ကျော်ဟုန်း

Kyaw Home – Poem

ဒေါင်း အတ္ထုပ္ပတ္တိ အကျဉ်းချုပ်
ကျော်ဟုန်း
ဇူလိုင် ၂၈၊ ၂၀၁၃

အညစ်အမည်းမှန်သမျှ
နီစွေးတဲ့သွေးဖောက် လွှမ်းမိုးအုပ်
ဒေါင်း သမိုင်းကို ထုဆစ်
တို့ ဗမာပြည်မှာ
ခေတ်အဆက်ဆက် ။
တိုက်ပွဲခေါ်သံ “ အိုးဝေ”
ကမယ် – ခွပ်မယ် ဒေါင်းမျိုးဆက်
ကမယ်  … ပြည်သူနဲ့ တွေ့ ရင်
ခွပ်မယ် … ပြည်ပူနဲ့ တွေ့ ရင် ။
သမဂ္ဂါနံ  တပေါ  သုခေါ
ဒေါင်းဂွင်မှာ ရှိတယ် ။
ဒေါင်းခွပ်ရင်
အကြောင်းညွှတ်လို့ 
ဘယ် ကျူးကျော်သူ
ဘယ် အာဏာရှင်ကမှ
ဒေါင်းဆိုရင်
လစ်လျူရှု မထားရဲကြ ။
ဒါ … တို့ ဒေါင်းသမိုင်း
ဘယ်သူ ငြင်းရဲလဲ ။  

(၈) လေးလုံးအရေးတော်ပုံ ငွေရတု ဂုဏ်ပြုကဗျာ

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts