံးပြီးနောက်မှာ.. စဉ်းစားစရာက … ဟောဒီမုတ်ဆိတ်ဟာ ငါတစ်ဦးတည်း ပိုင်ဆိုင်တာ မဟုတ်ဖူးဆိုတာကို နားလည်ရမယ်ကွဲ့။ အခုတော့ မရိတ်ပါနဲ့ဦးကွယ်၊ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတိုင်းက လူတွေဟာ ဟောဒီ မုတ်ဆိတ်မွေးကိုကြည့်ဖို့ စောင့်နေကြတယ်။ အကယ်၍ ငါက ရိတ်ပစ်လိုက်ရင် ဘယ်လောက် ကြောက်စရာဖြစ်သွားမလဲ။

ရက်ဘက်ကာ။ ။ ဒါပေမယ့် … ဂျိုးဇက်ရယ်။

ဂျို။ ။ မင်းပဲ ဒါ သင်္ကေတတစ်ခုလို့ ပြောခဲ့တယ် မဟုတ်လား။ ငါတို့ ဘာကိုပဲဆိုသည် ဖြစ်စေ ဒါတွေ ဟာ သင်္ကေတတွေပဲလေ။ ကြည့်စမ်း … ရက်ဘက်ကာ။ ဟောဒီမှာ ငွေရောင်တောင် သမ်းနေပြီနော်။ နည်းနည်းလောက် စဥ်းစားလိုက်ပါ။ နှစ်အနည်းငယ်လောက်ကြာရင် ဒီ့ထက်မက မီးခိုးရောင်ဖြစ်လို့၊ တချိန်ချိန်မှာ အားလုံးဟာ ငွေရောင်ဖြစ်သွားမယ်လေ။

ရက်ဘက်ကာ။ ။ ရှင်က အသက်ကြီးလာတာကို သဘောကျတယ်ပေါ့။

ဂျို။ ။ (ရွှင်မြူး တက်ကြွစွာဖြင့်) … ငါက မို့ဇက်နဲ့ တူလာမှာကွ။ အို … နေရောင်နဲ့သာ တွေ့လိုက်လို့ကတော့၊ မြင်ကြည့်လိုက်စမ်းပါ့၊ အိုး … ရှိရှိုသမျှ လူတွေရဲ့ မျက်လုံးတွေ ကန်းသွားလောက်အောင်ကို အလင်းတွေဖြာထွက်လိုက်မလဲ။ ကြည့်မှန်က နေရောင်ကျရင် ဖြစ်သလိုပေါ့။

ရက်ဘက်ကာ။ ။ ဂျိုရယ်…

ဂျို။ ။ လူတိုင်းဟာ ငါဘာဖြစ်လို့ ထောင်ထဲမှာ နေခဲ့ရသလဲဆိုတာကို အမြဲတမ်း သတိရနေကြမယ်။ ဒီလိုလုပ်တာဟာ သူတို့အတွက်ပဲဆိုတာကို သူတို့သိလာကြမယ်။ ဒါဟာ ဘာနဲ့တူသလဲ ဆိုတော့… မုတ်ဆိတ်မွေး အခြေခံဥပဒေပေါ့ကွယ်။ (အသံ တဖြေးဖြေးဝင်သွား) ဒီတော့ မင်းက ဒီမုတ်ဆိတ်မွေးတွေကို ရိတ်ပစ်ဖို့ ပြောတုန်းက ငါတို့တိုင်းပြည်ဟာ ဘယ်လောက်တောင် ဆုံးရှူံးသွားတယ်ဆိုတာ မင်းနားမလည်ဘူး မဟုတ်လား။

(သီချင်းသံ။ ။နောက်ခံတွင်ဂီတာသံပေါ်လာ..တိမ်ဝင်သွား)

သီချင်းဆိုသူ။ ။မုတ်ဆိတ်မွေးထားတာ မထားတာကို

မိုင်နာလို့ ယူဆချင် ယူဆ

ဂျို ဆိုတဲ့အဖိုးကြီးကို လူမိုက်လို့ ဆိုချင်ဆို

ဒါပေမယ့် –

ပင်လယ်ထဲသွန်ချလိုက်တဲ့ လက်ဖက်ခြောက်လေးတွေကနေ

မီးစက်မီးပွင့်ကလေးတွေအဖြစ်

နိုင်ငံရဲ့အလံဖြစ်ခဲ့ဖူးတဲ့ ရာဇ၀င်ကို ဂျိုက မေ့မှာ မဟုတ်ဘူး။

ဂျိုပါးလ်မား ရဲ့ အကြောင်းမှာ သင်ခန်းစာ ယူစရာက …

လွတ်လပ်ပါတယ် ဆိုမှတော့

ဘယ်၍ ဘယ်မျှလောက် လွတ်လပ်ပါတယ် လို့

ခွဲခြား ပြောစရာကို မလိုပါ …

လွတ်လပ်သူတွေ အားလုံးရဲ့ လွတ်လပ်မှုက အတူတူပါပဲ။

(သီချင်းသံ။ ပျောက်ကွယ်သွား။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts