မင်းညွှန့်လှိုင်

Min Nyunt Hlaing – Poem

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ရုပ်ပုံလွှာများနဲ့ ဖွဲ့ နွဲ့သူ ပြန်လည်တွေ့ဆုံခန်း
မင်းညွှန့်လှိုင်
သြဂုတ် ၂၁၊ ၂၀၁၃


(၁)
ဟေ့ တာရာ လာကွ
မင့်မလဲကွာ ဆရာ့လိုပဲ
မသေခင်
ငြိမ်းချမ်းရေးလေးမြင်ရမလားမှတ်တယ်
သေမှပဲ ငြိမ်းချမ်းတော့သကိုးကွ။
(၂)
ဌေးမြိုင်ရေ
မောင်ရင်ကကိုယ့်ကို
အရိုင်းလို့ရေးတယ်
ခု တကယ့်အရိုင်းတွေတွေ့ခဲ့ပြီလား
ဒီမှာ စန္ဒယားတော့မရှိဘူး
စောင်းကောက်သာတီးပေတော့
ဟား ဟား ဟား ။
(၃)
ရုပ်ပုံလွှာစာအုပ်ထဲက
တန်းစီထွက်လာတဲ့ ရုပ်ပုံလွှာတွေ
ဖွဲ့ နွဲ့သူကို ဆီးကြိုရင်း
နေရာဟောင်းဆီ ငုံ့ကြည့်လိုက်ကြရာ
ခေါင်းမီးတောက်နေပါရောလား။         ။

ဆရာဒဂုန်တာရာသို့လွမ်းဆွတ်ကြေကွဲစွာ…

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts