Uncategorized

သက်ခိုင် – ဒါဟာ တကယ်တော့ တခုတ်တရ

ဒါဟာ တကယ်တော့ တခုတ်တရ
သက်ခိုင်
ဒီဇင်ဘာ ၁၂၊ ၂၀၁၃

၁၁၊ ၁၂၊ ၁၃
အဲဒီလိုပြုံးရတဲ့ည
ဒါဟာ တကယ်တော့
တခုတ်တရ။
ညို ဖြူ ပြာ မဲတွေက
အပို မူယာ နည်းကာတင်ပြ
ဒီလို ညီညီညာညာ နွှဲခဲ့တဲ့ပွဲ
ဒါ
ကမ္ဘာကို အသည်းခွဲ
လူတကာကို
အို
ငိုစေရမယ့်ပွဲ။
တို့တတွေရဲ့ ယဉ်ကျေးမှု
ကျွန်းဆွယ်ဟာ အလေးအမြတ်ပြု
သူ့ရင် တခုခု ခံသွားတယ်။
ကချင် ကရင် မွန် ကယား
ပြင် ဆင်ကာ သွန်ပြတဲ့အလှများ
ရှမ်း ရခိုင် ဗမာ ချင်း
တိုင်းတကာ လှမ်းပြိုင်ကာ ရှင်းနိုင်ခဲ့ပြီမို့
လှ ပ ဂီတ
ဒီလို မြန်မာပီသတဲ့ပွဲ
ဒို့တတွေတွဲ
နွှဲခဲ့ပြီပဲ။
၁၁၊ ၁၂၊ ၁၃
အဲဒီလိုပြုံးရတဲ့ည
ဒါဟာ တကယ်တော့
တခုတ်တရ။
(ဤကဗျာစုဖြင့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအတွက် အပင်ပန်း အဆင်းရဲခံကာ လေ့ကျင့်သင်ပြ ကြိုးစား အားထုတ်ခဲ့ကြရသော ကျောင်းသားကျောင်းသူ ညီငယ် ညီမငယ်များ၊ သင်တန်းဆရာများ အနုပညာရှင်များ ညွှန်ကြားစီမံခန့်ခွဲသူများ အားလုံးအား အလေးအမြတ် ဦးညွှတ်ဂုဏ်ပြု လိုက်ပါတယ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts