Uncategorized

Metta Shin Shwe Pyi Thar Dhamma Talk

မေတ္တာရှင် ရွှေပြည်သာ ဆရာတော်တရားပွဲ၊ တက္ကဆပ်၊ အမာရီလိုမှာ ကျင်းပမည်

မိုးမခရွာဆော်ကြီး၊ သြဂုတ် ၂၄၊ ၂၀၁၃

စက်တင်ဘာ ၇ နှင့် ၈ ရက် နေ့များတွင် မဟာဓမ္မကထိက ဗဟုဇန ဟိတ ဓရ  တရားဟော တရားပြအကျော် မေတ္တာရှင် ရွှေပြည်သာ ဆရာတော်၏ ဓမ္မဒါန ဓမ္မပူဇာသဘင်ပွဲတော် ဖိတ်ကြားလွှာ

 ဓမ္မမိတ်ဆွေ သူတော်စင် အပေါင်းတို့….

            အမေရိကန်ပြည်ထောင်စုသို့  ဓမ္မဒူတ ဓမ္မဒေသနာ ခရီးကြွတော်မူလာသော ၊ ရန်ကုန်တိုင်း ၊ ရွှေပြည်သာမြို့ ၊ မန္တလေးကျောင်းတိုက်ကြီး နှင့် မေတ္တာရှင်ပရဟိတ ဖောင်ဒေးရှင်း၏ ဦးစီးပဓာန နာယက ဖြစ်တော်မူသော ဆရာတော်ဘဒ္ဒန္တဇဝန (မေတ္တာရှင်-ရွှေပြည်သာ)သည် တက္ကဆက်ပြည်နယ် ၊ အမာရီလိုမြို့ ၊ ဇေယျသုခ ဓမ္မရိပ်သာ တွင် ၁၃၇၅ ခုနှစ်  တော်သလင်းလဆန်း ၃/၄ ရက် ၊ 09-07/08 – 2013  စနေ၊ တနင်္ဂနွေနေ့များတွင် နေ့စဉ် ညနေ (၃)နာရီမှ (၅) နာရီအထိ ဓမ္မဒေသနာများ ဟောကြား ချီးမြှင့်မည်ဖြစ်ပါသောကြောင့် တရားတော်နာ ကြွရောက်ပါရန် ခင်မင်လေးစားစွာ ဖိတ်ကြားအပ်ပါသည် ။

မြန်မာထေရဝါဒ ဗုဒ္ဓဘာသာ အသင်း ၊ ဇေယျသုခ ဓမ္မရိပ်သာ ၊အမာရီလိုမြို့

ဆက်သွယ်ရန်  ဖုံး (၈၀၆)၃၇၃-၁၃၄၆ ၊ (၈၀၆)၂၉၀-၈၀၁၇


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts