About MoeMaKa သတင်းပဒေသာ

MoeMaKa serves Burmese News Digest

Burmese News Digest – မြန်မာသတင်းပဒေသာ သောင်းပြောင်းထွေလာ တင်ဆက်မှု

လောကဓာတ်ခန်းသာဂိ၊ သြဂုတ် ၁၀၊ ၂၀၁၃

website address – http://moemaka.com/pressnews ဖြစ်ပါတယ်။ မိုးမခ၀က်ဆိုက်မှာ PressNews ဆိုတဲ့ စာမျက်နှာ တင်ဆက်မှုတခု လုပ်ထားတယ်။ ပြည်တွင်း ပြည်ပက သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ရေဒီယိုဌာန လက်လှမ်းမီသလောက်က အင်တာနက်စာမျက်နှာ၊ ဘလော့ဂ် နဲ့ ဖေ့စ်ဘွတ်မျက်နှာတွေက သတင်းတင်ဆက်မှုတွေကို အချိန်နဲ့အမျှ တစုတစည်းတည်း စုဝေးပြီး တခါတည်း ကြည့်နိုင်ဖို့ပါ။ သူတို့သတင်းတင်တင်ချင်း တက်နေအောင်တော့ ကြိုးစားထားပါတယ်။

အဲသည်က သတင်းဌာနတွေ၊ အဖွဲ့တွေရဲ့ လိပ်စာတွေကို စုစည်းပြီး ကဏ္ဍတွေ ခွဲတော့ အောက်ပါအတိုင်း ခွဲပါတယ်။ ပြည်တွင်းထုတ် ဂျာနယ်များ၊ ရေဒီယိုဌာနများ၊ ပြည်ပအခြေစိုက် သတင်းစာမျက်နှာများ၊ အထွေထွေဘလော့ဂ်များ၊ အီးဘုတ်တင်ဆက်မှုများ၊ ဖတ်စရာ မှတ်စရာများ (စာရေးဆရာတွေ၊ ၀ါသနာရှင်အစုအဖွဲ့တွေ တင်ဆက်မှု)၊ ၈၈ မျိုးဆက်ဖေ့စ်ဘွတ်များ၊ အင်န်အယ်ဒီ ဖေ့စ်ဘွတ်များနဲ့ လက်ရှိ (စစ်)အစိုးရရဲ့ ၀က်ဆိုက်များဆိုပြီး ကဏ္ဍတွေ ခွဲပြီး စုပြီး တင်ဆက်ထားပါတယ်။

ဘာလို့ လုပ်တာလဲဆိုတော့ မိုးမခ၀ိုင်းတော်သားတွေ သတင်းတွေ၊ စာတွေ လိုက်ရှာဖတ်ရတာ အဆင်ပြေအောင်လို့ပါ။ တနေရာတည်းမှာ သတင်းဌာနတွေက တင်သမျှကို ဖတ်နိုင်အောင် စုပေးတာပါပဲ။ အရင်တုန်းက ကြီးတော်နွားကျောင်းသားတွေအဖြစ် အင်တာနက်ကြီး ပိတ်ထားတုန်းက နေ့စဉ်သတင်းတွေကို အီးမေးကနေ စုပြီး ပို့ပေးတဲ့အလုပ်ကို လုပ်ပေးခဲ့တာကနေ အခု အင်တာနက်ကြီး ပွင့်နေတုန်း စာနယ်ဇင်းတွေက တင်ဆက်သမျှ သတင်းဆောင်းပါးတွေကို မူရင်းSource ကနေ တိုက်ရိုက် ဖတ်နိုင်အောင်လို့ပါ။ နောက်တော့လည်း မိုးမခစာဖတ်သူတွေ၊ သတင်းဖတ်သူတွေအတွက်ပါ လက်ဆင့်ကမ်း မျှဝေလိုက်ပါတယ်။

နောက်တခုကတော့ https://www.facebook.com/moemaka?hc_location=stream  နဲ့ပါ ချိတ်ထားပါတယ်။ ဖေ့စ်ဘွတ်တခုတည်း တမိုးလုံး ဖျောက်ဆိပ် သုံးစွဲသူတွေအဖို့ အဲသည် ဖေ့စ်ဘွတ်စာမျက်နှာကို Like လုပ်ထား၊ Followe လုပ်ထားရုံနဲ့ သတင်းတွေ တင်နေသမျှ မြင်နေရမှာဖြစ်ပါတယ်။ ဖေ့စ်ဘွတ်မှာက သန်ရာ သန်ရာ၊ စွဲရာ စွဲရာ ရေးကြ ပြောကြဆိုတော့ သူတို့တွေအတွက် မူရင်းသတင်းမှန်တွေ ဘယ်ကလာသလဲဆိုတာကို မျက်ခြေမပြတ်ကြည့်နိုင်ကြစေဖို့ပေါ့။

အင်တာနက်ပရိသတ်တွေ မျက်ခြေမပြတ် စောင့်ဖတ်ကြတဲ့ ဒေါက်တာလွဏ်းဆွေတို့၊ သစ်ထူးလွင်တို့ကိုလည်း PressNews ထဲမှာ ချိတ်ဆက်ထားပါတယ်။ သူတို့တွေကိုယ်တိုင် သတင်းတွေ ရွေးချယ်ကောက်နုတ်တာတွေကိုလည်း ကျနော်တို့ကိုယ်တိုင်က စောင့်ဖတ်နေကြရတာကိုးလေ။

ဒီဝက်ဆိုက်မျက်နှာလေးကို bookmark လုပ်ထားပါဦး၊ မိုးမခက ၀ိုင်းတော်သားတွေ ရေးသားတင်ဆက်တာတွေကို ဖတ်တာထက် PressNews က ၀င်လာနေတဲ့ သတင်းတွေ၊ ခေါင်းစဉ်တွေကိုပဲ ဖတ်တဲ့သူတွေ များနေရင်တော့ မိုးမခစာမျက်နှာတွေ မျက်နှာငယ်ကုန်တော့မှာပဲ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts