Memories Min Min Latt

Remembering Min Min Latt (MoeMaKa)

ယုဇနပင်နဲ့ဖဲကြိုးဝါ အမှတ်တရ
ပုသိမ်မောင်စိမ်းသူ၊ နေနေလှိုင်းဇင်
မင်းမင်းလတ် ကွယ်လွန်ခြင်း (၁၆) နှစ်ပြည့် အမှတ်တရ သြဂုတ်၊ ၂၂၊ ၂၀၁၃ မိုးမခ
မင်းမင်းလတ် (၁၉၄၈-၁၉၉၇)
ဓာတ်ပုံ မျှဝေသူ – နေမျိုးအောင်
“…အဲဒီတုန်းက မင်းမင်းလတ်ဟာ သူ့မိန်းမနဲ့ အတူ သူ့အဖေ၊ အမေအိမ် ဖြစ်တဲ့ အင်းလျား ရိပ်သာလမ်းမှာ နေကြတယ်။  မင်းမင်းလတ် အဖေ ဦးခင်မောင်လတ် က ရုပ်ရှင်လုပ်ငန်း ကော်ပိုရေးရှင်းမှာ ညွှန်မှူးဖြစ်လာတော့ အိမ်မှာ တယ်လီဖုန်း ရောက်လာပါတယ်။  တယ်လီဖုန်းကိုအသုံးပြုပြီး တို့ကို ရှာပါတော့တယ်။
တနေ့ ပုဂံစာအုပ်တိုက်မှာ “ကိုစိမ်းသူရှိလား” ဆိုပြီး ဖုန်းရောက်လာပါတယ်။  သူဖြစ်နေတယ်။
“ခင်ဗျားကို စာပေလောက စာအုပ်တိုက်မှာလည်း ဖုန်းဆက်ပြီး မှာပြီးပြီ။  သီချင်းရေးစရာရှိလို့၊ အခုသိပြီမဟုတ်လား၊  အိမ်ကိုလာခဲ့ဗျာ၊ သီချင်းရေးရအောင်..။” ။
ဒါပဲပြောတယ်။
သူ့ အိမ် အင်းလျားရိပ်သာကို ရောက်တော့ လေတိုက်သံ တဖူးဖူးနဲ့ သီချင်းသံမကွဲပြားတဲ့ သီချင်းတပုဒ်ဖွင့်ပြတယ်။  သြစတြေးလျ ရေဒီယို က ဖွင့်တာကို အသံဖမ်းထားတဲ့ အဲဒီ သီချင်း ရေးရမယ် ဆိုပါလား။
“မင်းဟာက ဘာကြီးလဲကွာ၊ ငါ ဦးနှောက်ခြောက်ပါတယ်” ဆိုပြီးတော့ ရေးလိုက်တာ ဒီနေ့ စတီရီယို လောကထဲက လူသိများတဲ့ “ယုဇနပင်နဲ့ဖဲကြိုးဝါ” ဆိုတဲ့ သီချင်းဖြစ်လာတယ်။…”
ပုသိမ် မောင်စိမ်းသူ
(ပုသိမ် မောင်စိမ်းသူ ရေး “On The Spot ရေးခဲ့ကြတဲ့ စတီရီယို နာမည်ကြီးသီချင်းများ” ဆောင်းပါး (အလင်္ကာ၊ ၁၉၉၇ (အထူးထုတ်)) မှ ကောက်နှုတ် ဖော်ပြသည်။)
“… အဲ့ဒီ့ သီချင်းရေးတာ မှတ်မိတယ်၊ အရမ်းလည်း အောင်မြင်တဲ့ သီချင်းတပုဒ်။  ဒါပေမယ့် သီချင်းရေး ဆရာကော၊ ဆိုသူကော က နောက် အနှစ် (၂၀) ကြာတော့မှ ဗမာပြည်မှာ နွေရာသီဆို ယုဇနပန်း မပွင့်ဘူးဆိုတာ ပြောပြောပြီး ရယ်ကြတယ်။  သံစဉ်နဲ့ လိုက်အောင် စာသား ထည် ရတော့ သူတို့ သတိလွတ် သွားကြတာ။  ခုတော့ (၂) ယောက်လုံး မရှိကြတော့ဘူး။  သူတို့သာ ရှိရင် ပြောပြချင် လိုက်တာ Bangkok  မှာ တနှစ်ပတ်လုံး ယုဇနပန်းတွေ ပွင့်တယ်လို့။  ပန်းတွေမြင်တိုင်းလည်း သူတို့ (၂) ယောက်ကို အရမ်း သတိရတယ်။…”
စတီရီယို အဆိုတော် နေနေလှိုင်းဇင် @ ယမင်းကြိုင် (မင်းမင်းလတ် ၏ ကျန်ရစ်သူ ဇနီး) ၏ အမှတ်တရ ပြန်ပြောချက်
ယုဇနပင်နဲ့ဖဲကြိုးဝါ၊ တေးရေး – ပုသိမ်မောင်စိမ်းသူ၊ တေးဆို – မင်းမင်းလတ် (၁၉၇၃-ဇူလိုင်)

Original English Song: “Tie a Yellow Ribbon Round the Ole Oak Tree” by Dawn, featuring Tony Orlando (1973, February)

(မိုးမခ၀ိုင်းတော်သား ငြိမ်းချမ်းအေး စီစဉ်တင်ဆက်ပါတယ်။ ကျေးဇူးတင်ပါတယ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts