Poems

Min Ko Naing – Flower Road

စံပယ်လမ်း
မင်းကိုနိုင်၊ စက်တင်ဘာ ၄၊ ၂၀၁၃
ကားပေါ်က လူတွေကြိုက်တဲ့
မီးစိမ်းကို မင်းကမုန်း
သူတို့မုန်းတဲ့ မီးနီကိုမှ
မင်းက ကြိုက်တယ်
လူတွေ ရှောင်တဲ့ ကာဗွန်ညှော်နံ့ဆိုးတွေကို
မင်းက ၀င်ဝင်တိုး
လူတွေတောင့်တတဲ့ ပန်းရနံ့တွေကိုတော့
မင်းလက်ထဲမြန်မြန်ကုန်ပါစေ
ဆုတောင်းပြန်ပါကော …
ရော …
ခက်ကပြီ
မီးနီတွေကြား
မိုးစွတ်စွတ် နေပြင်းပြင်း
နှင်းပြိုပြို
အသပြာနဲ့ ဖလှယ်ခြင်း သီချင်းအော်ဆိုလို့
ဟိုမှာ ကျောင်းခေါင်းလောင်းသံ ချိုချို
မင်း (တကယ်ကို)
မကြားရော့လားကွယ် … ။        
မင်းကိုနိုင် (၁။၉။၂၀၁၃)
(သူ့ဖေ့စ်ဘွတ်က ယူပါတယ်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts