ချမ်းမြ (မိုးမခအထောက်တော်)

Chan Mya (News)

အမေရိကရောက် ဗီယက်နမ် ယဉ်ကျေးမှုစင်တာ
ချမ်းမြ (မိုးမခအထောက်တော်)
သြဂုတ် ၂၇၊ ၂၀၁၃

အမေရိကန် နိုင်ငံ မက်ဆာချူဆက်ပြည်နယ် braintreeမြို့ ရှိ ဗီယက်နမ်-မဟာယာန ဘုန်းတော်ကြီးကျောင်းတွင် Ullambana Ceremony ပွဲကို ၂၅-၈-၂၀၁၃ နေ့ကကျင်းပပြုလုပ်သည်။

ထို ပွဲတော်သို့  မြန်မာ၊ ထိုင်း၊ကမ္ဘောဒီးယား ၊ လာအို။သီရိလင်္ကာ။နီပေါ နှင့်ဗီယက်နမ် ထေရဝါဒ ဗုဒ္ဓဘာသာ ရဟန်းတော်များ ကိုပင့်ဖိတ် သည်။ သံဃာတော်များနှင့်ဧည့်ပရိသတ်များကိုဗီယက်နမ် ရိုးရာ အသက်သတ်လွတ် အစားအစာ များဖြင့်တည်းခင်းဧည့်ခံသည်။ ဗီယက်နမ် ရိုးရာ အဝတ်အစားများဖြင့် ဝတ်ဆင်လာကြသည်ကိုလည်းတွေ့ရှိရသည်။ ဗီယက်နမ် အဆိုတော်တို့က ဂီတတေးသီချင်းများဖြင့် အခမ်းအနားတွင်သီဆိုဖျော်ဖြေဧည့်ခံသည်။ မဟာယာန ကျောင်းထိုင်ဘုန်းကြီးမှာ ဧည့်ပရိသတ်ကို တရားဟောပြောအပြီး ထေရဝါဒ ရဟန်းတော်များမှ ပါဠိ ဘာသာအားဖြင့် ဘုရားရှိခိုးဆုတောင်းဂါထားများ ရွတ်ဖတ်ပူဇော်ပေးကြသည်။

 

သံဃာတော်များကို လှူဖွယ်ပစ္စည်းများ ဆက်ကပ်ပြီး အခမ်းနားပြီးဆုံးသည်။ မြန်မာနိုင်ငံ အတွင်း ထေရဝါဒ နှင့် မဟာယာနာ အပြန်အလှန် ပင့်ဖိတ်မှု ဆိုသည်မှာ မရှိသလောက် ဖြစ်သော်လည်း  အမေရိကန်နိုင်ငံ၌ ဗုဒ္ဓဘာသာ ထေရဝါဒနှင့် မဟာယာန အချင်းချင်း ကူလူးဆက်ဆံမှု ကြီးကြီးမားမား တည်ရှိနေသည်ကို တွေ့ရသည်။ ဗီယက်နမ် မဟာယာနကျောင်းသည် ကျယ်ဝန်းပြီး ဗီယက်နမ် နှင့်အမေရိက လူမျိုးများနှင့် စည်းကားသိုက်မြိုက် နေသည်ကိုတွေ့ရသည်။ တချို့သော မြန်မာဘုန်းတော်ကြီးကျောင်းတို့ထက် ပြည့်စုံနေသည်ကိုလည်းတွေ့ရသည်။ သို့သော်လည်း ဗီယက်နမ် ဘုန်းတော်ကြီးကငါတို့တွေထေရဝါဒ ၊မဟာယာန ကွဲသော်လည်း ဗုဒ္ဓဘာသာဘုန်းကြီးတွေ အတူတူပဲဟု ဘုန်းတော်ကြီးများကို ပြောကြားနေသည်ကို လည်းကြားသိရသည်။  အမေရိကရောက်ဗီယက်နမ်လူမျိုးတို့၏ အစဉ်အလာနှင့်ယဉ်ကျေး မှုတို့ကို မပျောက်ပျက်ရအောင် ထိမ်းသိမ်းပေးနေသော ယဉ်ကျေးမှု စင်တာတခု အဖြစ်တည်ရှိနေသည်ကိုလည်း တွေ့ရှိရသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts