စာအုပ်စင်

2013 – No2 – MoeMaKa Monthly Coming Soon for September

စက်တင်ဘာ ၈၊ မိုးမခလစဉ် ဒုတိယအီးဘုတ် ထွက်မည်

မိုးမခရွာဆော်ကြီး၊ စက်တင်ဘာ ၂၊ ၂၀၁၃
၂၀၁၃ ခုနှစ်အတွက် အမှတ် ၂ အဖြစ် မိုးမခလစဉ်မဂ္ဂဇင်း တလအတွင်း ကောင်းနိုးရာရာ ဆောင်းပါးကောက်နုတ်ချက် စာစောင် အီးဘုတ် ထွက်နိုင်အောင် စီစဉ်နေပြီ ဖြစ်ပါတယ်။ အရင်လက စတင်တဲ့စာစောင်က စာမျက်နှာ ၂၄၊ ဂျာနယ် (၁၁x၁၇ ဆိုက်ကြီး) ထုတ်တာဖြစ်ပြီး၊ ယခုလကတော့ (၅.၅x၈.၅) ဆိုက်လတ်ဖြစ်ပါတယ်။ စာမျက်နှာ ၅၀ လောက် ရှိမယ်လို့ ဆိုပါတယ်။ အင်တာနက်မလွယ်တဲ့ မိတ်ဆွေ၊ ဒေသတွေအတွက် အဆင်သင့်ပုံနှိပ်ပြီး ထုတ်ဖတ်နိုင်အောင်၊ လက်ဆင့်ကမ်းနိုင်အောင် စီစဉ်တာ ဖြစ်တဲ့အပြင်၊ တလတာ ထွက်ခဲ့သမျှ သတင်း၊ ဆောင်းပါး၊ စာမူတွေထဲက ကောင်းနိုးရာရာ စာမူတွေကို မာတိကာကောက်နုတ်ပြီး ရွေးချယ်ဖော်ပြတာလည်း ဖြစ်ပါတယ်။ ရန်ကုန်မြို့အတွက်ကတော့ မိတ်ဆွေတွေကတဆင့် လက်ဆင့်ကမ်းနိုင်အောင် စီစဉ်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး မြန်မာပြည်ပြင်ပကတော့ အင်တာနက်အီးဘုတ်အဖြင့် တိုက်ရိုက်ဆွဲချနိုင်အောင် တင်ဆက်မှာ ဖြစ်ပါတယ်။ 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts