Han Thit Naing သတင်းပဒေသာ

နိုင်ငံတော် အကြည်ညိုပျက်မှု အပြင် သာသနာ နှောက်ယှက်မှုဖြင့်ပါ ဒေါ်နော်အုန်းလှကို တရားစွဲဆိုထား

ဟန်သစ်နိုင်  (မိုးမခ)။ ဒီဇင်ဘာ၁၀ရက်၊ ၂၀၁၃


မကြာမီကမှပြန်လည်လွတ်မြောက်လာသည့် ဒေါ်နော်အုန်းလှကို ရန်ကုန်မြို့ တရုတ်သံရုံးရှေ့  မကြာမီက ဆန္ဒပြမှုတွင် တရုတ်နိုင်ငံအလံမီးရှို့ခြင်းအတွက်ယခုလ ၆ ရက်နေ့က  ပြန်လည်ဖမ်းဆီးခဲ့ပြီး ပုဒ်မ၅၀၅ (ခ) နိုင်ငံတော် အကြည်ညိုပျက်မှု အပြင် ၂၀၀၇ ခုနှစ်က ရွှေတိဂုံဝတ်ပြုဆုတောင်းခဲ့သည့်အတွက်ပုဒ်မ ၂၉ ၆ ဖြင့်ပါ ထပ်မံစွဲဆိုထားကြောင်း သိရှိရသည်။

နိုင်ငံတော်အကြည်ညိုပျက်မှုဖြင့် ယနေ့နံနက်ပိုင်းက ဒဂုံမြို့နယ်တရားရုံးသို့ ရုံးထုတ်စဉ်ဒေါ်နော်အုံးလှက ၎င်းအား ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ရွှေတိဂုံစေတီတွင် ၂၀၀၇ခုနှစ်က ၀တ်ပြုဆုတောင်းခဲ့ခြင်း အတွက် ပုဒ်မ ၂၉၆ (ဘာသာ သာသနာဆိုင်ရာ အစုအဝေးကိုနှောင့်ယှက်မှု) ဖြင့်ပါ စွဲဆိုထားကြောင်း ထုတ်ဖေါ် ပြောဆိုခဲ့သည်။
ဒဂုံမြို့နယ် တရားရုံးထုတ်လာသော ဒေါ်နော်အုံးလှကို တွေ့ရစဉ် (ဓါတ်ပုံ ဟန်သစ်နိုင်) 




ဒေါ်နော်အုန်းလှက“ ၂၀၀၇ က အမှုကို အခုမှ ပြန်ပြီး တရားစွဲတာ အံ့သြသွားတယ်။ ဒါနောက်ကြောင်း ပြန် လှည့်တာပေါ့ကျန်တာဘာမှမဖြစ်ပါဘူး ” ဟု ဆိုသည်။

၂၀၀၇ခုနှစ် ရွှေတိဂုံဘုရား ရင်ပြင်တော်၌ ဒေါ်အောင်ဆန်းစုကြည့် လွတ်မြောက်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများအား ပြန်လည်လွတ်မြောက်ရေးအတွက် ၀တ်ပြုဆုတောင်းရာတွင် လူစုလူဝေးဖြင့် ကျယ်လောင်စွာဆုတောင်းမှုဖြင့် ဂေါပက ဒုရုံးအဖွဲ့မှူး ဦးမောင်မောင်တင့်မှ တိုင်ကြားပြီး ရဲတပ်ဖွဲ့မှပုဒ်မ ၅၀၅ (ခ)  ယခုလို တရားစွဲဆိုထားခြင်းဖြစ်သည်။

ဒေါ်နော်အုံးလှကိုယနေ့ ရုံးထုတ်စစ်ဆေးရာတွင် အာမခံတောင်းသော်လည်း တရားခံမစုံသေးသဖြင့်  အာမခံမပေးပဲ ဒီဇင်ဘာ ၂၄ရက်သို့ ချိန်းဆိုလိုက်ကြောင်းနှင့်ယခုလောလောဆယ် ဖမ်းဆီးခံထားရသူ ၂ ဦးမှာ ဒေါ်နော်အုန်းလှ နှင့် ကိုတင်ထွဋ်ပိုင်တို့ ဖြစ်သည်။

ဒေါ်နော်အုန်းလှသည် မကြာသေးခင်ကမှ လက်ပံတောင်းတောင်အရေးကိစ္စတွင်  ခွင့်ပြုချက်မပါရှိဘဲ ဆန္ဒထုတ်ဖော်ခဲ့ သဖြင့် ထောင်ဒဏ်၂ နှစ်ချမှတ်ခံရပြီးနောက် ၂ နှစ်မပြည့်မီ နိုင်ငံရေး အကျဉ်းသားလွတ်ငြိမ်းခွင့် အစီအစဉ်ဖြင့်လွတ်မြောက်လာသူဖြစ်ကာ ဒီဇင်ဘာလ ၆ရက်နေ့ည ၁၀နာရီက  ဒဂုံမြို့နယ် ရဲစခန်းက စမ်းချောင်းမြို့နယ် သံတံတားရပ်ကွက် ဦးဒေးဗစ်လှမြင့်၏ နေအိမ်၌ လာရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts