Letter to MoeMaKa

Letter to Moemaka – Fish Farms in Shwe Bo

လူမျိုးရေးပဋိပက္ခရဲ့ချိန်ကိုက်ဗုံးကြီး (သို့) ရွှေဘိုမြို့က ငါးကန်များ

ငါးညှီရသား၊ မိုးမခပေးစာ
စက်တင်ဘာ ၁၄၊ ၂၀၁၃
ရွှေဘိုမြို့က ငါးကန်များသည် လယ်မြေများကို ဥပဒေမဲ့အသွင်ပြောင်းထားပြီး ယင်းငါးကန်များနှင့် ဆက်စပ်လျက်ရှိသော လယ်ဧကများစွာကို နည်းမျိုးစုံနှင့် ဒုက္ခပေးလျက်ရှိနေသည်။ ဆည်မြောင်းနှင့် အာဏာပိုင်အဖွဲ့အစည်းများကို ခါးပိုက်ထဲရော၊  ခါးတောင်းကျိုက်ထဲရော၊ ဘေးအိတ်ထဲရော ထည့်ထား၊ လွယ်ထား၊ သိမ်းထားနိုင်သည့်အတွက် တောင်သူများ၏ ဒုက္ခကို မကြည့်တော့ဘဲ ရေကိုလိုရင်လိုသလို၊ မလိုရင် မလိုသလို သွင်းထုတ်၊ ဖောက်ချနေသည့်အတွက် လယ်များရေနစ်ခြင်း၊ ပျိုးပင်များ မျောပါသွား၍ စိုက်ပျိုးရန် အခက်အခဲဖြစ်နေခြင်း၊ ရေလိုသောအခါ ရေသွင်း၍မရခြင်း၊ စိုက်ပျိုးချိန်တွင်လည်း နည်းမျိုးစုံနှင့် ဒုက္ခခံနေရခြင်းစသည်များ အမြဲတစေကြုံကြိုက်နေရသည့်အတွက် တောင်သူများသည် အတော့်ကို မကျေမနပ်ဖြစ်လျက် ရှိနေကြပေသည်။
ယင်းသို့ လူတွင်ကျယ်လုပ်ခံနေရသည့် တောင်သူကျောမွဲများအတွက် အားကိုးစရာမှာအမျိုးသားအရေး လိုက်လံဆောင်ရွက်ပေးသည့် အဖွဲ့များသာရှိတော့သည်။ပါတီတွေကိုလည်း အားကိုးမရ။ အာဏာပိုင်ကလည်း ငါးကန်ပိုင်ရှင်များ၏ စေသည့်ကျွန် ထွန်သည့်နွားဖြစ်နေသည်။
တရားမျှတမှုရှိအောင် အချိန်မီမဖြေရှင်းနိုင်ဘူးဆိုလျှင်တော့ လူမျိုးရေးအသွင်ဆောင်သော ပဋိပက္ခများ ဖြစ်ပေါ်လာပေတော့မည်။ အကြောင်းမှာ ဥပဒေမဲ့စွာ၊ မျှတညှာတာမှုကင်းမဲ့စွာ လယ်မြေများနှင့် မြို့ကိုသောက်သုံးရေပေးထားသော ကန်တော်တလျှောက် တည်ထား သောငါးကန်ပိုင်ရှင်အများစုသည် အစ္စလမ်ကိုးကွယ်သူ ကုလားများသာဖြစ်နေလေသည်။

ယင်းအခြေအနေဆိုးကြီးကို တိုင်းဒေသကြီးအစိုးရကလည်း သိပေမဲ့ မသိကျိုးကျင်ပြုထားလေရာ ပြည်ထောင်စုအစိုးရအဆင့်မှသေချာစုံစမ်းအရေးယူပေးရန်လိုအပ်လာပါသည်။ မဟုတ်ပါက မြန်မာပြည်တွင်းဖြစ်နေသော ပဋိပက္ခများသည် ပို၍တိုးလာဖွယ်ရာသာရှိပေတော့သည်။ ယင်းသို့ဖြစ်လာမည်ဆိုလျှင် မည်သူကမျှလှုံဆော်သွေးထိုး၍ မဟုတ်ပါဘဲ ကာယကံရှင်ကိုယ်တိုင်၏ မတရားစီးပွားရေးလောဘနှင့် အာဏာပိုင်အဖွဲ့အစည်းဝင်များ၏ တရားဥပဒေစိုးမိုးရေး၏ စက်ဆုတ်ဖွယ်အခြေအနေကြောင့်သာ ဖြစ်ပါကြောင်း။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts