Yan Linn Aung – Poem

အို . . . ၂၀၁၅
ရန်လင်းအောင်
သြဂုတ် ၅၊ ၂၀၁၃


၂၀၁၅  ကို ရောက်ပါ့မလား
၂၀၁၅  ကော ရှိပါ့မလား
၂၀၁၅ ကို ဇောကပ်လို့
၂၀၁၅ ကို ဆီမန်းမန်းလို့
၂၀၁၅ ကို ခေါင်းနားပန်းကြီးလို့
ဖုတ်ပူမီးတိုက် ၂၀၁၅ လား
ဒေါင်းတင်မောင်းတင် ၂၀၁၅ လား
ကလီကမာ ၂၀၁၅ လား
ကတိမ်းကပါး ၂၀၁၅ လား
၂၀၁၅  က စောင့်ပါ့မလား
၂၀၁၅  ကို မိပါ့မလား
၂၀၁၅  ကို ရောက်ပါ့မလား
၂၀၁၅  ကော ရှိပါ့မလား
ဤစာသားများ
သွားလမ်းသာလို့
လာလမ်းဖြောင့်ကြပါစေသား

အို . . . ၂၀၁၅ ။  ။