Uncategorized

Witt Hmoe (Former staff) – From U Than Shwe to U Thein Sein (articles)

ဦးသန်းရွှေမှ ဦးသိန်းစိန်သို့ 
ဝတ်မှုန်
သြဂုတ် ၄၊ ၂၀၁၃

● ဦးသန်းရွှေရဲ့ မှတ်သားဖွယ်အချက်အချို့ကတော့
၁။ လူလိုက်သတ်တာမျိုးမလုပ်ဘူး (ဦးတင်ဦးလုပ်ကြံမှု၊ ဒီပဲယင်းလုပ်ကြံမှု) သူကိုယ်တိုင်စီမံခဲ့တာမဟုတ်သော်လည်း သူအုပ်ချုပ်ချိန်မှာ ဖြစ်ခဲ့တော့ သူ့တာဝန်ရှိပါတယ်။
၂။ ရေနံနဲ့ဓါတ်ငွေ ရတနာနဲ့ရဲတခွန် ရေနံဝင်ငွေတွေမှာ အကောင်းဆုံးငွေရှာပေးပြီး၊ ဦးသိန်းစိန်လက်ထက်မှာ ဓါတ်ငွေ့ ငွေစာရင်းတစ်ခုကို ပို ကောင်းအောင်လုပ်နိုင်ခဲ့ပါတယ်။
၃။ မူဆလင်အကြမ်းဖက်သမားများ မြန်မာနိုင်ငံကို ကာကွယ်နိုင်ခဲ့ပါတယ်။ မြန်မာမူဆလင်များ အကြမ်းဖက် စစ်သွေးကြွမူဆလင်ရန်မှ ကာ ကွယ်ခဲ့ပါတယ်။ ဦးသိန်းစိန်လက်ထက်မှာ စစ်သွေးကြွမူဆလင်များအပေါ် နောက်ကြောင်းပြန်ဆွဲလိုသူအုပ်စု အနိုင်ယူခဲ့ပြန်ပါတယ်။ နယူး ယောက်မြို့မှာသာ မူဆလင်များ စုစည်းနိုင်မယ်၊ ရန်ကုန်မှာ အခုချိန်ထိ ဒါမျိုးဖြစ်မလာအောင် စစ်သွေးကြွမူဆလင်များကို ဆက်လက်နှိပ် ကွပ်နိုင်ခဲ့ပါတယ်။ အပြစ်ကင်းသူများ ပါသွားတာတော့ လူ့သဘာဝပါပဲ။ 
● ဦးသန်းရွှေ –
ဗိုလ်ချုပ်မှုးကြီးဘ၀ကို နှစ်ပေါင်း၂၀ ကျော်၊ ကြံ့ကြံ့ခံရပ်ပြီး နောက်ဆုံး အကြွင်းမဲ့အာဏာရှင်ဘ၀ကို ရောက်ခဲ့ပါတယ်။ သူ ငယ်စဉ်အခါက ၁၀ တန်းအောင် ပညာတတ်ဖြစ်သည်။ ထိုခေတ်က ၁၀ တန်းအောင်သည် အလွန်ပညာတတ်ဖြစ်ပြီး ဗိုလ်သင်တန်းတက်ကာ စစ်ဗိုလ် ဘ၀ရောက်ခဲ့သည်။ နောက်ပိုင်း အေးဆေးစွာနေတတ်သူဖြစ်သောကြောင့် ဧရာဝတီစစ်တိုင်းမှူးဘ၀မှ ဒုကာကွယ်ရေးဦးစီးချုပ်သို့ ရာထူး တက်သွားသည်။ ရှစ်လေးလုံး ၁၉၈၈ တွင်ဖြစ်ရာမှ၊ စစ်တပ်အာဏာသိမ်းပြီး ၁၉၉၁ တွင် စစ်တပ် ကာ/ချုပ် ဖြစ်လာသည်။ ပထမတွင် စစ်ဗိုလ်ကြီးများစွာနှင့် ဦးနေ၀င်း၏ လွှမ်းမိုးမှုများရှိနေသော်လည်း၊ ပြိုင်ဖက်များကို တဖြေးဖြေးဖယ်ရှားနိုင်ခဲ့သည်။ ၂၀၀၃တွင် ဗိုလ်ချုပ် ခင်ညွန်ကို ဖယ်ရှားခဲ့ပြီး၊ မိမိစိတ်ကြိုက်အုပ်ချုပ်နိုင်ခဲ့သည်။ လက်နက်မဲ့ ပြည်သူများနှင့်သံဃာများ ၂၀၀၇ သပိတ်မှောက်မှုကို စစ်အင် အားဖြင့် ချေမှုန်းခဲ့သည်။ နာဂစ်မုန်တိုင်းကို လစ်လျှူပြုပြီး ကမ္ဘာနှင့်အဆက်ဖြတ်ခဲ့သည်။ မိမိစိတ်ကြိုက် အာဏာလွှဲပြောင်းခြင်း၊ အခြေခံ ဥပဒေရေးဆွဲကာ အတည်ပြုပြီး၊ ရွေးကောက်ပွဲ မဲလိမ်ခြင်းဖြင့် စစ်တပ်ပါတီ (ကြံခိုင်ရေး) အာဏာရရှိစေသည်။ အများထင်သည့်အတိုင်း သူကိုယ်တိုင် သမ္မတမလုပ်တော့ပဲ မိမိစိတ်ကြိုက်လူများကို အစိုးရသစ်ဖွဲ့ပေးက စောင့်ကြည့်ဘ၀ဖြင့် အနားယူသွားခဲ့သည်။ အစိုးရသစ်ကို နာမည်ကောင်းရှိသော ဦးသိန်းစိန်အား သမ္မတတာဝန်ယူစေပြီး ၂၀၁၁ တွင် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်စေခဲ့သည်။
ဆက်လက်ဖတ်ရန် 
than shwe Unmasking Burma’s Tyrant
အခု ဦးသိန်းစိန်ရဲ့ မှတ်သားဖွယ်များက ပိုပြီးများလှပါတယ်။ (၂) နှစ်ခွဲ အစိုးရသစ်သက်တမ်းမှာ ရာဇ၀င်တင်ခဲ့ပါတယ်။
● မြန်မာသမ္မတ ဦးသိန်းစိန် (၂) နှစ်ခွဲခရီးစဉ် (ဤခရီးနီးသလား)
စစ်တပ်တွင် အုပ်ချုပ်ရေးစစ်ဗိုလ်အဖြစ် တာဝန်ယူခဲ့ရသည်။ ၁၉၈၈ ရှစ်လေးလုံး အရေးအခင်းတွင် စစ်ကိုင်းတိုင်း အမှတ် ၅၅ တပ်ရင်းတွင် ဗိုလ်မှုးအဆင့်ဖြစ်သည်။ ထို့နောက် ကလေးမြို့ အမှတ် ၈၇ တပ်ရင်းမှူးဖြစ်လာသည်။ ၁၉၉၁ တွင် ရန်ကုန်စစ်ရုံးသို့ ခေါ်ယူပြီး ဗိုလ်မှုးချုပ်ဖြစ် လာသည်။ ၁၉၉၅ တွင် ရန်ကုန်တိုင်းမှူး၊ ၁၉၉၇တွင် န.အ.ဖ အတွင်းရေမှုး (၂) အဖြစ်၊ ဒုဗိုလ်ချုပ်ကြီးအဆင်၊ ထို့နောက် ၂၀၀၄ တွင် ဗိုလ် ချုပ်ကြီးခင်ညွန့် တာဝန်ရပ်နား ခံရပြီးနောက် အတွင်းရေးမှူး (၁)၊ ဗိုလ်ချုပ်ကြီးအဆင့် တိုးမြှင့်ခံရသည်။
၂၀၀၇ ဧပြီလတွင် ၀န်ကြီးချုပ်ဖြစ်လာသည်။ ၂၀၀၇ စက်တင်ဘာ သံယာအရေးအခင်း နှိမ်နင်းခဲ့သည်။ ၂၀၀၈ နာဂစ်လေမုန်တိုင်း ဒုက္ခသည် များကို ကြည့်ရှုခဲ့သည်။     
    
ဆက်လက်ဖတ်ရန် (Click Here – http://myanmarinsingapore.com/profiles/blogs/2316969:BlogPost:357649 )

ဦးသိန်းစိန် အစိုးရသစ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် အတိုက်ခံ NLD ပါတီကို လွှတ်တော်တွင် ပါဝင်စေခဲ့သည်။ လွှတ်တော်ဥက္ကဌ ဦးရွှေမန်းနှင့်ဒေါ်အောင်ဆန်းစုကြည်တို့ ရင်းနှီး၊ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုပြုလုပ်လာခဲ့သည်။  လက်ရှိအာဏာအရှိဆုံး ကာ/လုံအဖွဲ့ ၁၁ ဦးတွင် စစ်တပ်အမျိုးနွယ် ၉ ဦးပါဝင်သည်။ တိုင်းရင်းသား လက်နက်ကိုင် ငြိမ်းချမ်းရောကော်မရှင်တွင် ၁၁ ဦးတွင်လည်း စစ်တပ် အမျိုး နွယ်များ ၉ ဦးပါဝင်သည်။ ငြိမ်းချမ်းရေးကော်မရှင်တွင် ကာ/လုံ အဖွဲ့ဝင် ၉ ဦး ပါဝင်နေပြန်သည်။ ထိုလူများသာ (စစ်အာဏာရှင်များသာ) အချုပ်အချာ အာဏာကို ကိုင်တွယ်ထားသည်။ တရားသဘောဖြင့် ပြောရလျှင် မြန်မာနိုင်ငံသည် အဆိုးဆုံးအခြေအနေကို ကျော်လွန်ခဲ့ပြီး၊ အကောင်းဖက်သို့ ဆက်လက်သွားနေရာတွင် ခေါင်းဆောင်များ အထူးသဖြင့် အစိုးရအဖွဲ့နှင့် စစ်တပ်အရာရှိဟောင်းကြီးများ၊ လက်ရှိအ ရာရှိကြီးများသည် စိတ်ထားမည်မျှမြင့်မြတ်သည်ဆိုသည်မှာ အရေးပါလှသည်။ ပညာတတ်များနှင့်ငွေရှင် အလတ်စားများအတွက် မျှော် လင့်ချက်ရှိလာပါသည်။ အာဏာရှင်နှင့်ငွေရှင်များအဖို့ ပိုမိုချမ်းသာလာစေသည်။ မည်သို့ပင် အစိုးရပြောင်းလဲပါစေ.. အခြေခံလူတန်း စားများမှာ မကျေနပ်ချက်ကို ဖွင့်ပြောနိုင်ခွင့်ရရှိသွားသော်လည်း၊ ဆင်းရဲမွဲတေနေဆဲဖြစ်လေသတည်း။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts