မင်းတာရာ
Min Tayar – Poem
အပ္ဗမာဒေန သမ္ပ္ဗာဒေထ
မင်းတာရာ
စက်တင်ဘာ ၂၇၊ ၂၀၁၃
ပါးကို…ညင်..သာစွာလှည့်..နားကိုရိုက်တာလား
နားအရောင်ထွက်စေလှည့်စေပြီး ပါးရိုက်တာလား
ဝေဒနာ ဖြေသာဖို့ က ပျဉ်ဖိုးအထပ်ထပ်နဲ့ မို့ မယုံရဲရဲ
အရေခွံလဲလိုက်ရုံနဲ့ ….ဖါးလောင်းတွေက ဘ၀ပြောင်း
(သွေးအလိမ်းလိမ်းဓါးချ တရားရ“အသောကမင်းမြတ်“ရှိသပေါ့)
အံဝှက်အဖွင့်အပိတ်နဲ့ အပိတ်အဖွင့်မှာအံဝှက်
အဖေါ်အမြုပ်တွေက မှော်ဆန်အမြုပ်အဖေါ်တွေနဲ့ 
ငါ့လက်ညိုးကသူ့ ဆီတည့်တည့်ထိုး သူ့ လက်ညိုးကငါ့ဆီ
နဂိုအတိုင်းတွေက ..ဒီအတိုင်းနဂိုထဲနစ်မြုပ်နေဆဲ
လေထဲမှာတော့….ရွှေရောင်တောက်ပ မြန်မာနိုင်ငံ။
စာရွက်ပေါ်ကအထွက်တိုးနုန်းတွေ .သီးနှံ..လျှံပယ်                       
ကချင်ပြည်နယ်နဲ့ တကွ စစ်တလင်းဘ၀…စစ်အတွက်ဟင်းလင်းနေရ
ရွာပြေး..ရွာရှောင်အနာဂတ်က မည်းမှောင်..ယောင်ချာချာ
အကျဉ်းကျဥပဒေခမျာ ငိုက်မြည်း တိတ်ဆိတ်နေရဆဲနဲ့ 
တိုင်းကျိုးပြည်ကျိုး ကမ္ဘာရိုးတလျှောက်..
အာခေါင်ပေါက်အောင် ၀န်ဆောင်ရွက်ပိုးသူတို့ (ကိုမင်းနိုင်ရေ)
သူတို့ ခြေချင်းမှာ မမြင်ကြိုးတိုးလိတန်းလန်း
အမြင်တစ်ချက်အရမ်းမှာတော့…ပြီး…ရင်….ဖြင့်……….
သခင်ပေါက်စ ထောင်ခြောက်လ အဝေးကျန်ခဲ့ရပြီမို့ 
အပ္ဗမာဒေန …………….သမ္ဗာဒေထ……………..။
ခက်ဆစ်
အပ္ဗမာဒေန သမ္ဗာဒေထ (သုံးလောကထွဋ်ထားဘုရားရှင်၏ မိန့် မှာတရား)
သခင်ပေါက်စ ထောင်ခြောက်လ( လွတ်လပ်ရေးမရမီ ဗိုလ်ချုပ်(အောင်ဆန်း)တို့ ခေတ်)
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts