>
အယ်လ်အေရောက် မြန်မာများက ဖုန်းမော်ကျဆုံးခြင်းနှင့် တံတားနီနေ့ – အနှစ် ၂၀ အထိမ်းအမှတ် ကျင်းပ
မိုးမခ အထောက်တော် ၀၀၂
မတ် ၁၇၊ ၂၀၀၈
ယမန်နေ့က အမေရိကန်၊ ကယ်လီဖိုးနီးယား၊ အယ်လ်အေ အရပ်ရှိ မြန်မာများ စုဝေးကြလျက် ဓမ္မဇောတိ ဘုန်းတော်ကြီးကျောင်းတွင် မတ် ၁၃ စက်မှုတက္ကသိုလ်အရေးအခင်းတွင် ကျဆုးံသော ကျောင်းသား ကိုဖုန်းမော်၊ ကိုစိုးနိုင်နှင့်တကွ မတ်လ ၁၆ ရက်နေ့ ရန်ကုန်တက္ကသိုလ် တံတားနီအရေးအခင်းတွင် ကျဆုံးကြရသော ကျောင်းသူ ကျောင်းသားများအား ရည်စူးပြီး ကောင်းမှုကုသိုလ်ပြုပွဲနှင့် အမှတ်တရအခမ်းအနား ပြုလုပ်ကြကြောင်း သိရသည်။
အယ်လ်အေ အော်ဂနိုက်ဇာအဖွဲ့က မြန်မာလူငယ်များက စီစဉ်ကြကြောင်း၊ ၈၈ ကျောင်းသား ကိုကျော်ဌေးဦးက ကိုယ်တိုင်ကြုံတွေ့ဖြတ်သန်းခဲ့ရသည် အဖြစ်အပျက်များကို ပရိသတ်အား ပြန်လည် ပြောပြခဲ့ကြောင်း၊ စီစဉ်သူများမှ ကိုသူရနှင့် ကိုဖုန်းရောင်ဦးတို့ကလည်း အမှတ်တရ စကားများ ပြောကြားကြကြောင်း၊ ကျောင်းထိုင်ဆရာတော် ဦးကုဏိသရမှ တရားဟော၊ ရေစက်ချနှင့် အမျှအတန်းဝေသည်တို့ကို ဆောင်ရွက်ပေးကြောင်း အခမ်းအနာတက်ရောက်သူတဦးက မိုးမခသို့ ပြောကြားသည်။
၈၈ အရေးအခင်း မှတ်တမ်းရုပ်မြင်အစီအစဉ်ကို အားလုံးက အမှတ်တရ ပြန်လည် ကြည့်ရှုကြရသည့်အတွက်လည်း အထိမ်းအမှတ်ပွဲခင်းသည် လွန်ခဲ့သည့် အနှစ် ၂၀ က ငြိမ်းချမ်းတည်ငြိမ်နေရမည့် စာသင်ကျောင်းပရ၀ုဏ်အတွင်း အကာအကွယ်မဲ့ ကျောင်းသားတို့ကို လက်နက်ကိုင်များက ဖမ်းဆီး ရိုက်နှက် နှိမ်နှင်းနေကြသည့် အငွေ့အသက်များ ရိုက်ခတ်လာသကဲ့သို့ ဖြစ်ရကြောင်းလည်း ပြောကြားခဲ့သည်။
ယခုအချိန်တွင် တရုတ်စစ်တပ်များက တိဗက်ပြည်တွင် တိဗက်ဘုန်းတော်ကြီးများနှင့် ပြည်သူတို့ကို လက်နက်သုံး နှိမ်နှင်းနေရာ ကမ္ဘာတွင် ငြိမ်းချမ်းရေး ထွန်းကားလာရေးအတွက် အဖိနှိပ်ခံပြည်သူများနှင့်အတူ ရပ်တည်ကြရေးမှာ ထင်ရှားသည်ထက် ထင်ရှားလာသည်ဟု မှတ်ချက်ပေးသွားပါသည်။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts