Uncategorized

Moemaka – Collection for Maung Wuntha Sarmu

စာမူရှိထားသူတွေ ပေးကြစေလိုပါတယ်
မိုးမခ
စက်တင်ဘာ ၄၊ ၂၀၁၃
ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာမောင်ဝံသ သက်ရှိထင်ရှားရှိစဉ်ကာလအတွင်းက  ပြည်တွင်း ပြည်ပ ရေးခဲ့သမျှ စာမူတွေနဲ့ တွေ့ဆုံမေးမြန်းခဲ့သမျှ မေးမြန်ချက် အင်တာဗျူးတွေကို ပြန်လည်စုဆောင်းပေးဖို့ ကျန်ရစ်သူ ဆရာမောင်ဝံသ မိသားစုက မေတ္တာရပ်ခံထားတဲ့ စာကြော်ငြာလေးပါ။ 
ဆရာမောင်ဝံသရဲ့စာတွေကို တစုတစည်းထည်း ပြန်လည်စုစည်းထားလိုတဲ့အတွက် သူ့မိသားစုက အခုလို 
ကြော်ငြာပြီး မေတ္တာရပ်ခံရခြင်းဖြစ်တယ်လို့လည်း ပြောထားပါတယ်။
ပေးပို့လိုသူတွေအနေနဲ့  ဆရာမောင်ဝံသရဲ့ ဇနီး ဒေါ်မြင့်မြင့် (ဒေါင်းစာပေ) သို့  ဆက်သွယ်ပေးပို့နိုင်ပါတယ်။ ဒါ့အပြင် ဆက်သွယ်လို့ရမယ့် နေရပ်လိပ်စာတွေနဲ့ အီးမေးလ်လိပ်စာတွေကိုလည်း စာကြော်ငြာထဲမှာ တွေ့ရမှာဖြစ်ပါတယ်။ 
ဒီလိုတောင်းဆိုရာမှာလည်း စာပေ စာနယ်ဇင်းလောကသားတွေဆီကတင်မဟုတ်ပဲ ဆရာ့ရဲ့ စာဖတ်ပရိတ်သတ်ပဲများဆီမှာ ရှိသမျှစာမူများလည်း ပါဝင်ကြောင်း ကြော်ငြာထဲမှာတွေ့ရပါတယ်။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts