အဆိုတော် တူးတူး၏အသက်ငါးဆယ်ပြည့်ရွှေရတုအထိမ်း
အဆိုတော် မေခလာမှလည်း ‘ချစ်ငယ်က မောင်လေးကိုလာအားပေးတာပါ ၊ တူးတူးသီချင်းတွေ ပြန်လည်သီဆိုတာကို ကြိုဆိုပါတယ်’ ဟု ဆိုသည်။
လာရောက်ကြည့်ရှုသော ပရိသတ် အမျိုးသမီးတစ်ဦးက “တူးတူးသီချင်းတွေက ရင်ကိုအေးမြေ
ည ( ၈ ) နာရီတိတိတွင် THE ACES အဖွဲ့၏ ဒရမ်ရိုက်ချက်သံပြင်းပြင်းနှင့်အတူ ‘အချစ်ရဲ့ရုပ်သေး သီချင်း’ ဖြင့်ဖျော်ဖြေပွဲအားစတင်ဖွင့်လှစ်ခဲ့သည်။ ယခုညအစီအစဉ်ကို FORD ကားကုမ္ပဏီနှင့် PREMIER COFFEE တို့ မှ အဓိက ပံ့ပိုးကူညီသည် ။
ဗစ်တာခင်ညို ၊ခိုင်ထူး ၊ဂျေမောင်မောင် ၊ချစ်ကောင်း၊ အက်စကဲနက့်၊ ကော်နီ နှင့်ဟေမာနေဝင်းတို့ ကူညီသီဆိုပေးခဲ့သည် ။ တူးတူး၏ စင်မြင့်အပြင်အဆင်ကို နေမျိုးဆေးမှ ပြုလုပ်ပေးခဲ့ပြီး ပွဲဖြစ်မြောက်ရေးအတွက် အစအဆုံးကူညီပေးသူမှာ စိုးနိုင်ထွန်း (အီကြာကွေး ) ဖြစ်သည် ။ အဝတ်အစားများကို အမေရိကားမှ မသန္တာက ပေးပို့ပေးခဲ့ပါသည် ။
မွေးနေ့ကိတ်ကို အနုပညာ မောင်နှမများဖြစ်ကြသော ချစ်ကောင်း ၊ဟေမာနေဝင်း ၊အနဂ္ဂ၊ သံသာဝင်း ၊ဂျေမောင်မောင် ၊မေဆွိ ၊အက်စကဲနက် ၊ THE ACES အဖွဲ့တို့နှင့်အတူ တူးတူး၏ဇနှီးချော ပင်ကီ ပါဝင်ကာ တူးတူးနှင့်အတူ ကိတ်ကိုလှီးခဲ့ကြသည်။
တူးတူးသည် အစီအစဉ်ကောင်းများနှင့် သီချင်း
တူးတူးနှင့် THE ACES အဖွဲ့၏ဖျော်ဖြေမှုကို ည( ၁၂ ) နာရီတွင်အဆုံးသတ်ခဲ့ပါသည်။ THE ACES အဖွဲ့တွင် လိဒ်ဂစ်တာ ပက်ထရစ် ၊ဘေ့စ် ဆလိုင်းဇာလျန်း ၊ ကီးဘုတ် ကျော်သက်နိုင် ၊ ဒရမ်ပတ်ကားရှင်း စိုင်းသာဌေး တို့က တီးခတ်ပေးခဲ့ကြသည်။
ွှThe Aces (တေးပန်းချီ) ရဲ့ Keyboard Player နာမည် က ကျော်စိုးနိုင် ပါ..။
ကိုဇာလျန်း အပါအ၀င် the aces မူရင်းလူတွေ တီးနေတုန်း.. ကျန်းမာနေတုန်းမို့ ၀မ်းသာမိပါတယ်။