Art – Than Htay Maung ကျော်မောင် (တိုင်းတာရေး) – လက်ပတ်နာရီ (မိုးမခ) မတ် ၆၊ ၂၀၁၉ “ဆရာမ ဆရာမ” နောက်နားဆီကနေ တိုးတိုးလေးခေါ်သံကြားတယ်။ သူမတ်တပ်ရပ်နေတဲ့ နေရာကနေ နောက်ဘက်ကို လှည့်ကြည့်လိုက်တော့ ညာဘက်နောက်ဆုံးခုံက တစ်ယောက်ကို တွေ့ရတယ်။ အဲဒီတယောက် လှမ်းခေါ်တာများလား။ ဘယ်ဘက်က ကလေးမလေးကတော့ ဦးခေါင်းငုံ့ပြီး ဖြေလွှာပေါ်မှာ…

Continue Reading

ကျော်မောင်(တိုင်းတာရေး) – ၀တ္ထုမဖတ်သည့် ပညာတတ်  (မိုးမခ) သြဂုတ် ၃၀၊ ၂၀၁၈ ညတညတွင် မိတ်ဆွေရင်းတယောက်နှင့် ကော်ဖီသောက်ကာ စကားစမြည်ပြောကြရင်း ၀တ္ထုမဖတ်သည့် လူတွေရှိကြကြောင်း ပြောလိုက်မိသည်။ သူက ရယ်ရင်း ဒါဟာ သူတို့လိုလူမျိုးတွေကို ပြောတာဖြစ်ကြောင်း ခနဲ့ပြုံးလေးဖြင့် ပြန်ပြောသည်။ တကယ်ကို ၀တ္ထုတွေ မဖတ်တာလားဟု မေးသောအခါ သူဟာ ငယ်ငယ်လေးကတည်းက ၀တ္ထုဖတ်တဲ့သူ မဟုတ်ကြောင်း၊…

Continue Reading

ကျော်မောင် (တိုင်းတာရေး) ● နောက်ကစီပါ (မိုးမခ) ဇူလိုင် ၂၈၊ ၂ဝ၁၈ တစ်ရက်မှာ ရွှေတိဂုံစေတီတော်သို့ ဘုရားဖူးသွားကြသည်။ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်တို့ကို မှန်ပြောင်းဖြင့်အနီးကပ်ကြည့်၍ရသည့်နေရာသို့ ရောက်သွားသည်။ ကြည့်နေသူရှိသည်။ အသက်အစိတ်လောက် ရှိမည်ဟု ခန့်မှန်းရသော နိုင်ငံခြားသူနှစ်ယောက်လည်း သူ့နောက်တွင် မတ်တပ်ရပ်စောင့်နေသည်။ သူတို့သည် မြန်မာဝတ်စုံများ ဝတ်ဆင်ထားကြသည်ကို သတိပြုမိသည်။ ကျနော်တို့လည်း သူတို့နောက် မလှမ်းမကမ်းတွင်…

Continue Reading

ကျော်မောင် (တိုင်းတာရေး) ● အိုးကြီးချက် (မိုးမခ) ဇူလိုင် ၁၂၊ ၂၀၁၈ တယောက်စာ အတွက် ချက်ပြုတ်ရတာက လွယ်တယ်လို့ ဆိုကြလေ့ရှိတယ်။ အများအတွက်ဆိုရင် ချက်ပြုတ်သူရဲ့ စီမံမှုအပေါ် မူတည်သွားတယ်။ စားသောက်မယ့်လူတွေရဲ့ ရှိရင်းစွဲအရသာကို ပြင်ပေးနိုင်ခွင့် ရှိတယ်။ ရခဲ့ကြဖူးတဲ့အရသာ အဟောင်းတွေ အရသာအကောင်းတွေကို ပြန်လည်တမ်းတစေခွင့် ရှိတယ်။ အရသာအသစ်တွေကိုလည်း ဖန်တီးပေးနိုင်ခွင့် ရှိတယ်။ သုံးလေးငါးယောက်ရှိတဲ့…

Continue Reading

ကျော်မောင်(တိုင်းတာရေး) – အကြောင်းညီညွတ်ရင်  (မိုးမခ) ဇွန် ၁၀၊ ၂၀၁၈နွေညတစ်ညတွင် ပူအိုက်သောကြောင့် အိပ်ရာမ၀င်နိုင်ကြသေးဘဲ သံပရာဖျော်ရည်သောက်ရင်း အောက်ပါအတိုင်း စကားစမြည် ပြောဖြစ်ကြလေသည်။ အဖေ။ ။ သားရဲ့ညီလေးက ပုဆိုးမ၀တ်ဘူးကွ။ ပြောလို့လည်း မရပါဘူးကွာ။ ပွဲလေးဘာလေးရှိမှပဲ ပုဆိုးအတင်းဝတ်ခိုင်းလို့ ရတယ်။ ဘောင်းဘီပဲ ၀တ်နေတာကြည့်ပြီး သား အမေက အိုက်လိုက်တာ သားလေးရယ်လို့ ပြောပြောနေတာ ကြားရတယ်။…

Continue Reading

ကျော်မောင်(တိုင်းတာရေး) – အလျော့ အနေအထားနဲ့ အတိုး (မိုးမခ) ဇန်န၀ါရီ ၂၈၊ ၂၀၁၈ တက္ကသိုလ်မှာ သုံးနှစ်သုံးမိုးမက ပညာသင်ပြီး ထိုထိုတက္ကသိုလ်တွေက ပေးတဲ့ ဘွဲ့အသီးသီးကို ယူကြဖို့အတွက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပမည့်နေ့ရက်ဆိုတာကို သတင်းစာကနေ ကြေငြာထားရာမှာ အစမ်းလေ့ကျင့်မည့်နေ့ရက်ဆိုတာကိုလည်း တပါတည်းထည့်သွင်းကြေငြာလေ့ရှိပါတယ်။ ဘွဲ့တောင် ယူတော့မယ့် မောင်မယ်များကို ဘွဲ့ယူတဲ့အခါ ဒီလို၊ ဒီပုံယူရတယ်လို့ အချိန်သက်သက် တရက်ပေးပြီး ရှင်းပြတာ၊…

Continue Reading

ကျော်မောင် (တိုင်းတာရေး) ● အကြော်မပါရင် (မိုးမခ) အောက်တိုဘာ ၁၄၊ ၂၀၁၇ သိပ်မကြာသေးသော တစ်ခါတုန်းက ဖြစ်စဉ်တစ်ခုဖြစ်သည်။ စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ကာ အသက်မွေးဝမ်းကျောင်းပြု နေသော ရန်ကုန်မြို့ကြီးသားတစ်ယောက် ရှိသည်။ ရန်ကုန်သားဟု သုံးစွဲကြပါစို့။ တစ်နေ့သော် သူသည် သူအလုပ်လုပ် ရာရုံးသို့ ခါတိုင်းရက်များကဲ့သို့ပင် ပုံမှန်အချိန်တွင်ရောက်၏။ ပြုလုပ်ရန်ရှိသော ကိစ္စအ၀၀တို့ကို အားကြိုးမာန်တက် ပြုလုပ်ပြီးသော် ညနေပိုင်း…

Continue Reading

 ကျော်မောင် (တိုင်းတာရေး) ● ထိုင်၍ရသော ခုံများ (မိုးမခ) ဇွန် ၂၈၊ ၂ဝ၁၇ ● နိဒါန်း စားသောက်ဆိုင်တစ်ဆိုင်ဆိုင်တွင် မိတ်ဆွေ တစ်ယောက်ယောက်နှင့် အမှတ်မထင်တွေ့လျှင် ထိုတစ်ယောက်မှ သူထိုင်နေ သော စားပွဲဝိုင်းရှိထိုင်ခုံတွင် လာထိုင်ပါဦးလားဟု စကားစမြည်ပြောရန် ထိုင်ခုံနေရာပေးလေ့ရှိသည်။ “မတ်တပ်ကြီးရပ်မနေ ပါနဲ့၊ ရော့ ဒီမှာခုံ၊ လာထိုင်စမ်းပါကွာ၊  ကြည့်မကောင်းပါဘူး” ဟုလည်း ပြောကြဆိုကြသည်။…

Continue Reading

ကျော်မောင် (တိုင်းတာရေး) ● မြို့ကြီးသို့ …. (မိုးမခ) မေ ၂၆၊ ၂၀၁၇ ရန်ကုန်သားတစ်ယောက် ၂၀၁၇ ဧပြီ ၂၈ တွင် ရန်ကုန်အလည်ပြန်ရောက်သည့်အခါ ရန်ကုန်မြို့ကြီးသည် သူ့အတွက် မေး ခွန်းပုစ္ဆာဖြစ်နေသည်။ ရေခြားမြေခြား တပြည်မကခြားသော်ငြား သတင်းအဆက်မပြတ်စေရန် သတင်းအမြဲတမ်းစောင့် ဖတ်ခြင်း၊ ရန်ကုန်တွင်နေထိုင်သော အိမ်သားများနှင့် အင်တာနက်မှတဆင့် စကားပြောခြင်း၊ လူမှုကွန်ယက်တွင် တက်လာ…

Continue Reading

ကျော်မောင် (တိုင်းတာရေး) ● ဘာနဲ့ပက်မှာလဲ ဘယ်လိုပက်မှာလဲ …. (မိုးမခ) ဧပြီ ၁၄၊ ၂၀၁၇ “ကျနော် အပြင်ထွက်ပြီး ရေသွားပက်လိုက်ဦးမယ်” “အေး သွားကွ၊ ဒါနဲ့ ဘာနဲ့ပက်မှာလဲ မင်းဟာက ရေပုံးလည်းမပါ၊ ရေခွက်လည်းမပါနဲ့၊ ရေရောဘယ်မှာလဲ ရေ ရေ” “ရပါတယ် အဖေရ၊ လမ်းပေါ်ရောက်တာနဲ့ အဆင်ပြေမှာပါ” “ဟေး တူကြီး အပြင်ထွက်မလို့လား၊…

Continue Reading