မင်းညွှန့်လှိုင်

Min Nyunt Hlaing – Poem

မိုး တွ င်း
မင်းညွှန့်လှိုင်
သြဂုတ် ၂၅၊ ၂၀၁၃



ဟောဒီတွင်းနက်ထဲ
ဓာတ်ကြီးလေးပါးစလုံးအဖတ်ဆယ်မရ
ပျော့တွဲအိကျယိုစိမ့်စီးမျော
စိတ်ကူးတွေတောင်ပေါလောပေါ်လို့ ..။
ရေငွေ့ရိုက်မှန်သားပြင်ပေါ်
နေရောင်ပျပျဖြတ်အပြေးမှာ
မဟာလင်းပြက်မှုလားထင်မှတ်မှားကြရ ..။
ငါ့ဦးခေါင်းလည်း
မိုးရေစိုရွှဲနေတဲ့အဘိဓာန်ကြီးပေါ့ ။
“ရှင်နေမင်း လင်းပါလေ…”
သီချင်းလေးတစ်စနဲ့

စိတ်နဲ့ကိုယ် မြဲအောင်တွဲနေရတော့တာ…။         ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts