မင်းတာရာ
ဖေဖော်ဝါရီ ၂၇၊ ၂၀၁၄
မာယာကကြိုးတွေနဲ့  ငါ့ရင်ဆီရွေ့တိုး
ပျိုးသွားလိုက်တဲ့ မိုးပျံမျှော်လင့်ချက်
ခုတော့ဖြင့်
ခမ်းနားနေလိုက်တဲ့ ဝေဒနာစုံအလွမ်း
ရင်ဘတ်ကြီး ကျိုးကျတော့မယ် ခမန်းကဲ့။
နေ့ရက်တွေ ရွေ့လျှားခြင်းပွတ်တိုက်မှုအောက်
နေ့သစ်တွေရောက်ရောက်လာနေဆဲဘဲလေ…။
နှစ်ဟောင်းတွေထဲ မြှုပ်နှံခံရ
သူရဲကောင်းများစွာမကပါဘဲမို့ 
ရင်ကမ္ဘာမှာ ကွယ်ဝှက်သိမ်းဆည်း
အချစ်ကြီးချစ်ဖို့  နှလုံးသွေးနဲ့ ရွေးချယ်
ဒီမယ်..ဟိုအဝှာ
နာကျင်အသည်းက သွေးမခဲသေးဘူး။
“နေသာ” ရလို့ 
တွန်သံသာယာ အာမြည်လိုက်ဖို့ … ငါက
ဒေါင်းယောင်ဆောင် ကျီးတစ်ကောင်မှမဟုတ်တာ…။
ရှေ့မှာတွေ့လား ခြောက်ချားစရာ
မာယာဂျောက် (ချောက်) ကမ်းပါးတွေနဲ့ 
တိုးရွေ့လှုပ်ရှား လှန်လျှောသွားတဲ့ စာမျက်နာ။
ကျော့ကျော့ကယ်ကွဲ့  နွဲ့ မှူး
ထူးတယ်လို့  အသင်ယူဆရင်
ပျံချင်ရာ…ပျံလိုက်စမ်းပါ
သံသာရာစခန်းဆိုတာ ကံထမ်းသွားရတာမို့ 
တဆယ့်နှစ်လွှာကို နိုင်သလောက်ခွာခဲ့စမ်းပေါ့
လူသားချင်းမို့  စာနာခြင်းတရားနဲ့ ပါ..ဟိုအဝှာ..။