Uncategorized

Chan Mya (mmk repoter) – News

ရွှေတွံတေးဆရာတော် မလိဝမ်း ပရဟိတကျောင်းသို့ လှူဒါန်း
ချမ်းမြ (မိုးမခအထောက်တော်)
စက်တင်ဘာ ၁၄၊ ၂၀၁၃

 ကော့သောင်းမြို့ မှ ၂၄ မိုင်အကွာ မလိဝမ်းရွှေတောင်ဦးကျောင်း မိဘမဲ့ပရဟိတ ဘုန်းတော်ကြီးစာသင်ကျောင်းသို့  ၁၁. ၉. ၂၀၁၃ နေ့ က ရွှေတွံတေးဆရာတော်ကြွရောက်ပြီး ကလေးများအတွက် လှူဒါန်းခဲ့သည်။

ရွှေတွံတေးဆရာတော်က………….. မလိဝမ်း ရွှေတောင်ဦးဆရာတော်က မေတ္တာကြီးမားပြီး မိဘမဲ့ရော ချို့ တဲ့သူတွေပါ ကလေး ၁၅၀ လောက်ကျွေးမွေးပြုစု ပညာသင်ပေးနေတာ – မွတ်ဆလင် ခရစ်ယာန် ဟိန္ဒူကလေးတွေပါ မကျန် ဘာသာစုံပဲ – တိုင်းရင်းသား တွေလည်းအစုံပါဘဲ ကောင်းနေရော အရေးပေါ် ၁လ သားခလေးကို ရင်ခွင်ပိုက် ခရီးကြွတဲ့ အထိပဲ – ကဲ .. ဒကာအရင်းအချာတွေ ဆရာ တော်ကို ၀ိုင်းရံသာသနာပြုကြပါ ဆရာတော်နောက်ဆံမတင်းရအောင် ခလေးတွေကို တာဝန်ယူပြီး ကူညီပေးကြဖို့ နောက်လိုက်ကူညီကြဖို့ ………. စသဖြင့်မိန့် ကြားခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts