International News

မဲဆောက် ရွှေ့ပြောင်းပညာရေး – တက္ကသိုလ်ဝင်တန်းအတွက် ဘာသာစုံ ထောက်ကူသင်ကြားပေး

မဲဆောက် ရွှေ့ပြောင်းပညာရေး – တက္ကသိုလ်ဝင်တန်းအတွက် ဘာသာစုံ ထောက်ကူသင်ကြားပေး
 မောင်ပီ၊ ဒီဇင်ဘာ ၁၁၊ ၂၀၁၃
မြန်မာအစိုးရ၏ ၂၀၁၃-၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုကြမည့် ထိုင်းနိုင်ငံ မဲဆောက်မြို့နေ ရွှေ့ပြောင်းလုပ်သား မိသားစုဝင် ကျောင်းသားများကို သင်ကြားပေးရန် မန္တလေးမြို  “စံဟိန်း” ပညာရေး ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာ ဦးဝင်းနိုင်(သင်္ချာ) အပါအ၀င်ဆရာ ၇ ဦး မဲဆောက်မြို့သို့ ယနေ့ရောက်ရှိလာသည်။ 
ဆရာတော် ဓမ္မဒူတဒေါက်တာအရှင်ဆေကိန္ဒ၏ စီစဉ်မှုဖြင့်   ဘာသာစုံ မြန်မာသင်ရိုးညွှန်းတန်း ကို အဆိုပါ ရွှေ့ပြောင်းလုပ်သား မိသားစုများ၏ ဆာသူးလေ ကျောင်းသား ၁၄၇ ဦးအား ဘာသာစုံ အချိန်ပိုင်းအလိုက် ရက်သတ္တပတ်တပတ်ကြာ သင်ကြားပေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။
စံဟိန်းပညာရေး ကိုယ်ပိုင် အထက်တန်းကျောင်းမှ ဆရာဦးဝင်းနိုင် (သင်္ချာ)က “ ကျွန်တော်တို့ကို ဘုန်းဘုန်း (ဆရာတော် ရှင်ဆေကိန္ဒ) ကနေပြီး ဒီဖက် (မဲဆောက်)မှာ ကျောင်းသားတွေ ပညာရေး အခက်အခဲ ဖြစ်နေတယ် မင်းသွားလုပ်ပေးနိုင်မလား မေးတော့ တပည့်တော် လုပ်ပေးနိုင်ပါတယ် ဘုရား ဆိုပြီး လာခဲ့တာပါ ” ဟု ဆိုသည်။
 
လာရောက်ပညာဒါန ပြုသည့် ဆရာအင်အားမှာ ခုနှစ်ယောက် ရှိပြီး သင်ကြားရသည်မှာ ကောင်းမွန်ကြောင်းနှင့် သင်ကြားချိန်မှာ တဘာသာကို တနာရီနှုန်းဖြင့် ခြောက်ရက်ကြာ သင်ကြားသွားမည် ဖြစ်ကြောင်း ဦးဝင်းနိုင်မှ ရှင်းပြခဲ့သည်။

ဆာသူးလေ ကျောင်းသားတစ်ဦးဖြစ်သူ မောင်မောင်က “ ကျွန်တော်တို့ ဆီကို ဒီလိုဆရာတွေ လာတာ ကျွန်တော်တို့ ၀မ်းသားတယ်။ ကြိုဆိုတယ်။ ” ဟု ပြောသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts