Uncategorized

Htike Thu Naing – Poem

ငွေရတု ဒေါင်းဋီကာ
ထိုက်သူနိုင်
သြဂုတ် ၄၊ ၂၀၁၃


ဒေါင်းတဲ့…ခွပ်ဒေါင်း
တော်လှန်တဲ့ဒေါင်း…အပျော်ကြံတဲ့ဒေါင်း
သွေးနည်းတဲ့ဒေါင်း…သွေးရဲတဲ့ဒေါင်း
ရေရှည်မမြင်တဲ့ဒေါင်း…တွေဝင်ချင်တဲ့ ဒေါင်း
အနစ်နာခံတဲ့ဒေါင်း..အပြစ်ရှာကြံတဲ့ ဒေါင်း
သာရာကူးတဲ့ဒေါင်း…အာဏာရူးတဲ့ဒေါင်း
လမ်းမယူ…ရမ်းဆူတဲ့ဒေါင်း
အဖွသန်…အပွကြံတဲ့ဒေါင်း
အလိုက်မသိတဲ့ဒေါင်း…အငိုက်မိတဲ့ဒေါင်း
ညီးညူ…ဂျီးထူတဲ့ဒေါင်း 
အတောင်ညောင်း…အရောင်ပြောင်းတဲ့ဒေါင်း
နေရာတကာပါတဲ့ဒေါင်း…ဝေဒနာရှာတဲ့ဒေါင်း
ပြေးတတ်…ဘေးရပ်တဲ့ဒေါင်း
အကျဉ်းစံတဲ့ဒေါင်း…အငြင်းသန်တဲ့ဒေါင်း
အတွေးမှန်…အဝေးပျံတဲ့ဒေါင်း
ကျောင်းထဲကလာတဲ့ဒေါင်း…
မြောင်းထဲကလာတဲ့ဒေါင်း…
ဘာဒေါင်းပဲဖြစ်ဖြစ်
အကောက်မကြံ၊ မဖေါက်ပြန်ရင်
ချစ်နိုင်အောင်ကြိုးစားခဲ့တာ
နှစ်အစိတ်ရှိပါပြီ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts