ကျော်ဟုန်း

Kyaw Home – News

ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်း (ဆီယက်တယ်လ်) ဦးစီးသင်ကြားသည့် အခြေခံမြန်မာစာနှင့် ယဉ်ကျေးလိမ္မာသင်တန်း (ဒုတိယစာ သင်နှစ်) သင်တန်းဆင်းပွဲ
ကျော်ဟုန်း 
စက်တင်ဘာ ၄၊ ၂၀၁၃

ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်း(ဆီယက်တဲလ်) က အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ပြည်နယ်မှာ အခြေခံမြန်မာစာနဲ့ ယဉ်ကျေးလိမ္မာသင်တန်းပြုလုပ်လာခဲ့တာ ဒုတိယနှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်။ စာသင်သား ကလေးငယ် များရဲ့ နွေရာသီသင်တန်းဟာ သြဂတ်စ် ၃၁၊ ၂၀၁၃ မှာ ပြီးဆုံးပြီဖြစ်တဲ့အတွက် သင်တန်းဆင်းဂုဏ်ပြုလွှာများကိုပေးအပ်ပွဲ ကျင်းပပေးခဲ့ပါတယ်။ ဒီ သင်တန်းဆင်းပွဲကို 24625 , 104 Ave, SE, Kent, WA 98030 မှာတည်ရှိတဲ့တိပိဋက ဘုန်းကြီးကျောင်းမှာ ကျင်းပပေးခဲ့တာဖြစ်ပါတယ်။

ကျောင်းထိုင်ဆရာတော် အရှင်နန္ဒသာရကို နေ့ ဆွမ်းကပ်လှူခြင်း၊ စာသင်သား တိုင်းရင်သားကလေးငယ်များကိုခေါက်ဆွဲကြော်နဲ့ အချိုရည်၊ သစ်သီးများဖြင့် ကျွေးမွေးခြင်းများပြုလုပ်အပြီးမှာ တရားနာ၊ ရေစက်ချ၊နဝကမ္မအလှူ ငွေကပ်ခြင်းများလဲ ပြုလုပ်ခဲ့ပါတယ်။ ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းရဲ့ အလှူငွေများအား စာသင်သားကလေးငယ်များကို စုပေါင်းကပ်လှူစေခဲ့ပါတယ်။ “ကျနော်တို့ က ဘုန်းကြီးကျောင်းမှာအလှူပွဲလုပ်တိုင်း ကလေးငယ်တွေကို ကပ်လှူခိုင်းပါတယ်၊ ဒါဟာ သီလ သမာဓိရှိတဲ့ ဘုရားသားတော်တွေကို၊ အတုမရှိ ဘုရားရှင်တော်ကို ပစ္စည်းလေးပါးနဲ့ ထောက်ပံ့ သာသနာပြုတတ်ဖို့  လေ့ကျင့်သင်ကြားပေးခြင်းပါပဲ၊ ကလေးငယ်များကိုလဲ ဘာအကြောင်း
နဲ့ မှ မာန်မဲ ဆူပူခြင်းမရှိရဘူး၊ အစားအသောက်ကအစ သန့် ရှင်းလတ်ဆတ်အောင် ဂရုစိုက်ပါတယ်၊ ဘာသာ၊ လူမျိုး ခွဲခြားမှု မလုပ်ရဘူး၊ ကလေးငယ်အားလုံးကို တန်းတူဆက်ဆံရမယ်” ဟု ကိုကျော်ဟုန်းမှ ပြောပါတယ်။

 

  ဒ်ီနောက်မှာ စာသင်သား ကလေးငယ်(၃၃)ဦးကို သင်တန်းဆင်းမှတ်တမ်းလွှာများပေးအပ်ကြပါတယ်။ ဒီသင်တန်းဆင်း မှတ်တမ်းလွှာ များကိုတော့ အရှင်နန္ဒသာရ၊ ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်း(ဆီယက်တဲလ်)မှ ဥက္ကဋ္ဌ -ဦးလှမြင့်၊ ဒု-ဥက္ကဋ္ဌ ဦးမောင်မောင်၊ အထွေထွေ အတွင်းရေးမှူး စောမုန်တိုင်းတို့ မှပေးအပ်ပြီး ပြင်ပမှ စာသင်ကြားရေးအတွက် ကူညီခဲ့သူ ဆရာမ ဒေါ်စန်းစန်းဦး၊ လုပ်အားပေးကူညီခဲ့တဲ့ ကချင်တိုင်းရင်းသူ ဂျူးလိယက် နုနု တို့ မှဆက်လက် ပေးအပ်ခဲ့ကြပါတယ်။

ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်း အစီအစဉ်ဖြင့် ယဉ်ကျေးလိမ္မာသင်ကြားပို့ ချပေးခဲ့တဲ့ ဆရာတော် နန္ဒသာရကိုအသင်းရဲ့ ကြီးကြပ် ညွှန်ကြား ရေးမှူးဖြစ်သူ ကိုကျော်ဟုန်းမှ ဂုဏ်ပြုမှတ်တမ်းလွှာ ဆပ်ကပ်ခဲ့ပါတယ်။
ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းကို တည်ထောင်ကတည်းက အဓိကလုပ်ငန်းစဉ်အနေနဲ့  ပြည်ပရောက် မြန်မာပြည်သားကလေး ငယ် များကို မြန်မာစာနဲ့ ယဉ်ကျေးမှုများသင်ကြားပေးရေး၊ မြန်မာပြည်သားအချင်းချင်း စည်းလုံးရေးနဲ့  ယိုင်းပင်းကူညီတတ်ရေးတို့ ကို ခိုင်မာစေရန် ရည်ရွယ်ခဲ့တာလို့  အသင်းသားများက ပြောပါတယ်။ “ကျနော်တို့ ရည်ရွယ်ချက်နဲ့  စိတ်ရင်းစေတနာကတော့ မှန်ခဲ့ မှန်ဆဲပါပဲ။ ဒါပေမယ့်လဲ အသင်း စဖွဲ့ တဲ့ ၂၀၁၂ ထဲကပဲ အမြတ်ထုတ်ချင်တဲ့သူတွေ၊ ရှေ့ ကလဲမသွားနိုင်၊နောက်ကလဲ မလိုက်ချင်ဘဲ ကပ်ဖဲ့ယပ်ဖဲ့ လုပ်တဲ့သူတွေ ကြုံခဲ့ရဖူးပါတယ်။ ဒုတိယနှစ်မှာလဲ အင်အားသုံးပြီး လက်အောက်ခံထားချင်မှုတွေ၊ အရှိန်အဟုန်ကောင်းလာတော့မှ အညွှန့် ခူးစားလိုမှုတွေ၊ ဆောင်ရွက်မှုယိုင်နဲ့ အောင် မိမိတို့ နိုင်တဲ့ဘက်ကနေ ပိတ်ဆို့ ဟန့် တားချင်လိုမှုတွေထပ်ကြုံနေရတာ  အလွန် ဝမ်းနည်း စရာကောင်းပါတယ်” လို့   ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်း တာဝန်ရှိသူများကပြောကြားခဲ့ပါတယ်။
ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းအနေနဲ့  ဘုန်းကြီးကျောင်းရဲ့ ဘာသာရေးပွဲများဖြစ်တဲ့ ဝတ်ရွတ်ခြင်း၊ ဝါဆိုပွဲ၊ ကထိန်ပွဲများ၊ တရားပွဲများမှာ လာရောက်ပါဝင်ကူညီကြောင်း၊ သတင်းဖြန့်် ပေးတဲ့ မီဒီယာပိုင်းတွင်လဲ ပါဝင် ကူညီခဲ့ကြောင်း၊ ပြည်တွင်းအလှူအတွက် အခြားအဖွဲ့ အစည်းများလုပ်ကြရာတွင်လဲ ပါဝင်လှူဒါန်းမှုများရှိတဲ့အပြင်တိုင်းရင်းသားရိုးရာပွဲများပြုလုပ်သောအခါတွင်လည်း စိတ်အားထက်သန်စွာ ပါဝင်ကူညီခဲ့ဖူးသည့် အသင်းဖြစ်ပြီးအခြား မည်သည့်အဖွဲ့ အစည်းကိုမျှ စည်းကျော် စွက်ဖက်မှုများ မလုပ်ခဲ့ဖူးကြောင်း ပြောကြားခဲ့ပါတယ်။
“ကျနော်တို့  စာသင်တဲ့ ကလေးငယ်တွေဟာ ဒုက္ခသည်အဖြစ်ကနေ UN အစီအစဉ်နဲ့  အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့ လာကြတဲ့သူတွေများပါတယ်။ အများစုက ထိုင်းနိုင်ငံမှာ မွေးခဲ့သူတွေနဲ့  အမေရိကန်နိုင်ငံမွေးခဲ့သူတွေဖြစ်ပါတယ်။ ဒီကလေးငယ်တွေကို မိခင်ဘာသာစကားနဲ့ မြန်မာစာတတ်ရေး၊ ယဉ်ကျေးလိမ္မာရေးအတွက်ကိုသင်တန်းပေးရခြင်းက ရေမြေခြားမှာနေရပေမယ့်အမျိုးသားရေးလက္ခဏာမပျောက်စေဖို့ ၊မိဘတွေက မိမိရင်သွေးငယ်တွေကို ကြီးပြင်းလာတဲ့အရွယ်အထိ ပြောဆိုဆုံးမရာမှာ လွယ်ကူချောမောစေဖို့ အတွက် မြန်မာစာနဲ့ စကားသင်ပေးရခြင်းဖြစ်ပါတယ်”လို့  ကျောင်းသားမိဘများကို နားလည်သဘောပေါက်အောင် ရှင်းပြစည်းရုံးခဲ့ရကြောင်း
အသင်းရဲ့ တာဝန်ဆောင်ရွက်နေသူများက ရှင်းလင်းပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းတာဝန်ခံများက သတိပေးပြောကြားခဲ့တာကတော့ “ကျနော်တို့ ရဲ့ ကောင်းမြတ်တဲ့ စေတနာလုပ်ရပ်ကို ဟန့် တားခြင်း၊ နှောက်ယှက်ခြင်း ပြုမှုတွေရှိခဲ့ရင် (၁) အမျိုးသားရေးကိုဖျက်ဆီးခြင်း၊ (၂) ကလေးငယ်များရဲ့ ပညာရေးကို ဖျက်ဆီးခြင်း၊ (၃) သာသနာရေးကို ဖျက်ဆီးခြင်းပဲ ဖြစ်ပါလိမ့်မယ်” ဟု အတိအလင်းကြေညာခဲ့ကြောင်း သိရပါတယ်။
မည်သည့်အခက်အခဲကြုံစေ မိမိတို့ ရဲ့မူဝါဒအတိုင်း နောင်နှစ်များတွင်လဲ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်တဲ့အပြင် ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းရဲ့ အမာခံအသင်းသားများရှိရာ အခြားပြည်နယ်များတွင်လဲ အလားတူစာသင်ကြားရေးနဲ့  ယဉ်ကျေးလိမ္မာသင်တန်းများ တိုးချဲ့ ဖွဲ့ စည်းရန် စီစဉ်နေကြောင်း၊ အသင်းရဲ့လိုအပ်ချက်များကိုလဲ ဖြည့်ဆည်းသွားမည်ဖြစ်ကြောင်း သိရပါတယ်။

ဒီနောက်မှာ စာသင်သားများဖြစ်ကြတဲ့ ရှမ်း၊ ကယား၊ ကရင်၊ ရခိုင်၊ ဗမာ ကလေးငယ်များကို လက်ဆောင်ပစ္စည်းများ မဲဖောက်ပေးအပ်ခဲ့ပါ သေးတယ်။ ဧည့်ခံကျွေးမွေးရေးကို  ကရင်စာပေနဲ့ ယဉ်ကျေးမှုအသင်းအပြင် ကိုအောင်ကျော်နိုင်၊မချို မိသားစုနဲ့  ပြင်ပစေတနာရှင်တချို့မှ ဒါနပြုခဲ့ကြောင်းသိရပါတယ်။      ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts