ကဗျာ

နီဇူလိုင် – သူတို့ရဲ့ ခြေလှမ်းတွေမှာ

 နီဇူလိုင် – သူတို့ရဲ့ ခြေလှမ်းတွေမှာ
(မိုးမခ) ဖေဖော်ဝါရီ ၂၁၊ ၂၀၁၅

==============================

အညာနွေကိုအံတုလို့ … သူတို့ ခရီးကြမ်းကို လျှောက်ကြတယ်
သူတို့ရဲ့ ခြေလှမ်းတွေမှာ .. အသားမာတက်အက်ကွဲနေတဲ့ ခြေဖ၀ါးတွေတွေ့တယ်
သူတို့ရဲ့ ခြေလှမ်းတွေမှာ.. အညာနေလောင်ထားတဲ့ ..အရေပြားစစ်စစ်တွေတွေ့တယ်
သူတို့ရဲ့ ခြေလှမ်းတွေမှာ.. ယုံကြည်ချက်နဲ့ ဇွဲသတ္တိတွေတွေ့တယ်
သူတို့ရဲ့ ခြေလှမ်းတွေမှာ  ပညာဥာဏ်သတိတွေတွေ့ တယ်
သူတို့ရဲ့ ခြေလှမ်းတွေမှာ ခေတ်သစ်ရဲ့ နည်းပညာအသစ်တွေတွေ့ တယ်
သူတို့ရဲ့ ခြေလှမ်းတွေမှာ သမိုင်းရဲ့  အမြုတေအဆီအနှစ်  တွေတွေ့ တယ်
သူတို့ရဲ့ ခြေလှမ်းတွေမှာ.. ခိုင်မာသိမ်မွေ့တဲ့ ဗျူဟာတွေတွေ့ တယ်
သူတို့ရဲ့ ခြေလှမ်းတွေမှာ… ပြည်သူတွေရဲ့ မေတ္တာတွေတွေ့ တယ်
သူတို့ရဲ့ ခြေလှမ်းတွေမှာ.. အနာဂတ်အတွက် မှန်ကန်တဲ့ ရည်မှန်းချက်တွေကို တွေ့ တယ်
အညာနွေကိုအံတုလို့ .. သူတို့ခရီးကြမ်းကို..လျှောက်ကြတယ်

(ဒီမိုကရေစီပညာရေးအတွက်.. သပိတ်မှောက်နေသော.. ကျောင်းသားများသို့ …)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts