Aung Way – Sleeping with the enemy …

BURMA: BEYOND 88‘ UPRISING

အီ ေ သ ာ ေ ရ ၊ ခ်ိ ဳ ေ သ ာ ရ န္ သူ ၊ ေ သ ေ သ ာ က် ာ း

ေ အ ာ င္ ေ ၀ း  ၊ သြဂုတ် ၁၁၊ ၂၀၁၃

(၁)

ကျနော်သည် မိုးဝေကဗျာဆရာတစ်ယောက်ဖြစ်ပါသည်။

မိုးဝေကဗျာခေတ်က ကဗျာတစ်ပုဒ်ကို ကျနော်ယခုတိုင်အမှတ်ရနေပါသေးသည်။

သို့ သော်၊ အပြည့်အစုံတော့ ဟုတ်ချင်မှဟုတ်မည်။ (သိမီသူများဖြည့်စွက်ပေးကြပါ)

ေ ရ ေ ၾက ာ င့် ငါး သေ ၏

မြစ်သည်

စုန်မည်ကိုလည်း၊ ရေအကဲကြည့်

သိနိုင်၏။

မြစ်သည်

ဆန်မည်ကိုလည်း၊ ရေအကဲကြည့်

သိနိုင်၏။

….   ….

သို့ သော်

မြစ်သည်

စုန်သည်မဟုတ်၊ ဆန်သည်မဟုတ်

ရွံ့ ပုပ်ရောင်စွဲ၊ နေရာမြဲ၍

ရေထဲငါးတွေ၊ ပေါလောသေသည်

ရေအီသည်ကို မြင်ဖူး၏။    

ေ အာ င် သ က်ေ ထွး

၇၀ ခုနှစ်များအတွင်းက ရေးခဲ့သော နာမည်ကျော်ကဗျာတစ်ပုဒ်ဖြစ်ပါသည်။ ထိုစဉ်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်(မ ဆ လ ခေတ်)ဖြစ်ပါသည်။ (ဆရာအောင်သက်ထွေး၏ နောက်ထပ်နာမည်ကျော်ကဗျာတစ်ပုဒ်လည်းရှိပါသေးသည်။ ထိုကဗျာ၏ခေါင်းစဉ်မှာ “ဇော်ကန့် လန့် ” ဖြစ်ပါသည်)

(၂)

ကျနော်ပြောချင်သည်မှာ ယနေ့ ဗမာ့နိုင်ငံရေး “ရေအီချိန်” ဖြစ်ပါသည်။ ဆရာအောင်သက်ထွေး၏ ကဗျာထဲကအတိုင်း ယနေ့ ရေ”အီ”နေပါသည်။ ယနေ့ ဗမာ့နိုင်ငံရေးသည် စုန်လည်းမစုန်၊ ဆန်လည်းမဆန်။

အတိုက်အခံဆိုသူတွေက၊ အစိုးရအလိုကျ(၂၀၀၈ ဖွဲ့ စည်းပုံဥပဒေဘောင်အတွင်းက) ကပြ အသုံးတော်ခံနေသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုသည့် မရေမှုကြီးထဲတွင် ဟန်များနေသည်။ ၁၉၈၈ တွင်အုံကြွပေါက်ကွဲခဲ့သော ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးလည်း (၂၅) နှစ်တိုင်ခဲ့ပါပြီ။ထို (၂၅) နှစ် ကြာသည့် အချိန်တွင်၊ အရေးတော်ပုံကြီးတစ်ခုလုံး ဗမာကျပ်ငွေ (၁၅) သိန်းပဲ တန်ပါတော့သည်။

ကောင်းလေစွ။

၁၉၈၈ တုန်းက ရဟန်းရှင်လူ ကျောင်းသားပြည်သူ တပ်မတော်သားတွေ မျှော်မှန်းခဲ့ကြသည့် ရည်မှန်းချက်ပန်းတိုင်ကိုလည်းမရောက်ရှိသေး။ ထိုစဉ်က တစ်ခဲနက်တောင်းဆိုခဲ့ကြသော

(၁) စစ်အာဏာရှင်စနစ်ဖြုတ်ချရေး၊

(၂)ဒီမိုကရေစီနှင့်လူ့ အခွင့်အရေးရရှိရေး၊

(၃)ပြည်သူ့ အစိုးရပေါ်ထွန်ရေး

တို့ မှာ ဘာတစ်ခုမျှ အကောင်အထည်ပေါ်မလာသေး။

ပြောရမှာတော့ အားနာပါသည်။ ထို (၂၅) နှစ် ကြာသည့်အခါ၊ လူထုခေါင်းဆောင်ဆိုသူအချို့ က၊ ထိုစစ်အာဏာရှင်စနစ်ကို လက်ခံအသိအမှတ်ပြုပေးလိုက်ကြပါတော့သည်။

သို့ သော်…။

(၃)

သို့ သော်…၊ ထိုသို့ လက်ခံအသိအမှတ်ပြုကြသူတွေထဲတွင် မျိုးဆက်သစ် (၂၀၀၇) ဗ က သ (ဗ က သ များအဖွဲ့ ချုပ်) ကျောင်းသားလူငယ်တွေ မပါပါ။ ဗ က သ က ရန်ကုန်မှာလုပ်မည့် (လုပ်သည့်) ရှစ်လေးလုံးပွဲကို သပိတ်မှောက်ခဲ့သည်။ ထိုအတွက် (ဒါကိုမကျေနပ်၍လားမသိ) ပြည်ပအသံလွှင့်ဌာနတစ်ခုက ၂၀၀၇ ဗ က သ ခေါင်းဆောင်တစ်ယောက်ကို တွေ့ ဆုံမေးမြန်းခန်းတွင် အတင်း”ဖိ”၍မေးသည်။

“ဗ က သ ရဲ့ လုပ်ရပ်က အခုသွားနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဆန့် ကျင် လွဲချော်မနေဘူးလား”

ဆိုပြီး ချောင်ပိတ်မေးခဲ့သည်။

ဒီမေးခွန်းကို ကျနော်ဖြေပါမည်။

လုံးဝမဆန့် ကျင်ပါ။

လုံးဝ လုံးဝ မလွဲချော်ပါခင်ဗျား။

အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ၊ နှစ်ဦးနှစ်ဖက် အမြင်တွေ၊ သဘောထားတွေ၊ အတိတ်တွေ၊ သမိုင်းတွေ၊ အပြစ်တွေ၊ ကျူးလွန်မှုတွေ၊ နစ်နာဆုံးရှုံးမှုတွေ၊ လိမ်ညာဖုံးကွယ်မှုတွေ၊ မကျေနပ်ချက်တွေကို စိတ်ရင်း စေတနာမှန် အရင်းခံနဲ့ အပြန်အလှန်ဆွေးနွေးညှိနှိုင်း အဖြေရှာကြတာဖြစ်သည်။

အပြစ်ကျူးလွန်သူဘက်က ၀န်ခံစရာ၊ ၀န်ချတောင်းပန်စရာရှိတာကို တောင်းပန်ရမည်။

နစ်နာ ဆုံးရှုံးခဲ့သူတွေဘက်ကလည်း ခွင့်လွှတ်နိုင်သမျှခွင့်လွှတ်ပေးရမည်။ အဓိကမှာ လူသတ်ခဲ့သော အစိုးရဘက်က စတင်တောင်းပန်ရမှာဖြစ်သည်။ သူတို့ တောင်းပန်ဝန်ချဖို့ ပြည်သူတွေက တောင်းဆိုဖိအားပေးရမည်။ ခုတော့ ဟိုဘက်က မတောင်းပန်ခင်၊ ကိုယ့်ဘက်က အရင်သွားပြီး အောက်ကျို့ တဲ့ လေသံကလေးနဲ့ ခွင့်လွှတ်ပါသဗျ၊ ခွင့်လွှတ်ပါသရှင့် လုပ်သလိုဖြစ်နေ။

ကျနော့်အမြင် (မှားလျှင်ပညာရှင်များပြင်ပါ) ရန်ကုန် ရှစ်လေးလုံး (၂၅) နှစ်ပြည့်ပွဲဆိုတာ၊ အနာ အရသာခံ ရုံသက်သက်ပါပဲ။

ကျနော် ဒီလိုပဲမြင်သည်။ ဆရာမဂျူး၏ “သူမ၏မိုး” ၀တ္ထုတိုကလေးကို ကျနော်သတိရသည်။

“ဘုရားရေ… …”

(၄)

အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ အရှုံးပေး၊ အလျှော့ပေး ဆက်ဆံရေးမဟုတ်ပါ။

ဒူးထောက်အညံ့ခံရေးမဟုတ်ပါ။ ၁၉၉၅ ဇူလိုင်၊ ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် နေအိမ်အကျယ်ချုပ်က လွတ်လွတ်ချင်း၊ နောက်နေ့ မှာပဲ ကျနော်တို့ ဇနီးမောင်နှံ ဒေါ်အောင်ဆန်းစုကြည်အိမ်သွားပြီး ဂါရ၀ပြုကန်တော့ကြပါသည်။

ကျနော် ဒေါ်အောင်ဆန်းစုကြည်နှင့် နာရီဝက်ခန့် စကားပြောခဲ့ရပါသည်။

အကျဉ်းထောင် နိုင်ငံရေးအကြောင်းပြောရင်း၊ ထိုစဉ်က ကမ္ဘာ့ထိပ်တန်းသတင်းဖြစ်နေသည့် တောင်အာဖရိက နိုင်ငံရေးပြောင်းလဲမှုဆီ ရောက်သွားပါသည်။ နယ်လ်ဆင်မင်ဒဲလားနှင့် မစ္စတာဒီကလပ်တို့ အကြောင်း ပါလာသည်။

ကျနော်က ဗမာ့နိုင်ငံရေးကကော တောင်အာဖရိကနိုင်ငံအတိုင်းဖြစ်လာနိုင်သလားလို့ ဒေါ်အောင်ဆန်းစုကြည်ကို မေးမိပါသည်။ ဒေါ်အောင်ဆန်းစုကြည်က မဖြစ်နိုင်ပါဟုဖြေပါသည်။

“ကျမလည်း မင်ဒဲလားမဟုတ်သလို၊ တစ်ဖက်ကလည်း (တစ်ဖက်ဆိုတာက န ၀ တ စစ်ဗိုလ်ချုပ်များ) မစ္စတာဒီကလပ်တွေ မဖြစ်နိုင်ပါဘူး”

ကျနော်ကတော့(အများကတော့) ဒေါ်အောင်ဆန်းစုကြည်ကို “ဗမာပြည်ရဲ့ မင်ဒဲလား” ဟု သတ်မှတ်ပါသည်။ သို့ သော်၊ န ၀ တ(န အ ဖ) ဘယ်စစ်ဗိုချုပ်တစ်ယောက်တလေမှ မစ္စတာဒီကလပ် မဟုတ်(မဟုတ်) ဟု ယူဆထားပါသည်။ တောင်အာဖရီကနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲတွင် မစ္စတာဒီကလပ်၏ လူကြီးလူကောင်းဆန်မှု၊ သဘောထားကြီးမှုနှင့် နယ်လ်ဆင်မင်ဒဲလား၏

နားလည်ခွင့်လွှတ်မှု၊ အမြော်အမြင်ကြီးမှုတွေက အဓိကအရေးပါသည့်အခန်းကဏ္ဍတွင်ရှိပါသည်။

ယနေ့ ဗမာပြည်တွင် မ ဆ လ စစ်တပ်ကနေစပြီး၊ န ၀ တ၊ န အ ဖ၊ ယခု ကြံ့ ဖွတ်အစိုးရစစ်တပ်အဆက်ဆက်၊ ဘယ် စစ်ဗိုလ်ချုပ်တစ်ယောက်တလေကများ (မစ္စတာ ဒီကလပ်လို) လူကြီးလူကောင်းဆန်နိုင်ခဲ့ပါသလဲ၊ သဘောထားကြီးနိုင်ခဲ့ပါသလဲ။

ယနေ့ ကြံ့ ဖွတ်အစိုးရနှင့်စေ့စပ်ချင်သူများ ဖြေပါ။

(၅)

ရန်ကုန်ရှစ်လေးလုံးပွဲကနေ ၂၀၀၇ ဗ က သ ကျောင်းသားလူငယ်တွေ နုတ်ထွက်သွားတာကို ကျနော် နားလည်လက်ခံသည်။ သူတို့ ကလေးတွေဟာ ရိုးသားရဲရင့် စွာပဲ၊ ဘယ်တုန်းကမှအပြစ်တွေကိုဝန်မခံတဲ့၊ ဘယ်တုန်းကမှ ပြည်သူတွေကိုဝန်ချမတောင်းပန်ခဲ့တဲ့ လက်ရှိအစိုးရတာဝန်ရှိသူတွေကို မဖိတ်ကြားနိုင်ဘူး၊ လက်ဆွဲမနှုတ်ဆက်နိုင်ဘူးဆိုတာ အင်မတန်သဘာဝကျပါသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးက တစ်ပိုင်း တစ်ဘာသာပါ။ အဲဒီအတွက် ရန်သူက ဆန့် ကျင်မယ်ဆိုရင်လည်း ဆန့် ကျင်ကြပါစေ။ ကျနော်တို့ ဂရုမစိုက်။

ရန်သူဆန့်ကျင်ခံရခြင်းသည် ကိစ္စဆိုးမဟုတ်၊ ကိစ္စကောင်း။

ရန်သူဆန့်ကျင်မခံရခြင်း သာလျှင် ကိုယ့်သေတွင်းကိုယ်တူးခြင်းဖြစ်သည်။

တောင်အာဖရိကနိုင်ငံသမိုင်းထဲက မစ္စတာဒီကလပ်လို ရန်သူမျိုးကိုတော့ ကျနော်လေးစားပါသည်။

ကျနော်တို့ နိုင်ငံခေတ်ဟောင်းသမိုင်းထဲက အဖြစ်အပျက်တစ်ခုကို ပြောကြည့်ချင်ပါသည်။ အင်းဝနှင့် ဟံသာဝတီ ပဒေသရာဇ်နိုင်ငံအချင်းချင်း အနှစ်(၄၀)ကြာ စစ်မက်ခင်းခဲ့သည့် သမိုင်းကို လူတိုင်းသိကြပါသည်။

အင်းဝဘုရင်မင်းခေါင်နှင့်  ဟံသာဝတီပြည့်ရှင် ရာဇာဓိရာဇ်တို့ ပဒေသရာဇ်အာဏာရှင်အချင်းချင်း စစ်ခင်းကြသည်။ စစ်ကြောင့် အင်းဝက မြန်မာ၊ ဟံသာဝတီကမွန်၊ အမြစ်မဲ့တိုင်းရင်းသားတွေ၊ ပြည်သူတွေ သေကြေပျက်စီးရသည်။

            စစ်ပန်းသည့်အခါ စစ်ဘုရင်နှစ်ပါး ပြည်မြို့ ရွှေဆံတော်ဘုရားရင်ပြင်မှာ ချိန်းချက်တွေ့ ဆုံကြ။ လက်ဖက်အုပ်ရှေ့ ချ၊ လက်ဖက်စားရင်း နှစ်ဖက် စစ်တပ်အပစ်အခတ်ရပ်စဲရေး စာချွန်တော်တွေလဲလှယ်ကြ။

ဒါကို ဦးကုလား မှန်နန်းရာဇ၀င်မှာ “လဘံစား၏” လို့ ရေးသည်။ နောက်တော့လည်း စစ်အပန်းပြေသည့်အခါ စစ်လမ်းရှည်ကြပြန်သည်။

အနှစ်(၄၀)မဟုတ်လား။

နောက်ဆုံးတော့ နာတာရှည်စစ်ကြီးထဲမှာပဲ အင်းဝဘုရင်မင်းခေါင် ကွယ်လွန်သွားပါသည်။

နတ်ရွာစံ ဘုရင်မင်းခေါင်၏ သတင်းကိုကြားသည့်အခါ၊ ဟံသာဝတီပြည့်ရှင်ရာဇာဓိရာဇ် ခမျာ စိတ်ထိခိုက်ကြေကွဲစွာ မြည်တမ်းခဲ့ရှာပါသည်။

“သြော်…ငါ့ နောင်တော် ကွယ်လွန်ရှာပြီကို” တဲ့။

ဒါကို အင်္ဂလိပ်သမိုင်းဆရာက သိုးဆောင်းလိုပြန်ရေးတော့၊ ရာဇာဓိရာဇ်၏ငိုကြွေးမြည်တမ်းသံကို အခုလိုဘာသာပြန်ခဲ့။

“MY SWEET ENEMY IS DEAD.” ဟူ၍။

(၆)

ကျနော်တို့ သည် SWEET ENEMY တွေနှင့်သာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို လုပ်ဆောင်၍ရပါမည်။ (မစ္စတာဒီကလပ်သည် SWEET ENEMY တစ်ယောက်ဖြစ်ပါသည်)

SWEET ENEMY ကို ကျနော်တစ်ဦးတည်းအနေနှင့် လူကြီးလူကောင်းဆန်သော၊ သဘောထားကြီးသော ပြိုင်ဘက်ဟုယူချင်ပါသည်။ ရန်သူဟုဆိုလျှင်လည်း လူကြီးလူကောင်းပီသသော၊ သဘောထားကြီးသော ရန်သူဟု ဆိုချင်သည်။

ကျနော်တို့ မြန်မာ့ရိုးရာပုံပြင်၊ မြန်မာ့ဆိုရိုးစကားတစ်ခုတွင် ”ကျားသေကို အသက်သွင်းသည်” ဆိုတာ ရှိသည်။

ကျားက ၁၉၈၈ မှာတစ်ခါသေမလိုဖြစ်သည်။

ထိုကျားသေကို ၁၉၉၀ ရွေးကောက်ပွဲနှင့် အသက်ပြန်သွင်းခဲ့ကြသည်။

ကျားက တစ်ခါ ၂၀၀၇ မှာ သေမလိုဖြစ်ပြန်သည်။

ထိုကျားသေကိုတော့ ၂၀၁၀ ရွေးကောက်ပွဲနှင့် ပြန်အသက်သွင်းခဲ့ကြသည်။

အခုတော့ ကျားက မသေမရှင်နှင့် ရှစ်လေးလုံး(၂၅)ပြည့် ငွေငွေရတုအခမ်းအနားမှာ။ ငွေ ငွေ ငွေ (၁၅)သိန်းကြီးများတောင် ထည့်ဝင်လှူဒါန်းသွားခဲ့ပါသေးရောညယ်။

(၇)

ကျားက သေချင်နေတာကြာပါပြီ။

သေချင်နေတဲ့ကျားကို သေအောင်မသတ်ဘဲ၊ ဘယ်သူတွေ ပြန်ပြန်ပြီးအသက်သွင်းပေးနေတာလဲ။

မိတ်ဆွေ… ခင်ဗျားလား၊ ကျနော်လား။

ကျားသနားမှ နွားချမ်းသာဆိုတဲ့စကားပုံကိုမေ့ပစ်လိုက်။

ကျားကိုအရင် ကိုယ်ကဦးအောင်သတ်ရင်သတ်၊ မသတ်ရင် ကျားက ကိုယ့်ကို ကိုက်သတ်သွားလိမ့်မယ် ဆိုတဲ့ (ဆရာမြသန်းတင့်ပြောပြခဲ့ဖူးတဲ့) ပဲခူးရိုးမက မုဆိုးကြီးကိုဖိုးဇုံရဲ့ အဘိဓမ္မာကို သတိရကြ။    

ေ အ ာ င္ ေ ၀ း

သြဂုတ် ၉- ၂၀၁၃။

(အခုအချိန် ကျောင်းသားတပ်မတော်က “လဘံစား” နေတုန်း၊ ဒီစာရေးမိတဲ့အတွက် အားနာပါတယ်)