သတင်းဆောင်းပါး ဇော်အောင် (မုံရွာ)

ဇော်အောင်(မုံရွာ) – ပုသိမ်တက္ကသိုလ်က စံပြု ဖွယ် စာတမ်းဖတ်ပွဲမြင်ကွင်း

ဇော်အောင်(မုံရွာ) – ပုသိမ်တက္ကသိုလ်က စံပြု ဖွယ် စာတမ်းဖတ်ပွဲမြင်ကွင်း

(မိုးမခ) ဒီဇင်ဘာ ၆၊ ၂၀၁၅

ပညာရေးတိုးတက်မှုအကြောင်း ပုသိမ်တက္ကသိုလ်ကို စံပြအဖြစ် မြင်တွေ့ရမှု 

 

ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဦးသိန်းအောင် အားပေးမှုနဲ့ မြန်မာဂျပန် စာတမ်းဖတ်ပွဲနဲ့ MOU သဘောတူညီချက် လက်မှတ်ထိုးပွဲ ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ အဓိကဆောင်ရွက်သူကတော့ ပါမေက္ခချုပ် ဒေါက်တာညွန့်ဖေ Ph.D Tokyo ဖြစ်ပါတယ်။

ဒေါက်တာညွန့်ဖေ ပါမောက္ခချုပ်ဖြစ်လာတဲ့ အစိုးရသစ်လက်ထက်မှာ၊ ဒီပုဂ္ဂိုလ်ကြီးတော့ လွှတ်တော်ဥက္ကဌ ဦးရွှေမန်းနဲ့ စကားပြောအဆင်မပြေမှုများကြောင့် အလုပ်ပြုတ်တော့မလား ဒေသခံလူများက စိုးရိမ်ကြပေမဲ့..တကယ်တမ်းလက်တွေ့အခြေအနေမှာတော့ လူတော်လူကောင်းတစ်ဦးဖြစ်တဲ့ ဒေါက်တာညွန့်ဖေ ဆက်လက်ရှင်သန်နေတာ ..အခု Myanmar-Japan 2nd Symposium စာတမ်းဖတ်ပွဲကို အသီးအပွင့်အဖြစ် တွေ့မြင်လိုက်ရပါတယ်။

 

ဂျပန်ပြည်ကနေ ပါရဂူဘွဲ့ရလာတဲ့အတွက် ဂျပန်တက္ကသိုလ် ပညာရင်များနဲ့ ဆက်ဆံရေးအလွန်ကောင်းခဲ့ပါတယ်။ သူရဲ့ ပင်ကိုယ်အရည်အချင်းတစ်ခုကတော့ လူအားလုံးကို လေးစားစွာဆက်ဆံခြင်းဖြစ်ပါတယ်။ 

ပုသိမ်တက္ကသိုလ်သို့ အလယ်ပတ်တစ်ခေါက်

၂၀၁၅ ဧပြီလမှာ ပုသိမ်တက္ကသိုလ်ကို မမျှော်လင့်ပဲ မိတ်ဆွေတစ်ဦးနဲ့ ရှောင်တခင်ရောက်ရှိသွားပါတယ်။ မိတ်ဆွေဖြစ်သူက စက်မှုအင်ဂျင်နီယာတစ်ဦးဖြစ်ပြီး၊ ဒေါက်တာညွန့်ဖေရဲ့ သုတေသနတွေ့ရှိချက်တစ်ခုကို စက်ကရိယာများ တပ်ဆင်ပေးပြီး လက်တွေအကောင်ထည်ဖေါ် စက်ရုံကုန်ထုတ်လုပ်ငန်း လုပ်ခဲ့စဉ် ရင်းနှီးခင်မင်ခဲ့ပါတယ်။ အခု ပုသိမ် တစ်ခေါက်ရောက်စဉ် TSP Technical Service Provider အဖွဲ့နဲ့ ပုသိမ်မြို့ မင်းကြီးလမ်းမှာ လူငယ်များကို ()ရက်သင်တန်း ပို့ချစဉ် အားလပ်ချိန်မှာ ဒေါက်တာညွန့်ဖေကို သွားရောက်တွေ့ဆုံခြင်းဖြစ်ပါတယ်။ မျက်နှာချင်းဆိုင်ပြီး တွေ့ရုံပဲ တွေ့ဖို့ ဆိုပေမဲ့ မိတ်ဆွေဟောင်းများအဖြစ် စကားပြောဆိုကြတာ နာရီဝက်မက အချိန်ကြာသွားပါတယ်။

 

မနက်ပိုင်းဆိုတော့ ဒေါက်တာညွန့်ဖေ ဗုဒ္ဓတရားများကို ဟောကြားနေတဲ့ အသံကြားရပါတယ်။ တရားဟောကြားမှု ပြီးဆုံးချိန်ထိအောင် စောင့်ပြီးတွေ့ပါတယ်။ ပါချုပ် အခန်းမိတ်ဆွေများကို မေးမြန်းကြည့်တော့ ဘုရားတရားနဲ့နေထိုင်ကျင့်ကြံသူ အဖြစ် ဝန်ထမ်းများက တလေးတစားရှိတာကို တွေ့ရပါတယ်။ ဒီလိုပဲ ဆရာကြီးက မနက်ပိုင်းဆို တပည့်ဆရာ၊ ဆရာမများ စိတ်ဝင်စားသူများကို ဓမ္မကထိက အလုပ်လုပ်ရင်း ဟောပြောပို့ချတယ်လို့ ဆိုပါတယ်။

 

ဒေါက်တာညွန့်ဖေ သူငယ်စဉ် ပုသိမ် အမှတ်() ..က ကျောင်းမှာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မေကြည် ကို သတိတရပြောဆိုပါတယ်။ အခု ဆရာမကြီးရဲ့သား ဒေါက်တာဝင်းသိန်း ဆိုတာလဲ ပုသိမ်မှာ ဆေးခန်းဖွင့်ထားတာ ဆရာကြီးဒေါက်တာညွန့်ဖေတို့လို စေတနာကြီးတဲ့ ဆရာဝန်ဖြစ်ပါတယ်။ ပါမောက္ခဒေါက်တာညွန့်ဖေ .. သူ့ရဲ့ တက္ကသိုလ်ပရိဝုတ်မှာ အကောင်းဆုံးဖြစ်အောင် ကျောင်းသား၊ မိဘ၊ ဆရာများကို တရားမျှတစွာ အုပ်ချုပ်ပါတယ်။

 

ပုသိမ်တက္ကသိုလ် ကတော့ နေပြည်တော်အသစ်ဆောက်ထားသလို အဆောက်အဦအသစ်ဖြစ်လို့ ခမ်းနားလှပါတယ်။ ပရဝုဏ်မှာ ရောမခေတ်က တိုင်လုံးကြီး ()လုံး နဲ့ ထောက်တည်ထားပြီး၊ ဘေးနှစ်ဖက်မှာလည်း တိုင် ()တိုင် နဲ့လှပါစွာ ဒီဇိုင်းလုပ်ထားပါတယ်။ မိန်းခမ်းမကြီးကတော့ လူတစ်ထောင်ခန့် ဆန့်ပါတယ်။ အပေါ်ထပ် အောက်ထပ် ဘွဲ့နှင်းသဘင်ခမ်းမဖြစ်ပါတယ်။ အိမ်သာများလည်း သန့်ရှင်းသပ်ယ်ာစွာ ဆောက်ထားပါတယ်။ ဂျပန် ဧည့်သည် ၁၀၀ကျော်အတွက် အိမ်သားများက အမွှေးနံ့သာများစွာနဲ့ မွှေးကြိုင်နေပါတယ်။

 

မြန်မာဂျပန် စင်ပိုရီယံ (စာတမ်းဖတ်ပွဲ)

နှစ်ရက်တိုင် ဒီဇင်ဘာ ၅၊ ၆ ၂၀၁၅ မှာကျင်းပမှာဖြစ်ပြီး၊ ဖွင့်ပွဲကို နံနက်စောစော ၇နာရီမှာ ဧည့်သည်စတင်နေရာယူကြပါတယ်။ ဧရာဝတီတိုင်း ဝန်ကြီးချုပ်နဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ နေရာယူပြီး ၇း၃၀ မှာ အခမ်းအနားစတင်ပါတယ်။ 

 

ပထမနေ့မှာတော့ ကရင်ဒုံးယိမ်းကပွဲများ၊ ပုသိမ်ထီးအလှကပွဲ၊ မောင်ရွှေရိုးအက၊ ကချင်အကများနဲ့ ကျောင်းသူကျောင်းသားများ သွတ်လပ်ဖြတ်လပ်စွာ အားမာန်အပြည့်နဲ့ ကပြကြပါတယ်။ အထိမ်းအမှတ် MOU လက်မှတ်ထိုးခြင်း၊ မိန့်ခွန်း အမှာစကားပြောခြင်း၊ အမှတ်တရလက်ဆောင်များပေးခြင်း တို့ပြုလုပ်ပြီး 

 

ပါမေက္ခဒေါက်တာညွန့်ဖေက တိုရင်းလိုရှင်း အဆုံးသပ်မိန့်ခွန်းကို ၅မိနစ်လောက် ဂျပန်၊ မြန်မား နှစ်ဘာသာနဲ့ ပြောပါတယ်။ ဖွင့်ပွဲအခန်းနား ၁နာရီကျော် ပြုလုပ်ပြီး အဓိကဖြစ်တဲ့ စာတန်းဖတ်ပွဲကို အခန်းကြီး (၉)ခုမှာ စတင်ပြုလုပ်ပါတယ်။

 

အတူပါလာတဲ့ မိတ်ဆွေက ဟာ.. ဒီပွဲက နေပြည်တော်မှာလုပ်တဲ့ အာစီယံနှီးနှောဖလှယ်ပွဲလိုပဲ တယ်ခမ်းနားပါလား ပြောပါတယ်။ ဒီပွဲမှာတော့ စာတမ်းဖတ်သူများ တစ်ခုကို ကျပ်နှစ်သောင်း စာအုပ်ထုတ်ဝေခ ပေးရပါတယ်။ တက်ရောက်သူများ၊ လေ့လာသူများလည်း ဝင်ကြေးအဖြစ် ကျပ် တစ်သောင်းခွဲ သတ်မှတ်ပြီး စာတမ်းဖတ်မှတ်တမ်းစာအုပ်၊ ပြက္ခဒိန်၊ အပြာရောင်အိတ်များကို လက်ဆောင်ပေးပါတယ်။

 

မနက်ပိုင်းမှာ ကောက်ညှင်းပေါင်း လဘက်ရည် ဧည့်ခံပြီး၊ နေ့လည်မှာတော့ ကြက်သားဟင်း၊ အစိမ်းကျော်၊ ပဲဟင်းချို၊ ငပိကြော်၊ တို့စရာများနဲ့ ဧည့်ခံကျွေးမွေးပါတယ်။ ကူညီလုပ်အားပေးတဲ့ ဆရာမများ ပန်းရောင်ဝမ်းဆက်၊ လုပ်အားပေးများ အပြာရောင်ဝမ်းဆက်၊ ကျောင်းသားကျောင်းသူများ အဖြူရောင်အကျီ အဝါရောင်ဝမ်းဆက် ကပွဲ ..ရောင်စုံလှပတဲ့ ကျောင်းသူ၊ ကျောင်းသားများကို ဝမ်းမြောက်ဖွယ် တွေ့လိုက်ရပါတယ်။ 

ဒီပွဲကို ဧရာဝတီတိုင်းဒေသကြီးအစိုးရနဲ့ တက္ကသိုလ်ရံပုံငွေ၊ ဂျပန်များ ပံ့ပိုးငွေနဲ့ စုစုပေါင်း ကျပ်သိန်း ၇၀၀ ခန့်အကုန်ခံကျင်းပခြင်းဖြစ်ပါတယ်။ ဂျပန်တက္ကသိုလ်ပါမောက္ခများ၊ လေ့လာသူများ တစ်ရာလောက် တက်ရောက်ပြီး၊ မလေးရှား၊ ထိုင်း၊ ဟောင်ကောင်၊ စင်ကာပူ၊ ဂျမဏီ၊ အင်္ဂလန်၊ အမေရိကန်နိုင်ငံများကလည်း တစ်ဦးကနေ ၁၀ဦးအထိ လက်ရောက်ကြပါတယ်။ အဓိကတော့ စာတန်းဖတ်ကြားခြင်း ဖြစ်ပါတယ်။

 

စာတမ်းများ

စာတမ်းဖတ်အခန်းများ ()ခုမှာ နှစ်ရက်အတွင်း စုစုပေါင်း စာတမ်း ၁၉၀ ဖတ်ကြားကြမယ်ဖြစ်ပါတယ်။ ဂျပန်ပညာရှင်များက စာတမ်းပေါင်း ၆၀ ကို ဖတ်ကြားပါမယ်။ ဒီစာတမ်းများကို မှတ်တမ်းအဖြစ် မြန်မာဂျပန် နှစ်နိုင်ငံက ထုတ်ဝေမယ်ဖြစ်ပါတယ်။ ဂျပန်နိုင်ငံ တက္ကသိုလ်များကလည်း ဒီ စာတမ်း မှတ်တမ်းများကို ကမ္ဘာနဲ့ဂျပန်သိအောင် လုပ်ဆောင်မယ်ဖြစ်ပါတယ်။

 

အားလုံးအင်္ဂလိပ်လိုစာတမ်းဖတ်သည်။ 

မြန်မာပညာရှင်၊ ဂျပန်ပညာရှင် အားလုံးက အင်္ဂလိပ်ဘာသာနဲ့ပဲ ပရိုဂျက်တာ ဆလိုက်များ ပြင်ဆင်ထားပြီး၊ အဂီလပ်ဘာသာနဲ့ ပြောဆိုပါတယ်။ ဂျပန်ပညာရှင်များ အင်္ဂလိပ်လို ပြောဆိုနိုင်ခြင်းက သာမညပညာရှင်များမဟုတ်ကြောင်း ဖေါ်ပြနေသလို မြန်မာပညာရှင် ၁၃၀ကျော် အင်္ဂလိပ်ဘာသာစကားကို ကြွမ်းကျင်စွာ ပြောဆို စာတမ်းဖတ်နိုင်ခြင်းက မြန်မာပညာရေး တခေတ်ဆန်းနေပြီ လို့ သမိုင်းဝင် စာတမ်းဖတ်ပွဲဖြစ်ပါတယ်။ 

အမေးအဖြေကဏ္ဍ 

မြန်မာများရဲ့ စီမနာ ဆွေးနွေးစာတမ်းဖတ်ပွဲမှာ မေးစရာများရှိပါသလား ဆိုရင် မေးသူမရှိ ဟောပြောပွဲပြီးဆုံးလေ့ ရှိပါတယ်။ ဒီစာတမ်းဖတ်ပွဲကတော့ မေးမြန်းသူ မြန်မာများစွာ တွေ့ရပါတယ်။ အထူးသဖြင့် ကျင်းပရေးကော်မတီက ဖိတ်ကြားထားတဲ့ မြန်မာနိုင်ငံ အနှံအပြားက တက္ကသိုလ်ဆရာများစွာကို တွေ့ရပါတယ်။ စာတန်းဖတ်သူ မြန်မာများ ၁၃၀ ကျော်နဲ့ လာရောက်နားထောင် မေးမြန်၊ စိတ်ဝင်စားသူ ၅၀၀ခန့်ကို တွေ့ရပါတယ်။ အခန်းတစ်ခန်းမှာ နားထောင်သူ ၄၀ခန့်ကို တွေ့ရပါတယ်။

 

ဘာသာရပ်များ

အများစု စာတမ်းဖတ်တဲ့ ဘာသာရပ်များကတော့ သုတေသနာစာတမ်းများ ဖြစ်တဲ့အတွက် အဆင့်မြင့် သင်္ချာသကေတများ၊ ညီမျှခြင်းများနဲ့ ရှင်းပြသွားကြပါတယ်။ သာမန်လူများ နားထောင်နိုင်တဲ့ စာတန်းများစွာလည်း ဖတ်ကြားကြပါတယ်။ 

 

Haroki YASUMA; Acoustic Measurement of Marine Forest in Japan

Masahiko FUJII: Developing Mini/Micro Hydropower in Japan ..

Duh Bik Cem: A Critical Study on “LOVE”

Khin Khin Si: Myanmar Gold and Silver Works in History

Htin Kyaw Lin: Land Revenue System in Ayeyawady Region

Hnin Mar Khin: The Background History of Myanmar Timber Industry

Zay Yar Phyoht: Stock Market Cyber Security …etc.

အစရှိတဲ့ စာတန်းပေါင်း ၁၉၀ဖြစ်ပါတယ်။ လာရောက်ဖတ်ကြားတဲ့ မြန်မာပညာရှင်အများစုကတော့ ဒေါက်တာဘွဲ့ရ Ph.D မြန်မာပြည် လူငယ်များဖြစ်ပါတယ်။ စာတန်းတစ်ခုကို စာတစ်မျက်နှာခန့် အကျဉ်းရေးသားချက် စာအုပ်တစ်အုပ်ကို ထုတ်ဝေပါတယ်။ စာတန်းဖတ်ချိန် နဲ့ အမေးအဖြေ ကဏ္ဍကို ၁၅ မိနစ်စီ အချိန်ပေးထားပါတယ်။ 

 

နိဂုံး



မြန်မာပညာရေး တခေတ်ဆန်းခြင်း ဖြစ်ပါတယ်။

 

သမ္မတဦးသိန်းစိန်လက်ထက် ၅နှစ်အတွင်းမှာ တက္ကသိုလ်ပညာရေးကို တက္ကသိုလ်များ မိမိတို့ဒေသအစိုးရများနဲ့ ညှိနှိုင်းပြီး နိုင်ငံတကာပညာရှင်များနဲ့ MOU အပြန်အလှန်နားလည်မှုများ ဗဟိုထိန်းချုပ်မှု မရှိပဲ လုပ်ဆောင်လာခြင်း ဖြစ်ပါတယ်။

 

 ပညာရေးဝန်ကြီးထံကို စာတင်ခွင့်ပြုချက်ရယူခြင်း မလိုအပ်ပဲ၊ အထက်အရာရှိများကလည်း အာဏာခွဲဝေပေးမှုကို ပြုလုပ်ခြင်း နမူနာဖြစ်ပါတယ်။ ဆရာများခန့်ထားခြင်း၊ စာမေးပွဲစစ်ခြင်းများကို ဒေသတက္ကသိုလ်ကောလိပ်များက အဂတိလိုက်စားမှုမရှိပဲ မှန်ကန်စွာလုပ်နိုင်လာတော့မယ် ဖြစ်ပါတယ်။

 

ယခင်ကတော့ နိုင်ငံခြားပညာတော်သင်သွားပြီး ပြန်မလာရင် ပညာရေးဝန်ကြီးဌာနက ဖမ်းချုပ်အရေးယူတဲ့အထိ လုပ်လေ့ရှိပါတယ်။ အခုတော့ နိုင်ငံတကာလိုပဲ ပညာသင်သွားသူများကို မထိမ်းချုပ်တော့ပါဘူး။ သို့သော်လည်း ပတ်စပို့လုပ်ခြင်း၊ နိုင်ငံခြားကိုယ့်စရိတ်နဲ့ သွားလာခြင်းများကို အနည်းငယ်ထိန်းချုပ်မှုတော့ ရှိနေပါသေးတယ်။ ယခု စာတမ်းဖတ်ပွဲကို မြစ်ကြီးနား၊ မိုးညှင်း၊ လားရှိုး၊ စစ်တွေ စတဲ့ ဝေးလံတဲ့ တက္ကသိုလ်များက လူငယ်ဆရာ၊ ဆရာမများ ကိုယ့်စရိတ်နဲ့ ကိုယ် လာရောက်လေ့လာ နားထောင်ကြတာကို အားရစဖွယ် တွေ့ရပါတယ်။

 

မြန်မာပညာရှင်များ အထူးသဖြင့် တက္ကသိုလ်ဆရာ၊ ဆရာမများ တက်ကြွစွာ ပါဝင်စာတမ်းဖတ်ရာမှာ အဂီလိပ်ဘာသာရပ်ကို ကြွမ်းကျင်စွာ ပြောဆို၊ မေးခွန်းထုတ်၊ ဖြေကြားသွားတဲ့အတွက် လေးစားစရာဖြစ်ပါတယ်။ နောက်နောင် ဒါမျိုးစာတမ်းဖတ်ပွဲများကို သက်ဆိုင် တက္ကသိုလ်များက တနိုင်တပိုင်လုပ်ဆောင်သွားဖို့ ပုသိမ်တက္ကသိုလ် ဒုတိယအကြိမ် စာတမ်းဖတ်ပွဲကို စံပြနမူနာအဖြစ် မှတ်တမ်းတင်လိုက်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts