ကျော်ဟုန်း

Kyaw Home – Poem

မူလ ဇစ်မြစ် ယဉ်ကျေးမှု ရှာပုံတော်ဖွင့်ခန်း
ကျော်ဟုန်း
သြဂုတ် ၂၉၊ ၂၀၁၃

အမှန်တရားတဲ့ …
အားလုံးကြိုက်တဲ့ ဘာသာဗေဒ
အားလုံး မလိုက်နိုင်တဲ့ သင်ရိုးညွှန်းတမ်း။
လူတိုင်း ကြိုက်တယ်
သတ္တဝါတိုင်း ကြိုက်တယ်။
ဒါပေမယ့်
အမှန်တရားကို လစ်လှူရှု
အတ္တက အမှန်တရားကို စားနေတယ်။
ရံဖန်ရံခါဆိုတဲ့ စကားစုနဲ့ 
ငါ့ဝမ်းပူဆာ မနေသာ – စကားလုံးနဲ့ 
ကမ္ဘာမီးလောင် သားကောင်ချနင်း – စကားသုံးနဲ့ 
အမှန်တရားကို သတ်စားနေကြ။
ဝင်္ကပါ၊ မာယာ၊ ဝဉ္စနာ
အတ္တ သွေးဆောင်ရာ ပါရင်း
အုပ်စုဖွဲ့ ပြီး အမှန်တရားကို သတ်စားနေကြ
ဗိုက်ကလဲ ပင်လယ်လို၊ သမုဒ္ဒရာလို။
ရမ္မက်ဇောမှာ …
အတ္တသည် ကိုယ်ရံတော်
အမှန်တရားသည် ဓားစာခံ။
မယာတွေ ပြုံးပြနေတဲ့ လောကကြီး
နေ့ ပြီး ည
ညပြီး နေ့  လှည့်ပတ်
၂၃ – နှစ်ပိုင်းတပိုင်း ဒီဂရီ တိမ်းစောင်းကြည့်တဲ့ မြင်ကွင်း
အမှန်တရားဟာ
၆၆ – နှစ်ပိုင်းတပိုင်း ဒီဂရီ အမြဲ ရန်စောင်ခံနေရ
မျက်ကွယ်ပြုခံ၊ ပြက်ရယ်ပြုခံနေရရော့သလား
ဒါပေမယ့် …
အမှန်တရားဟာ မသေတဲ့ ဝိညာဉ်
အများဆုံး ကွက်မျက်ခံနေရတဲ့

မူလလက်ဟောင်း ယဉ်ကျေးမှုလဲ ဖြစ်နေပြန်ရော…။     ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts