Khaing Aung Kyaw Op-Ed
Khaing Aung Kyaw – Rakhine Orphans to allow to return home
ရခိုင်မိဖမဲ့ ခလေးသူငယ်များကို ရခိုင်ပြန်ပို့နိုင်ဖို့ အရေး
ခိုင်အောင်ကျော် ( နယူးယောက် ) ၊ စက်တင်ဘာ ၁၄၊ ၂၀၁၃
လွန်ခဲ့ သော-၂၀၀၁-ခုနှစ်က ရခိုင်ပြည်နယ် စစ်တွေမြို့ က မိဖမဲ့ ရခိုင်လူမျိုးငယ်လေးတွေကို အထက်မြန်မာပြည် မန္တလေးနဲ့  ရန်ကုန်ကို ခေါ်သွားတယ် ။ ခေါ်သွားတာက မိဖမဲ့ ခလေးများကို မွေးစားထားတဲ့ ရခိုင်သမိုင်းဆရာတော် ဦးပညာစာရကို မတရားအမှုဆင်ပြီး ဖမ်းဆီးရာက ဖြစ်တယ် ။ ဆရာတော် ဦးပညာစာရကို ဥပဒေအရ ဖမ်းဆီးတာတွေ- ဖမ်းဆီးတယ် ဆိုတာ တစ်ပိုင်း  ။ ထောင်ချလိုက်လို့  ခုဆိုရင် ဆရာတော်ဦးပညာစာရဟာ ထောင်ကလွပ်မြောက်လို့  နိုင်ငံတကာနဲ့  ပြည်တွင်းမှာ စာပေဟောပြောပွဲကို ပြုလုပ်ကျင်းပ ဟောပြောနေပြီ ။ ကဲ … ဒီတော့ခါ တစ်ကနေ ပြန်စရတော့မယ် ။
      ကျနော်ပြောလိုတာက ဆရာတော်ဦးပညာစာရကို မြန်မာနိုင်ငံအစိုးရက လွှတ်ပေးလိုက်ပြီ ။ လွှတ်ပေးလိုက်ပြီဆိုတော့ ဆရာတော် ဦးပညာစာရဟာ လွပ်လွပ်စွာ သူသွားလိုရာ ကြွလိုရာ ကြွမြန်းနေပြီ ။ ပြသနာက ဆရာတော် ဦးပညာစာရရဲ့  တစ်သက်တာလုံးပင်ပမ်းခံပြီး မွေးစားထားတဲ့  မိဖမဲ့ ခလေးတွေပြသနာဖြစ်တယ် ။ ဒီခလေးတွေဟာ ကျနော်တို့ ကိုယ်တိုင် မွေးကျွေးစောင့်ရှောက် ပြုစုခဲ့ တဲ့  ခလေးတွေဖြစ်တယ် ။ မဟာမုနိဗုဒ္ဒ၀ိဟာရ ကျောင်းရဲ့  မိဖမဲ့ ခလေးတွေအကြောင်းကို အဲဒီတုံးက -၁၉၉၆-ခုနှစ်မှာ ကျနော် ဆောင်းပါး တပုဒ် ရေးပြီး ဒေါက်တာတင်ထွန်းဦး ထုတ်ဝေတဲ့  သုတဂျာနယ်မှာ ဖေါ်ပြခဲ့ တယ် ။ ရင်ခွင်ပိုက်ရို့ နားခိုဖို့ ရာ ဆိုတဲ့  ဗွီဒီိယိုမှတ်တမ်း တင် ဇါတ်ကားကိုလဲ ကျနော်ဦးစီးပြီး ရိုက်ကူးဖြန့် ချီခဲ့ တယ် ။
      ခလေးတွေအ၀တ်အစား ၀တ်ဖို့  သင်္ကန်းလေးတွေ ချုပ်ပေးထားတယ် ။ ခလေးတွေက ငယ်စဉ်ကတည်းက သင်္ကန်းဆီးပြီး နေကြတယ် ။  စားချိန်တန် စား-နိုးစို့ ချိန်တန် နို့ စို့ ရပေမဲ့  သူတို့ အတွက် မိရင်ခွင်မှာ နွေးထွေးစွာ မအိပ်စက်ရတော့ မိခင်ကို တမ်းတလို့  ငိုကြွေးကြရတယ် ။ ညကြီးသန်ကောင် ငိုကြွေးနေကြတဲ့  မိဖမဲ့ ခလေးတွေရဲ့  အပူကို ဆရာတော်ဦးပညာစာရနဲ့  ကိုယ်ရင်လေးတွေက ချော့မော့သိပ်ပြီး ညပေါင်းများစွာကို ကျော်ဖြတ်ကြရတယ် ။ ဘယ်လိုခလေးတွေမဆို ငိုကြွေးနေကြရင် မိခင်တွေဟာ သားသမီးတွေကို အငိုတိတ်စေဖို့  ချော့မော့ပေးကြတာပါဘဲ ။ ဒါပေမဲ့  ဆရာတော်ဦးပညာစာရရဲ့  မဟာမုနိဗုဒ္ဒ၀ိဟာရ ကျောင်းက မိဖမဲ့ ခလေးတွေဟာ မိဖငတ်နေပေမဲ့  မိဖလို အသက်အရွယ်ကြီးမြင့်သူ ကိုယ်ရင်လေး တစ်တောင်တစ်ဆစ်တွေက ချော့မော့ပေးနေတာကို ဘ၀ရဲ့  ကုသိုလ်ကံအကျိုးပေးကြောင့် သိရှိနားလည်ပြီး သူတို့ ခမြာ မျက်ရည်စကို သိမ်းယင်း အငိုရပ်ရတော့တယ် ။
     ကျနော်က တစ်ခါတစ်လေ ကျောင်းမှာသွားအိပ်တတ်တယ် ။ ပထမတော့ ကိုယ်ရင်လေးတွေက ကျနော်အိပ်စက်ဖို့  ခြင်ထောင်လေးတွေနဲ့  အိပ်ယာလုပ်ပေးတယ် ။ ခြင်ကိုက်တော့ ခြင်မကိုက်အောင်ပေါ့ ။ ကန်တော်ကြီးက တိုက်ခတ်လာတဲ့  လေအေးဟာ ကျောင်းပေါ်ထိတိုင် ဖြေးဖြေးလေး တိုက်ခတ်နေတယ် ။ လေတဖြူးဖြူးနဲ့  အိပ်စက်ရတဲ့  အရသာဟာ မြေသင်းနံ့ နဲ့  တကယ့်ငြိမ်းချမ်း ပျော်ရွှင်စွာ အိပ်မက်လှလှနဲ့  အိပ်စက်ရမှာပါဘဲ ။ ဒါပေမဲ့  လေတဖြူးဖြူးနဲ့  တိုက်ခတ်နေတဲ့  မိဖမဲ့ ကျောင်းမှာ တစ်ရေးမှ  အိပ်စက်နိုင်တာ မဟုတ်လေဘူး ။
  ခြင်ထောင်နဲ့  အိပ်တော့မယ်လို့  မျက်လုံးလေး မှေးရုံရှိသေး – တစ်နေရာက ခလေး တစ်ဦးက ငိုပြီး သေးပေါက်ချင်တယ်လို့  ငိုလေရော။ ဒါကို နဲနဲ အသက်ကြီးတဲ့  ကိုယ်ရင်လေးတစ်ပါးက လက်ဆွဲခေါ်ယူ သွားလို့  ပြန်ခါဘဲ ရှိသေးတယ် ။ နောက်တစ်ယောက်က ငိုပြန်တယ် ။ ဒီလိုနဲ့  ခလေးတွေရဲ့  ငိုယိုသံကို နားထောင်ရင်း အိပ်စက်တော့မယ်လို့  မျက်လုံးကို မှေးလိုက်တယ် ။ သေးစော်လို အနံ့က နှာခေါင်းထဲ ထိုးဝင်လာတယ် ။ ဒီတော့ တော်တော်လေး ခေါင်းနပမ်းကြီးရပြန်တယ် ။ သေးစောက နံနေတော့ ဘယ်လိုနည်းနဲ့ မှ အိပ်ပျော်မှာ မဟုတ်ဘူး ။ ဘယ်နေရာမှာ သေးပါက်ထားသလဲ ဆိုတာ ကြည့်မိပါတယ် ။
    ဘယ်နေရာမှာမှ မတွေ့ တော့ ပြန်ပြီး အိပ်နိုင်အောင် ကြိုးစားရတယ် ။ အိပ်မရတော့ဘူး ။ သေးစော်က အရမ်းနံနေတယ် ။ ဒီတော့ ခေါင်းအုံးကို နှာခေါင်းနဲ့  ကပ်လိုက်တော့ ခေါင်းအုံးက သေးစော်နံနေတာကိုး ။ ခေါင်အုံးကို ခြင်ထောင်အပြင်ဖက် ရွှေ့ထားလိုက်တယ် ။ ခေါင်းအုံးမရှိတော့ အိပ်စက်ရတာ မသက်သာပေမဲ့  သေးစော်နံနေလို့  ဖြင့်  အိပ်မရတာထက်စာရင် အိပ်ရတာ အဆင်ပြေနိုင်ကောင်းပါရဲ့  ဆိုပြီး အိပ်စက်ရတာပါ ။ ခေါင်းအုံးက မရှိပေမဲ့ လဲ သေးစော်က နံနေပြန်သေးတယ် ။ ဖျာကြမ်းတထည် ခင်းပေးထားတာကြောင့် ဖျာကိုနမ်းကြည့်ဖြစ်တယ် ။ လက်စသတ်တော့ ဖျာကြမ်းမှာ သေးနံ့ က စွဲနေတော့ ဖျာကိုလဲ ခြင်ထောင်အပြင်ဖက် ရွှေ့  ထားလိုက်ပါတော့တယ် ။ ခလေးတွေဟာ ဒီဖျာ -ဒီခေါင်းအုံးတွေနဲ့  အိပ်စက်နေကြသူမို့  သူတို့ ရဲ့  သေးနံ့က စွဲနေတာကို သတိရလာတယ် ။
  ဖျာကြမ်းမရှိတော့  ကျောင်းကြမ်းပြင်မှာ အိပ်စက်ရတာ ကြောအေးနေတယ် ။ ဒါပေမဲ့  ဖျာကြမ်းမရှိတော့လဲ သေးစော်က နံနေပြန်သေးတော့ ဘယ်ကနံနေသလဲ ဆိုပြီး ကြည့်ရသေးတယ် ။  တွေ့ ပါပြီ- ခြင်ထောင်က နံနေတာကိုး ။ ဒီလိုနဲ့  ခြင်ထောင်ကိုလဲဘဲ အိပ်စက်ဖို့ ရာမှာ အသုံးမပြုတော့ဘဲ ကျောင်းကြမ်းပြင်မှာ အိပ်စက်ရပါတော့တယ် ။
        ကျနော်အိပ်စက်ရတာက တည ၊ မိဖမဲ့ ခလေးတွေကို တစ်ယောက်ကနေပြီး တစ်ရာကျော်ထိ မွေးကျွေးစောင့်ရှောက်နေမဲ့  ဆရာတော်ဦးပညာစရာရဲ့  ညပေါင်းများစွာ ၀ဋ်ဒုက္ခဟာ နဲနဲနောနော ကြီးမားစွာ ပေးဆပ်နေရမလဲဆိုတာ စဉ်းစားမိသူတိုင်း သိနိုင်ကြပါတယ် ။  
တစ်နေ့ တော့ မိဖမဲ့ ခလေးတွေဟာ သူတို့ အတွက် နားခိုရာ ကင်းမဲ့ စွာနဲ့  ဘ၀ဆိုးတစ်ခုကို ကြုံရတော့တယ် ။ ဒါကတော့ သူတို့ ကို ရပ်ဝေးနေရာဖြစ်တဲ့ အထက် မြန်မာပြည် မန္တလေး လူငယ်အကျဉ်းထောင်ကို ပို့ ဆောင်ခြင်း ခံရတယ် ။ ဒီလိုပို့ ဆောင်ပေးတဲ့နေရာတွေဟာ သူတို့ အဖို့  စကားမပြောတတ်တဲ့ နေရာဖြစ်တယ် ။
၈-၂၀၁၁-နေ့ မှာမှ ရန်ကုန်ကို ရထားနဲ့ ပို့ ဆောင်ပေးတယ်- သူတို့ လေးတွေဟာ နို့ စို့  ခလေးသူငယ်တွေဖြစ်တယ်- ဘာမှ အပြစ်မရှိပါဘဲ လူငယ်အကျဉ်းထောင်ကို ဘာကြောင့် ပို့ ဆောင်ပေးရပါသလဲ ။ ရန်ကုန်ရောက်တော့ ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းမှာ တစ်ချို့ ကို ထားလိုက်တယ် ။ 
တကယ်တော့ -၁ရ-ရ-၂၀၁၀-နေ့ မှာ မဟာမုနိဗုဒ္ဒဝိဟာရကျောင်းက ခလေးတွေကို ခေါ်ယူသွားတာဟာ -ရ၄- ဦးဖြစ်တယ် ။
မန္တလေးအမျိုးသမီးကျောင်း-လမ်း-၃၀- ၆၄-လမ်းထောင့် -ဆရာမကြီးဒေါ်ရီရီရွှေက တာဝန်ခံ ထိမ်းသိမ်းထားလိုက်တာ -ခလေး-၅-ယောက်ဖြစ်တယ်- အားလုံးဟာ နို့ စို့ သူငယ်တွေဖြစ်တယ် ။
မကွေးကလေးပြုစုရေးမှာ -၃ရ-ဦး ထားလိုက်တယ်- ရန်ကုန်-၆၅-ကျိုက်ဝိုင်း ဘုရားလမ်း-ဆရာကြီးဦးစိုးလွင်က ခလေး-၂၈-ယောက်ကို တာဝန်ခံထိမ်းသိမ်းယူလိုက်တယ် ။ 
တစ်ချို့ ခလေး-၆-ယောက်ကို မိသားစုရှိရာကို -၅-၉-၂၀၁၃-နေ့ မှာ ပို့ ဆောင်လိုက်တယ်လို့  သိရတယ်- ဒါပေမဲ့ မိသားစုရှိရာကို ရောက်မရောက် ဘယ်သူမှ မသိရှိကြဘူး ၊ 
ဖြူချစ်အောင်ဆိုတဲ့ -၁၀-တန်းကျောင်းသားလေးကိုတော့ စစ်တပ်ထဲကို သွင်းလိုက်တယ်လို့  ကြားသိရတယ် ။
ဒီတော့  ဆရာတော်ဦးပညာစာရက ကျနော့်ကို  အခုလို ၀မ်းနည်းပူဆွေးစွာ မိန့် ကြားလာပါပြီ ။ သူမွေးစားထားခဲ့ သူ မိဖမဲ့ ခလေးတွေကို သူ့ ရင်ခွင်ကို ပြန်လာရောက်စေချင်ပါတယ်တဲ့  ။
ဒီခလေးတွေထဲမှာ ညီအကိုမောင်နှမ သုံးယောက်ရှိသူတွေဟာလဲ ခေါ်သွားပြီးနောက် တစ်ယောက် တကွဲစီ ထားလိုက်တယ်လို့  သိရပါတယ် ။ မိဖမဲ့လို့  သေကွဲရှင်ကွဲ နေချိန်မှာ ခုတော့ ညီအကိုချင်းချင်းတောင် တစ်ယောက် တစ်နေရာစီ ကွဲပြားနေကြရတော့ သူတို့  တွေရဲ့  အဖြစ်ဆိုးလောက် ဘယ်လူသားကမျှ ကံဆိုးကြမယ်လို့ မထင်ရတော့ပါ ။
ခုတော့ စစ်အစိုးရက မိဖမဲ့ ခလေးတွေကို အပြစ်မဲ့ ပါလျှက် တစ်နယ်တစ်ကျေး ခေါ်သွားတာဖြစ်တယ် ။ သူတို့ လေးတွေမှာ ဘာအပြစ်အနာအဆာ မရှိဘူး ။ သူတို့ လေးတွေကို ဆရာတော်ဆီ  ပြန်ရောက်လာအောင် ကူညီပေးပါလို့  ၀မ်းနည်းပက်လက် ကျနော့်ကို ဆရာတော် ဦးပညာစာရက အကူအညီ တောင်းရှာပါတော့တယ် ။
    ကျနော့်အနေနဲ့  ဒီအချိန်မှာ မြန်မာနိုင်ငံအစိုးရကို မေတ္တာရပ်ခံပါရစေ ။
သို့ နည်းတူ ရခိုင်ပြည်နယ်အစိုးရကိုလဲဘဲ တင်ပြပါရစေ ။
 တစ်ချိန်တည်းမှာဘဲ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီကိုလဲဘဲ တင်ပြပါရစေ ။
 ခုအချိန်မှာ ဆရာတော်ဦးပညာစာရဟာ မြန်မာနိုင်ငံသားတစ်ဦးမို့  လွပ်လွပ်စွာ သွားလာခွင့်ရနေပါပြီ ။ ဒီလိုဘဲ ဆရာတော်မွေးစားခဲ့ တဲ့  မိဖမဲ့ ခလေးတွေကိုလဲ ဘဲ လွပ်လွပ်စွာ သွားလာခွင့်ပေးသင့်ပါပြီ ။ သူတို့ လေးတွေမှာ မွေးစားအဖေ ရှိနေတဲ့ အတွက် မွေးစားအဖေဆီ စေလွှတ်သင့်ပါပြီ ။  ကျနော်ဟာ မကြာခင် မြန်မာနိုင်ငံကို အလည်လာဖို့  အစီအစဉ်များ ပြုလုပ်နေပါတယ် ။ အဲဒီလို လာတဲ့ အခါ ခလေးများကို ထိမ်းသိမ်းစောင့်ရှောက်ထားတဲ့  နေရာဒေသအသီးသီးက ခလေးတွေကို ခေါ်ယူပြီး ရခိုင်ပြည်နယ်ကို ခေါ်ယူသွားချင်နေပါတယ် ။ တကယ်လို့ ခုအချိန်မှာ အစိုးရက ရခိုင်ခလေးတွေကို သူတို့ ရဲ့  မွေးစားဖခင် ဆရာတော် ဦးပညာစာရ ၏ မဟာမုနိဗုဒ္ဒဝိဟာရကျောင်းကို ပို့ ပေးခဲ့ ရင်တော့ အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ထင်ပါတယ် ။ 
ယခင်က စစ်အစိုးရဟာ တစ်ချိန်က ပြုလုပ်ချင်တိုင်း ပြုလုပ်ခဲ့ ပေမဲ့  ခုအချိန်မှာတော့ မြန်မာနိုင်ငံအစိုးရဟာ လူသားတို့ အခွင့်အရေး နဲ့  မြန်မာနိုင်ငံသားတို့  တစ်ဦးချင်းစီ၏ မွေးရာပါအခွင့်အရေးကို ချိုးဖေါက်မထားသင့်တော့ဘူးလို့  ထင်ပါတယ် ။  မိဖမဲ့ ခလေးများအဖို့  လွပ်လွပ်စွာ သွားလာခွင့် ရရှိထားသူ မြန်မာနိုင်ငံ တိုင်းရင်းသားများ ဖြစ်တာ မို့  ကျနော်တို့ အနေနဲ့  သူတို့ ကို ရခိုင်ပြည်နယ်ကို ခေါ်ယူသွားနိုင်ခွင့် ရှိနေပါတယ် ။
ကျနော်တို့ ရဲ့  မိဖမဲ့ ခလေးတွေဟာ ရခိုင်လူမျိုးဖြစ်ပါတယ် ။ သူတို့ လေးတွေကို ရခိုင်ပြည်နယ်မှာဘဲ ကျွေးမွေးသုတ်သင်ထားချင်ပါတယ် ။ သူတို့ လေးတွေကို ရခိုင်စကား ပြောစေချင်ပါတယ် ။ သူတို့ လေးတွေကို ရခိုင်လူမျိုးပီပီ အမျိုးသီလကို စောင့်ရှောက်တဲ့  လူမျိုးအဖြစ် ဖြစ်စေချင်ပါတယ် ။ ရခိုင်လူမျိုးကို အချိန်မသိ ကာလမသိဘဲ နိုင်ထက်စီးနင်း ခေါ်ယူသွားတဲ့  စစ်အစိုးရရဲ့  လူသားမဆန် ဆောင်ရွက်မှုတွေဟာ ကျနော်တို့ ရဲ့  ရင်ဘတ်ထဲမှာ ကြီးမားတဲ့  အနာတရ ဒဏ်ရာဒဏ်ချက်များ ဖြစ်နေပါတယ် ။
ဒါ့ကြောင့်မို့ လို့  ရခိုင်မှာမွေး ရခိုင်လေးတွေကို ရခိုင်ပြည်နယ် ပြန်ပို့ ပေးပါတော့လို့  အနူးအညွှတ်မေတ္တာရပ်ခံ တောင်းဆိုရကြောင်းပါဗျာ ။  
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts