ကျော်ဟုန်း

Kyaw Home – Poem

အတိုင်းအတာ ရှုမြင်ချက်
ကျော်ဟုန်း
စက်တင်ဘာ ၇၊ ၂၀၁၃


စေတနာတော့ ဝေဖြာနေတာပါပဲ။
မင်းနဲ့ ငါ – ဘယ်သူက ဘယ်လို
ခေါင်းတလုံးပို မြင့်သလဲ
ပုခုံးချင်းတိုင်းကြတဲ့ ယဉ်ကျေးမှုကြား
စီးမျောနေကြတဲ့ မစ္ဆရိယ
မင်းသား အတင်းဝင်လုပ်ချင်ကြတဲ့သူတွေ
လူကြမ်းရုပ်ပေါက်နေမှန်း သတိမထားမိကြ။
အတိတ်ကို မြိန်ရည်ယှက်ရည်ဝါးမျိုရင်း
နေ့ သစ်ကို ဆုံးရှုံးနေကြ
ဒါပေမယ့် အာရုဏ်ကိုတော့ ပူဇော်ဆဲ။
ပြောတော့လဲ အကောင်းတွေချည်းပဲ။
ကတုံးတုံးပြီး ထိုးထားတဲ့ တက်တိုး
ဦးနှောက်နဲ့  အနီးဆုံးစွဲထင်နေလဲ
ဆံပင်ပြန်ပေါက်တော့ အရုပ်မပီ။
အမှောင်ကိုခွင်းဖို့  မီးမောင်းအထိုးမှာ
စိတ်အလျင်ရုပ်ပွားများနဲ့ 
မောဟနင်း ရမ်းလျှောက်သူတို့ မှာ
ရန်သူဟာ မိတ်ဆွေဖြစ်သယောင်
မိတ်ဆွေသည် ရန်သူဖြစ်သယောင်။
ယောင်တောင်တောင်တွေရဲ့ တောလဲသံ
နားမဆံအောင် ကြားရတဲ့အခါ
အိပ်ရေးပျက်မခံနိုင်တော့သမို့ 
ထလို့ ကို မကြည့်ချင်
အကျင့်သီလရယ် သမိုင်းရယ်
အလှည့်ကျ ခုံသမာဓိမှူးခန့် အပ်
ငွေရောင်ပိတ်ကားထက်မှာ
ဆက်လက် ရှုစားကြပါ ပြောရင်း

ဒီစာညွှန်းကို တခန်းရပ်လိုက်တယ်။    ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts