Uncategorized

Bharadwaj – To Lovely Daughter … (Essay)

ချစ်သမီးသို့
ဘာရာဒွါဂျာ (မြန်မာပြည်)
စက်တင်ဘာ ၁၅၊ ၂၀၁၃


အချစ်ဖြင့် —— မေမေ
 သမီးရေ — ဘ၀တစ်ခုဟာ အောင်မြင်ဖို့ တိုးတက်ဖို့ချည်းပဲဆိုရင်တော့ နွေးထွေးမှုဆိုတာ ငါ့သမီး ဘ၀ မှာ တစိမ်းတရံစာတစ်ဦးလို သမီးရဲ့ ခတ်လှမ်းလှမ်းက ငါ့သမီးကို ငေးမောကြည့်ရင်း ဟားတိုက်ရယ်မောနေ မှာပေါ့။
တိုးတက်မှု နဲ့ အောင်မြင်မှု ဟာဒွန်တွဲပြီးပါနေစမြဲမို့ တိုးတက်ခြင်းဟာ အောင်မြင်ခြင်းမဟုတ်သေးဘူးဆိုတာ ငါ့သမီး သိပါရဲ့လား။  တိုးတက်နေရုံနဲ့ ကိုယ့်အလုပ်က မအောင်မြင်သေးဘူးသမီးရေ—– လူတွေက  လည်း လက်ခံဦးမှ၊—လက်ခံမှုကလည်း ဆပ်ပြာဗူဗောင်းလို မဟုတ်ဘဲ တာရှည်ခံနိုင်ဦးမှပေါ။့
မေမေကတော့ မွေးလာကတည်းက သမီးဆိုတာနဲ့ အော် အတွေးတွေက သမီးကို မွေးလို့နာကျင်ပင်ပန်းတဲ့ ကြားကပဲ အော် မိန်းမတစ်ယောက်ရဲ့ အောင်မြင်ခြင်းကို ငါ့သမီးပိုင်ဆိုင်ခွင့်ရပါ့မလား လို့ တွေးနေမိတယ်။ စာရေးသူ များဟာ တယ်လည်း မဟုတ်တာကို အဟုတ်ပြောတတ်ကြလိုက်တာ လို့ဆိုရင်လည်း ငါ့သမီးကဆိုလိမ့်မှာ ပေါ့။ မေမေ ကတော့ အောင်မြင်မှုတွေလို့ဆိုလိုက်ရင် ငါ့သမီးမြင်လိုက်မယ့် ငွေကြေးတွေ၊ စိန်ရွှေရတနာတွေ။ မေမေကတော့ ဒါတွေကို ပြောတာမဟုတ် သလို တိုးတက်ခြင်းဆိုတာကလည်း နိုင်ငံခြားသွားပညာတွေသင်တာမဟုတ် ပြန်ဘူး။
ဘ၀ရဲ့အောင်မြင်ခြင်းမှတ်တိုင်ဆိုတာ တစ်ခုတည်းလည်းမဖြစ်နိုင်ဘူးသမီး။ နှစ်ခု၊ သုံးခုလည်း မဟုတ်ပြန်ဘူး။ ပြဿနာတိုင်းကို သပ်သပ်ရပ်ရပ် ဖြေရှင်းနိုင်တာဟာ ဘ၀ရဲ့အောင်မြင်မှုပါပဲ။ ကိုယ့်ဘ၀ကို မတ်အောင်ထူထောင်နိုင်ခြင်းဟာလည်း အောင်မြင်ခြင်း ပဲလေ။ ဘ၀ဆိုတဲ့ အနားသတ်ဘောင်အတွင်းမှာ လုပ်သင့်တာတွေနဲ့  ငါ့သမီးလုပ်နိုင်တာတွေဟာ ကိုယ့်အတွက်ချည်း မဖြစ်ရင်ပဲ မဆိုးလှပါဘူး။ ကိုယ့်ဘ၀ကို ဘယ်တော့မှ ကိုယ်ချည်း သက်သက် မပိုင်ဆိုင်ဘူးဆိုတာလေးကိုတော့ သိထားစေ ချင်တယ် ကလေးရေ။ ဥပမာမေမေ့ဘ၀ကိုပဲကြည့် — မေမေ့ဘ၀ကို သမီးကပိုင်သလို ဖွားဖွားကလည်း ပိုင်တာပဲ။ မေမေဟာ သမီးအတွက် ရှင်သန်ရသလို ဖေဖေ့အတွက်လည်းနိုးကြားနေရတာပဲလေ။ နောက်ဆုံး အိမ်ကခွေးကလေးတိုက်ဂါးတောင် မေမေ့ အချိန်တွေ ကို ဖဲ့ယူသွားတာငါ့သမီး အမြင်ပါပဲ။ လူဆိုတာ ကိုယ့်အတွက်ချည်းလုပ်ရတဲ့အမျိုးမဟုတ်ဘူးကွ။
မေမေတို့ဗမာမိန်းကလေးတွေအဖို့ အိမ်ထောင်ပြုတယ်ဆိုတာ အရင်းအနှီးကြီးလှပါတယ်။ အိမ်ထောင်ပျက်ဖြစ်မှာကို မေမေတို့ဗမာလူမျိုးဟာ အထူးသဖြင့် မိန်းကလေးရှင် စိုးရိမ်ကြီးကြပါတယ်။ အင်း မေမေနဲ့ အခြားသောအမေများနဲ့ သဘောထား မတိုက်ဆိုင်တာလေး တစ်ခုကတော့ ကိုယ့်ဘ၀ကို ယိုင်သွားစေ လောက်အောင်ပြုမူတဲ့ အိမ်ထောင်ဖက fကိုတော့ ပတ်ဝန်းကျင်ကိုကြောက်လို့ပဲဖြစ်ဖြစ်၊ အား နာလို့ဖြစ်ဖြစ်၊ ၇င်မဆိုင်ရဲ လို့ပဲဖြစ်ဖြစ် ပေါင်းနေ တဲ့ မိန်းမတွေများကိုတော့ မေမေက စိတ်ပျက်တတ်သူမို့ အော်သမီးလေးကို မသင်ကောင်းတာတွေ သင် လေ ခြင်းရယ်လို့ ပြောကြဦးမှာပေါ့လေ။ ထမင်းတစ်လုပ်အ တွက် ယောက်ျm;အရိုက်ခံစရာမလိုအောင် ကိုယ့်ခြေ ထောက်ပေါ်ကိုယ် ၇ပ်နိုင်အောင်ကြိုးစားဆိုတဲ့ မေမေ့ စကားဟာ ငါ့သမီးနားအတွက် ခါးခါး ချည်သေးရဲ့။
မေမေတို့မိန်းမတွေကလည်း သားတွေသမီးတွေ အတွက်ဆို ဘယ်လိုဒုက္ခတွေကိုခံရ ခံရ ခါးစည်းခံကြတဲ့သ ဘာဝက ယဉ်ကျေးမှုတစ်ခုလို အမြစ်တွယ်နေပြီဆိုတာလည်း မေမေသိပါတယ်။ လင်ကိုဘုရား၊ သားကိုသခင် ဆိုတဲ့စကားက သမိုင်း ကြောင်းတစ်ခုကို ဖြတ်သန်းလာခဲ့ပြီလေ။ သည်းခံခြင်း တရားကို နည်းမှန်လမ်းမှန်နဲ့ သတ်မှတ်ချက်တစ fခုအတွင်းမှာပဲ မေမေက သည်းခံတတ်သူမို့လား မသိပါဘူးသမီးရာ— အမှန်တရားကို  မျက်ကွယ်ပြုပြီးသည်းခံရတယ်ဆိုတာကတော့ သတ္တိနည်းရာရောက်လှပါတယ်။
ဘ၀မှာ မေမေကတော့ မှတ်တိုင်တွေ အများကြီးစိုက်ခဲ့ချင်တယ်လို့ဆိုရင် ငါ့သမီးက မေမေ ဟာ အတော့်ကို ကျော်စောထင်ရှားချင် လွန်းတယ်လို့ ထင်ဦးမှာပါပဲ။ ကျော်စောထင်ရှားခြင်းနဲ့ အောင်မြင်မှု ဆိုတာမတူ လို့မေမေပြောတဲ့ အောင်မြင်မှုမှတ်တိုင် ဆိုတာကတော့ ကျော်စောထင်ရှားခြင်းကင်းတဲ့ မှတ်တိုင်တွေပေါ့သမီးရယ်။ မေမေ့ဘ၀ရဲ့ အဓိက အောင်မြင်မှုမှတ်တိုင်ဖြစ်လာမှာကတော့ ငါ့သမီးလေး ပါပဲ။ မေမေဟာ ရွေးချယ်ခွင့်မရတဲ့ လူသားတစ်ဦးကို မွေးထုတ်လာပြီးတဲ့နောက် မေမေ့မှာ အတွေးတိုင်းဟာ အဲဒီ့လူသားလေးအတွက်ဖြစ်သွားပြီပဲ။ ဒီလူသားလေးရဲ့ အရောင်ဟာ ဘယ်လောက်တောက်ပလာမလဲ။ ဒီလူ သားရဲ့ ကိုယ်ကျင့်တရားဟာ ဘယ်လောက် များ စာနာတတ်လာသလဲ။ အော် ဒီလူသားရဲ့ ဘ၀တန်ဖိုး ကရော ဘယ်လောက်မြင့်မားလာပါသလဲ။ တစ်ခုချင်း ဟာ မေမေ့ရဲ့ မှတ်တိုင်လေးတွေပေါ့။
မေမေရဲ့ မှတ်တိုင်လေးတွေက မေမေသိ တတ်တဲ့အရွယ်ကစခဲ့တာပါပဲ။ မေမေဖြတ်သန်းခဲ့တဲ့ ငယ်ဘ၀မှာ မှတ်တိုင်ပိစိကွေးလေးတွေ စိုက်ခဲ့တယ်။ အဲဒီမှတ်တိုင်လေးတွေဟာ သမီးကိုလည်း မွေးဖွားလာ ရော မေမေ့မှာ အသုံးဝင်လိုက်တာ—— မေမေ ငယ်ငယ်တုန်းကလေလို့ — အစချီချီပြီး ပြောခဲ့တာလေးတွေ ငါ့သမီးမှတ်မိ တန်ကောင်းပါရဲ့။  ငါးနှစ်သမီးအရွယ်နဲ့ မင်းအမေက စင်ပေါ်တက်ပြီး ကဗျာလွတ်ကတာ ကွေးလို့ ပြောစရာဆိုလို့ တစ်ချက် fမှ မင်းသမီးက မပြုံးတာပဲလို့ သမီးရဲ့ ကြီးကြီး ပြောလေ့ရှိတာ မေမေ့ရဲ့မှတ်တိုင်လေးပေါ့။
ဒီခေတ်မှာတော့ ငါးနှစ်သမီးကတည်းက ငါ့သမီးနှယ် တက်လိုက်ရတဲ့ကျူရှင် —– ကဗျာလွတ်ဝေးလို့ စိန်ပြေးတမ်းတောင် ကောင်း ကောင်းကစားခွင့်မရရှာတာမေမေ့လို မှတ်တိုင်ပိစိ လေးမစိုက်နိုင်ရှာဘူးပေါ့။ ငါ့သမီးတို့ခေတ်က အင်တာ နက်ခေတ် …— သိပ္ပံခေတ် —- ဒါနဲ့ပဲ လူသားတွေကလည်း နှလုံးသားကို သွေးသန့်စင်စက် လိုသဘောများထားနေရော့သလား။ ဘ၀ကိုလည်း ခေတ်ပေါ်ကွန်ပြူတာဂဏန်းပေါင်းစက်နဲ့ပဲ တွက်ချက် လျှောက်လှမ်းနေရော့သလား။
သဘာဝပတ်ဝန်းကျင်က သစ်ရည်တက်တာ၊ အရုဏ်ကျင်းတာ၊ ဆည်းဆာချိန်တိမ်တောက်တာတွေ ဟာ ကွန်ပြူတာအင်တာနက်နဲ့အတူ ငါ့သမီးတို့ ဘ၀က ငြိမ်ငြိမ်လေးထွက်သွားကြပြီကိုး။ လှုပ်ခတ် နေတဲ့ သစ်ရွက်တွေကြားက ငါ့သမီးရယ်သံအစား ငါ ဘာကြားရလိုက်ပါလိမ့်။ အမျိုးအမည်မသိတဲ့ ဂီတတစ်ခု။ အော် ကာရန်တော့ရှိSသား။ သမီးတို့ ဘ၀က အလှတရားကို ခံစားတဲ့ခေတ်မှ မဟုတ်ဘဲ ကိုး။ သမီးတို့ခေတ်ရဲ့ အလှတရား ဆိုတာ မေမေ hအမြင်မှာတော့ သိမ်မွေ့မှုကင်းလို့ ရဲတင်းလှတယ် လို့အောက်မေ့မိပါရဲ့။ လူ့စိတ်ဆိုတာလည်း မမြင်ရမှ ဖြူလား၊ မည်းလား သိချင်တာလေ။    
ငါ့သမီးခုနှစ်လွှာအက ဆိုတာကြာဖူးမှာပေါ့။ အပေါ်အင်္ကျီလေးချွတ်လိုက်၊ စကဒ်လေးချွတ်လိုက်၊ ကရင်း ကရင်း ချွတ်ချွတ်သွားတာ ၊ ပရိသတ် ကလည်း ဘာလေးများပေါ်လာမလဲ။ ဘာလေးများ ဖော်လိုက်ဦးမလဲဆိုပြီးတထင့်ထင့်။ အင်း စိတ်ဝင်စား စရာ။ တစ်ကိုယ်လုံးချွတ်ပြီးတက်ကလို့ကတော့ ငါ့သမီးရယ်ဘာများ စိတ်ဝင်စားစရာကောင်းပါဦးပါ တော့မလဲ။ အေးလေ ငါ့သမီးသဘောပေါက်တန် ကောင်းပါရဲ့။ မေမေကတော့ ချစ်သမီး အတွက် ပြောစရာတွေကများသမို့ —– ကလေးရေ မေမေခဏနားဦးမယ်နော်။  

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts