မင်းတာရာ
မင်းတာရာ – မီးသီတဲ့ ကြိုး
မီးသီတဲ့ ကြိုး
မင်းတာရာ
ဒီဇင်ဘာ ၁၈၊ ၂၀၁၃
Photo by Aung Htet
အာရပ်နွေဦးကို အိပ်မက်ထဲ ထည့်မက်ကြည့်တော့
သူတကာတွေနဲ့ မတူအောင် သွေးတွေချင်းချင်းနီ
ဂျီနီဗာ ကွန်ဗေးရှင်းတွေက ဘေးကင်းရာမှာ
သင်္ချာဗေဒနဲ့  ဘောဂဗေဒဆန်ဆန်ရှောင်ရှားနေခဲ့။
သူတို့ က…ပွင့်ချိန် သီးချိန်ကို
ပေသီးရိုက်ချိန် ကုန်လွန်တဲ့အထိစောင့်လို့ ။
ငါတို့ က ..အတ္တဟိတိ အတ္တနောနာထောနဲ့ ဆွဲဖွင့်
တည်ဆောက်ခဲ့ကြ……။
ကိုယ့်ရိတ်သိမ်းချိန်နဲ့ ကိုယ်ဆိုသော်ငြား
သူတို့ က. မုန်တိုင်းကြား အသာလေး တစ်ကျပ်ရသွားလည်း
ငါတို့ မှာ. တစ်မတ်အတွက် ကြိုးတန်းလန်းနဲ့ ချွေးတလုံးလုံး
နားနေကွန်းခိုစရာ…ကိုယ့်အပင်အောက် 
ကိုယ်တွေအတွက် အရိပ်ပျောက်ရှနေကြရ…။
အဲဒီ့ဇာတ်
လှိုင်းတွန့် နေရောင် မာယာဆောင်တို့ 
သွေ့ ခြောက် သွေ့ လောင် အာခေါင်တွေမို့ 
ရေအသွင်ရုပ်အဆင်း သူတို့ ဖန်ဆင်းလို့ 
ရွှေသမင်အလိုက် မမှားချင်သလို
မင်းကြီးတာကထွက်တဲ့….ဒီရွှေသမင်….။
ကိုယ့်အရပ်နဲ့  ကိုယ့်ဇာတ်မှာ………..
သေအောင်ဆုံးမ . ဆုံးမရင်သေရတဲ့ ဒီဇာတ်ထုပ်
ပေါက်အောင်တီးရင်း. တီးရင်းပေါက်သွားတဲ့ ပတ်မကြီး
သာယာနာပျော်ဖွယ်ရာ မြည်ဟီးဖို့ အရေးမှာ
လိုရာ ပုံသွင်းခံ ပတ်စာ က ငါတို့ တွေလား…….။
ပြားသွားတဲ့ ဒီကမ္ဘာကြီးကြားအောင်…
ငိုကြီးဟစ်ကျယ်  ရီမောပြစ်လိုက်မယ်ကမ္ဘာကုန်ကျယ်သ၍
အရွေ့ အပြောင်းမှာ
ကျေးတောသားကနေ မြို့ ပြသားဖြစ်တဲ့ ကိစ္စကိုများ……………..။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts