မင်းတာရာ
မင်းတာရာ – အတ္တကင်းတဲ့ စစ်တလင်းဖြစ်ပါစေ ..
အတ္တကင်းတဲ့ စစ်တလင်းဖြစ်ပါစေ
မင်းတာရာ
နိုဝင်ဘာ ၁၃၊ ၂၀၁၃
ဒေါသထန်ပြင်း ဘီလူးမင်း..ရဲ့
စစ်မီးတောက်အောက်မှာ..အရိုးကောက်နေကြ
အဖေနှင့်အမေပေါင်းမှ  လူဖြစ်လာခဲ့ရလည်း..
အဖေ မေခေါ်စရာမရှိတော့တဲ့..ကလေးတချို့
မနက်ဖြန်ဆိုတာရှိလည်း  မနက်ဖန်ပျောက်နေသူတွေ
ဗုံးသံ..အမြောက်ဆံကြား ယမ်းဆိပ်ရှုရှိုက်ရင်း…….။
ဖယ်ဒရယ်မူကိုကြည်ဖြူ..ဖယ်ဒရယ်တပ်မှာအယူကွဲ
ပြည်တွင်းစစ်ရပ်စဲဖို့ အရေး နောက်နှေးနေရ
ချက်ချင်းကြီးရေကြည်မရလည်း..မဟာဗျူဟာ
နည်းဗျူဟာတွေနဲ့ လက်တွဲ. ဖအံ (ဖါးအံ) ဆွေးနွေးပွဲသို့ ..။
သွေးစုတ်ဖုတ်ကောင် နမ်းရှိုက်ဖို့ ..ညှီစို့ စို့ ပန်းရနံ့
သားစားကြူးဘီလူးရဲ့ အာပုပ်စော်နံ့ တွေပြန့် ကြဲနေတဲ့
အနိဠာရုံနယ်စပ်တောအုပ်တွေ………………….
စစ်ဘရိတ်အုပ်လို့  ငြိမ်းချမ်းရေးပန်းတွေပွင့်
တောကြောင်လို ကျီးကန်းတွေမြူးဖို့ ..
ညီနောင်အချင်းချင်းသတ် အလောင်းချင်းထပ်ရဦးမှာလား
“ကြား“ စားဖို့ လောင်းကစားတွေ ရပ်စဲသင့်ပေါ့….။
အရိုင်းဆန်ဆန်လှပခဲ့ကြ သင်္ချိုင်းကုန်းတွေက
(ပြည်တွင်းစစ်ဆိုတာ တိုင်းပြည်ကိုဝါးမျိုတဲ့ဘီလူး)။
ထောင်ဝင်စာတွေ့ မလွယ်တဲ့
စိတ်အကျဉ်းသားတွေ….လွတ်လပ်ပါစေတော့
ကံထမ်းပြီးမြန်းရမည်ကို..လှံထမ်းပြီးရမ်းချင်နေကြ
အနိစ္စ..ဒုက္ခ.. အနန္တ..တခြားဂြိုလ်ကပြိုမကျဘူး..
ကိုယ့်ကိုယ်ထဲက..ယိုထွက်ပစ္စည်း………….
အမေ့ကြီးမေ့နေကြထင့်…လှည့်စားတတ်လွန်းတဲ့ထိုအတ္တ..။         ။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts