ဇော်အောင် (မုံရွာ)

Zaw Aung (MoneYar) – Articles

မြန်မာ့ကုန်ထုတ်လုပ်မှုအကြောင်း
ဇော်အောင် (မုံရွာ)
စက်တင်ဘာ ၁၅၊ ၂၀၁၃

မြန်မာပြည်အလယ်သွားပြီး ပြန်လာတဲ့ အမေရိကန်မှာသော မြန်မာတစ်ဦးက စိတ်ပျက်ပြီးပြောလာသည်။  “ဟာ..မြန်မာပြည်ကလူတွေ အရမ်းချမ်းသာတာပဲ။ စားလိုက်သောက်လိုက်ကြတာဗျာ.. အိမ်မြေဝယ်မလားစုံစမ်းကြည့်တော့ အားလားလား… သိန်းတစ်ထောင်ဆို တာအိမ်စုတ်ပဲ။ သိန်းပေါင်းသောင်းချီပြီးဈေးခေါ်နေကြလိုက်ကြတာ…..”  လို့ မြည်တွန်ရှာပါတယ်။ စင်ကာပူနေသော မြန်မာများလည်း ငွေစုပြီးမြန်မာပြည်မှာအေးအေးဆေးဆေးပြန်အခြေချဖို့ နေထိုင်ဖို့၊ မျှော်လင့်အလုပ်လုပ်နေသူများလည်း စိတ်ပျက်စရာဖြစ်သည်။ တကယ်တော့ မြန်မာပြည်ကို အတွင်းကျကျမမြင်လို့ စိတ်ပျက်သွားရခြင်းဖြစ်ပါသည်။ မြန်မာပြည်သည် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတစ်ခုဖြစ်ပြီး တစ်ဦးချင်း တစ်လဝင်ငွေ (ပျမ်းမျှ ဒေါ်လာ၁၀၀ပင်မရှိပါ။ နယ်မြို့များတွင် ပညာတတ်၊ဘွဲ့ရပင် လစာတစ်သိန်းကျော်အလုပ် မလွယ်လှပါ။ 
သို့သော်
ငွေဆိုသည်မှာ အလွန်တက်မက်စေပါသည်။ ငွေရှိလေလေ ပိုလိုချင်လေလေဖြစ်သည်။  ငွေဆိုတာ လူတိုင်းကြိုက်တဲ့အရာဖြစ်သည်။ ငွေရဲ့ကြေးကျွန်ဘဝက ရုန်းထွက်ဖို့ဆိုသည်မှာ မလွယ်ပါ။ တစ်ခါက မြန်မာပြည်တွင် အေးအေးဆေးဆေး အငြိမ်းစား၊ တိုက်နှင့်ကားနှင့်၊ အိမ်အကူများနှင့် သိုက်ဝန်းစွာနေထိုင်သူ အသက်၇၅နှစ်အရွယ် အန်ကယ်ကြီး၊ စင်ကာပူသို့ ပထမဆုံးအကြိမ် အလယ်ရောက်လာပါသည်။ ၂ပတ်ခန့် လှည့်လယ်ကြည့်ရှုပြီးနောက်… “စင်ကာပူရောက်ပြီး..အမှန်အတိုင်းပြောရရင် ကျနော့်တသက်မှာ ငွေချမ်းသာချင်စိတ်အရမ်းဖြစ်လာတယ်ဗျာ…”  ဟုပြောဆိုရှာသည်။ 
ခရစ်ယာန်ကျမ်းစာတွင်  နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းကိုရှေးဦးစွာရှာကြလော့၊ ကျန်သောထိုအရာများကိုနောက်မှငါပေးတော်မူလတ္တံ..”  ဟူသောအချက်သည် ခရစ်ယာန်ဘာသာဝင်များ၏ လက်သုံးကျမ်းချက်ပင်ဖြစ်သည်။ “ထိုအရာ” ဟုခေါ်သော အားလုံးစိတ်ဝိညဉ်ချမ်းသာခြင်းကိုခေါ်သည်။ သို့သော် အများစုက “ထိုအရာ” ဆိုသည်မှာ လောကအရာများဖြစ်သော ငွေ၊အာဏာ၊ဂုဏ်၊ တိုက်တာအိမ်ယာ အစရှိသည်တို့တွင် ငွေသည် ထိပ်ဆုံးမှပါသည်။ ငွေကို ဦးစားမပေးနှင့် ဘုရားသခင်နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းကို ဦးစားပေးပါက ဤလောက၊ နောင်တမလွန်လောက အားလုံးစိတ်ဝိညဉ်ချမ်းသာမည်ဟု ဆိုလိုသည်။ အခြားဘာသာကြီးများဖြစ်သော ဗုဒ္ဓဘာသာ၊ အစ္စလမ်ဘာသာ၊ ဟိဒ္ဒြူဘာသာ..ကွန်ဖြူးရှပ်၊ ရှင်တို၊ ဂျူး၊ ဆစ်ခ် စသည်တို့အပြင် ဘာသာမဲ့များ၊ ဘုရားစုံဝါဒီများ အားလုံးကလည်း ငွေကိုမတက်မက်ရန် သွန်သင်ပါသည်။
ယခုငွေအကြောင်းရေးရာတွင် လက်ရှိမြန်မာနိုင်ငံကြီး၊ ဆင်းရဲတွင်းမှလွတ်ကင်းရန်ထက်၊ မိမိနှင့်မိတ်ဆွေများ ဆင်းရဲတွင်းမှလွတ်ကင်းရန် ရည်ရွယ်ပါသည်။ 
မိမိကိုယ်ကို ရွှေမြန်မာဟု ဂုဏ်ယူကြသော မြန်မာအများစုမှာ၊ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုများခြင်း၊ အချင်းချင်းဖိခိုင်း၊အနိုင်ကျင့်တတ်ခြင်း၊ အထက်အရာရှိကိုနာခံမှုနည်းခြင်း၊ ဒေါသကြီးခြင်း၊ အားနာတက်ခြင်(Helpful)၊ သဘောကောင်းခြင်း၊ စသည့်မြန်မာ့အားနည်းချက်များမှာ မြန်မာများသာမက၊ ကမ္ဘာ့လူမျိုးတိုင်း၊ လူတိုင်း၏ ဗီဇပင်ဖြစ်သည်။ နှစ်ပေါင်းရာနှင့်ချီပြီး၊ လေ့ကျင့်ယူရသည်။ ဒုက္ခများစွာ၊ တိုင်းပြည်တွင် သေကြေ၊ပျက်စီးမှုများစွာဖြစ်ပြီးမှ သင်ခန်းစာယူပြီး၊ ပြုပြင်ပြောင်းလဲကြသည်။ ယခုမြန်မာပြည်ခေါင်းဆောင်များသည် မြန်မာနိုင်ငံကိုတကယ်ချစ်မြတ်နိုးသည်မှာ ငြင်းမရနိုင်ပါ။ မိမိအိမ်ထောင်စု၊ မိမိနိုင်ငံကို ဆင်းရဲမွဲတေသွားအောင် ဘယ်သူမှမလုပ်ပါ။ သို့သော် မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် ရွှေမြန်မာစိတ်ကို တပြားမှမလျှော့ပဲ၊ လုပ်ဆောင်သွားရာ အနှစ်၅၀အကြာ မြန်မာပြည်ကြီးယခုအခြေနေသို့ ရောက်သွားပါသည်။ 
ထို့ကြောင့် စင်ကာပူ၊ အမေရိကား နေထိုင်သူမြန်မာများ ရန်ကုန်သို့လာရောက်လည်ပတ်ပြီးနောက် …အင်း၊ ကိုယ်နေရာမှာပဲနေတာ ရေမီး၊အိမ်စရိတ်အပြင်၊ ငွေရှာရတာလဲ လပ်ပေး၊လပ်ယူ (လက်ဆောင်) မလိုပဲနေရတာကောင်းပါတယ်..ဆုံးဖြတ်ကြပါသည်။ ပြန်အခြေချဖို့ စိတ်ကတော့ မကုန်သေးပါ။  
● စီးပွားရေး (ဝင်ငွေ) ခိုင်မာအောင်လုပ်ခြင်း
ယခု ၂၁ရာစုနိုင်ငံများသည် စစ်တိုက်ပြီး၊ အင်ပါယာချဲ့ထွင်မှုကို မလုပ်တော့ပါ။ စစ်အင်အားကိုတော့ နိုင်ငံအဓိက၊ အများဆုံးအသုံးစရိတ်ဖြစ် သည်။ ယခင် ကမ္ဘာအင်ပါယာကြီးများသည် စစ်အင်အားဖြင့် ချဲ့ထွင်ခဲ့ခြင်းဖြစ်ပြီး၊ ယခုခေတ်တွင်လည်း စစ်အင်အားကြီးရန် အမေရိကန်၊ တရုပ်၊ ရုရှား၊ ဂျာမဏီ၊ ဂျပန် စသည့်နိုင်ငံများက လုပ်ဆောင်နေဆဲဖြစ်သည်။
သို့သော်
ဒုတိယကမ္ဘာစစ်နောက်ပိုင်း အနုမြူဗုံး၏ ကြောက်မက်ဘွယ်ရာအဖျက်စွမ်းအားကို တွေ့ရှိခဲ့သည်။ ဂျပန်လူမျိုးသိန်းပေါင်းများစွာ တချက်တည်းသေကြေသည့် ဟီရိုရှီးမားနှင့်နာဂစကီ မြို့ကြီး၂မြို့ကို ကြဲချခြင်းဖြင့် ဂျပန်လက်နက်ချခဲ့ရသည်။ ထို့နောက် ဂျပန်နိုင်ငံသည် စစ်လေယဉ်မထုတ်ရ၊ စစ်အင်အားမချဲ့ရ..ဟု ကန်သတ်မှုဘောင်အတွင်းမှ ငွေကြေး၊စီးပွားရေးဖြင့် ယခုကမ္ဘာထိပ်တန်းနိုင်ငံဖြစ်လာသည်။ အလားတူ တရုပ်နိုင်ငံကြီးလည်း ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန့်၏ ပြုပြင်ပြောင်းလဲမှု ပေါ်လစီဖြင့် ဂျပန်ကိုကျော်တက်သွားပြီး စီးပွားရေးဒုတိယနိုင်ငံကြီးဖြစ်နေပါသည်။ စင်ကာပူနိုင်ငံကလေးမှာလည်း ခေါင်းဆောင်လီကွမ်းယူ ပြုပြင်ပြောင်းလဲမှုဖြင့် ကမ္ဘာထိပ်တန်းနိုင်ငံဖြစ်နေပါသည်။ ရယ်စရာရေးရလျှင် အမေရိကန်ဆန်းဖရန်စစ္စကိုမြို့တွင် မြန်မာတစ်ဦး Bank Of America ဘဏ်စာရင်းဖွင့်ရာ ဘဏ်မန်နေဂျာအမျိုးသမီးကြီးကို မြန်မာပတ်စပို့ကို ပြရသည်။ ဘယ်မှာနေသလဲမေးရာ စင်ကာပူမှာနေသည်ဟုပြောရသည်။ မြန်မာနိုင်ငံကို ဘယ်မှာရှိသလဲမသိ၊ Myanmar လဲမသိ၊ Burma လဲမသိ၊ သြော် ဘဏ်မန်နေဂျာအမျိုးသမီး၊ အသက်၅၀ကျော်ဆိုတော့ Burma, Myanmar မသိခြင်းကို လက်ခံရသည်။ စင်ကာပူမှာနေသည် ဟုပြောပြသောအခါ မန်နေဂျာအမျိုးသမီးကြီးက Ok, I know.  Myanmar is under Singapore? ဟု မေးလာပြန်ပါသည်။ စိတ်တော့ဆိုးချင်သည်။ မြန်မာပြည်ကဒ်ပြားလေးထုတ်ပြီး မြန်မာနိုင်ငံကအကြီးကြီး၊ စင်ကာပူကသေးသေးလေး… ဒါပေမဲ့ စင်ကာပူနိုင်ငံကချမ်းသာပြီး၊ ကျနော်တို့မြန်မာနိုင်ငံက စစ်အစိုးရ၊ရွေးကောက်ပွဲမလုပ်ပဲအုပ်ချုပ်နေလို့ နိုင်ငံဆင်းရဲသွားရတယ်..ဟုရှင်းပြကရသည်။ 
အောက်ပါ ကဒ်ပြားကို လက်ဆောင်ပေးခဲ့ရသည်။
● အဝေးကွင်း၊အိမ်ကွင်း (ဘောလုံးပွဲ)
မြန်မာများကို ဘောလုံးပွဲနှင့်ယှဉ်ပြောပါက ပိုကောင်းသည်။ ယခုအခါ မြန်မာပထမတန်းဘောလုံးပွဲကို မြန်မာလိခ် အဖြစ်ပြောင်းလဲပြီး၊ အိမ်ကွင်းအဝေးကွင်းစနစ်ဖြင့် ကမ္ဘာ့ဘောလုံးပွဲပုံစံသို့ ပြောင်းလဲထားပြီဖြစ်သည်။ မြန်မာဘောလုံးသင်း လွန်ခဲ့သောနှစ်၄၀ခန့်က တောင်ကိုးရီးယားကို အနိုင်ကစားပြီ၊ အာရှထိပ်တန်းဖြစ်ခဲ့သည်မှာ အတိတ်ဖြစ်သည်။ ယခုတွင် လာမည့်အရှေ့တောင်အာရှအားကစားပွဲ ဒီဇင်ဘာလ ၂၀၁၃တွင် ကျင်းပချိန်၊ မြန်မာဘောလုံးအသင်း ဗိုလ်စွဲရန် ဖြစ်နိုင်ဦးမည်။ စီးပွားရေးတွင် မြန်မာကုမ္ပဏီများ အရှေ့တောင်အာရှအဆင့် တက်လှမ်းရန် ၁၀နှစ်ကျော်စောင့်ရဦးမည်။ မြန်မာအားလုံးစိတ်နေစိတ်ထား Attitude မြင့်မားလာရေးအတွက် ယခုအခါ အခြေအနေကောင်းနေပြီဖြစ်သည်။ ကမ္ဘာကလေးစားရသော ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းရှိနေရာမှ ယခုအခါ သမ္မတဦးသိန်းစိန်လည်း ကမ္ဘာကလေးစားရသူနောက်ထပ် မြန်မာတစ်ဦးအဖြစ် သတ်မှတ်ခံရပြီဖြစ်သည်။ ဤစာ ဖတ်ရှုနေသူ မိတ်ဆွေလည်း မြန်မာပြည်က မလေးစားချင်နေပါစေ၊ ကမ္ဘာကလေးစားသော စီးပွားရေး၊ ပညာရေး ထူးချွန်သူတစ်ဦးဖြစ်လာဖို့ အရေးကြီးသည်။ ထို့ကြောင့် ယခုစာတွင် ကမ္ဘာ့ကုမ္ပဏီကြီးများ ဘယ်နေရာ၊ ဘယ်လို ငွေကြေးကြွယ်ဝအောင် လုပ်ဆောင်နေသလဲ .. အကြမ်းဖျင်းရေးသားပါသည်။
နိုင်ငံတိုင်း စစ်လက်နက်ပစ္စည်းထုတ်လုပ်ခြင်းသည် နံပါတ်(၁) ငွေအများဆုံးအသုံးပြုသည်။ ထို့ကြောင့် စစ်တပ်ကို ရိက္ခာထမင်းချိုင့်ပို့သည့် ကန်ထရိုက်ရလျှင်ပင် ကျန်ုပ်ချမ်းသာနိုင်ပါသည်။ စစ်တပ်စီးပွားရေးအကြောင်း ဤနေရာတွင်မရေးပါ။ အိမ်ကွင်းတွင်ကန်ရမည့်ဘော်လုံးပွဲကို မနိုင်လျှင်ပင် သိက္ခာရှိစွာ ကစားနိုင်ဖို့လိုပါသည်။ ထို့အတွင် မိမိနိုင်ငံတွင်း လာရောက်မည့် နိုင်ငံတကားစီးပွားရေးကုမ္ပဏီများကို အနိုင်ရဖို့မလွယ်လှပါ။ ထိုကုမ္ပဏီများသည် ပထမဆုံးလာသူများသည် ကမ္ဘာလှည့်လုပ်စားနေသူများဖြစ်သောကြောင့် သူတို့နှင့်သိက္ခာရှိစွာ ပြိုင်ဆိုင်၊ လုပ်ကိုင်နိုင်ဖို့ အိမ်ကွင်းတွင် အခြေလှနိုင်မှဖြစ်ပါမည်။ နောက်မှ အဝေးကွင်းသို့ သွားကစားရပါမည်။ 
● ကုမ္ပဏီစီးပွားရေး (ကုတ်ထုတ်လုပ်ခြင်)
ရးရလျှင်၊ ကုန်ပစ္စည်းထုတ်လုပ်ခြင်းသည် အမြတ်အများဆုံးနှင့်၊ မိမိအတွက်ရော၊ တိုင်းပြည်အတွက်ပါ အလွန်အကျိုးရှိသည့် စီးပွားလုပ်ငန်းဖြစ်သည်။ တိုင်းပြည် ဂျီဒီပီ (အမျိုးသားထုတ်လုပ်မှုတန်ဖိုး) အများဆုံးမှာ အမေရိကန်ဖြစ်သည်။ နောက်တွင် တရုပ်၊ ဂျပန်၊ ဂျာမဏီ၊ ပြင်သစ်၊ တောင်ကိုးရီးယား၊ အိန္နိယ၊ ဘရားဇီး..စသဖြင့် ကုန်ထုတ်စွမ်းအားကြီးသော နိုင်ငံများဖြစ်သည်။ လူဦးရေများလျှင့် ကုန်ထုတ်စွမ်းအားကြီးသဖြင့် တရုပ်ပြည် အနှစ်၂၀အတွင်း ဂျပန်ကိုကျော်ပြီး ဒုတိယအဆင့်တက်လာခြင်းသည် လူဦးရေကြောင့်ဖြစ်သည်။ 
A list of the world’s largest manufacturing companies, ordered by revenue in greater than $25 billion of U.S. dollars. အမေရိကန်မှာ ဖော်ကျွန်း၅၀၀  Fortune Global 500 စာစောင်တွင် ပစ္စည်းဥစ္စာကြွယ်ဝသော် လူ၊ ကုမ္ပဏီများကို နှစ်စဉ်ထုတ်ပြန်ကျေညာသည်။ ထိုစာရင်းအရ ဘီလျှံ၂၅ အနည်းဆုံးချမ်းသားသော ၂၀၁၃ခု ကုမ္ပဏီစာရင်းကို ကြည့်လျှင် အမေရိကန်သည် နံပါတ်တစ်ဖြစ်သည်။ စုစုပေါင်း ကုမ္ပဏီ၃၅ခုဖြင့် ကန်ဒေါ်လာ ၂၂၄၂၅ ဘီလျှံဖြစ်သည်။ ဒုတိယမှာ ဂျပန် စုစုပေါင်း ကုမ္ပဏီ၂၉ခုဖြင့် ကန်ဒေါ်လာ ၁၆၉၈၈ ဘီလျှံဖြစ်သည်။ နောက်တွင် ဂျာမဏီ၊ တရုပ်၊ ပြင်သစ်၊ တောင်ကိုးရီးယား..စသဖြင့် အစဉ်အတိုင်းရှိသည်။ မည်သည့်ကုန်ထုတ်လုပ်ငန်းများကို အများဆုံးလုပ်နေသနည်းဟု စီစစ်ပါက မော်တော်ကားလုပ်ငန်း Automotive များသည် ဘီလျှံ ၁၉၀၃ ဖြင့် ထိပ်ဆုံးတွင်နေရာယူထားသည်။ တိုယိုတာ၊ ဟွန်ဒါ၊ ဟွန်ဒိုင်း၊ မာဇဒါ၊ နီဆန်၊ မာစီဒီး၊ ဘီအမ်ဒဘလျူ၊ ဘောက်စဝက်ဂွန်၊ ချက်ပလက်၊ ဟီးနိုး၊ စသည့်ကားစက်ရုံများဖြစ်သည်။ မြန်မာ့စီးပွားရေးခေါင်းဆောင်များလည်း အထင်မသေးသင့်ပါ။ မြန်မာပြည်တွင် ကားစက်ရုံများ စတင်တည်ဆောက်နေပြီဖြစ်သည်။ ယခင်က ကားအင်ဂျင်ဝယ်ပြီး ဘော်ဒီရိုက်ပဲလုပ်သည့် အဆင့်မှ မြန်မာပြည်ထုတ်ကားများ ပြည်တွင်းသုံးရန် စတင်တော့မည်။ ယခု ပြည်တွင်းထုတ် တရုပ်နည်းပညာ မော်တော်ကားများမှာ မစွံပါ။ ဒုတိယအများဆုံးမှာ စက်မှု၊လျှပ်စစ်ပစ္စည်းထုတ်လုပ်ခြင်း Engineering, various ဘီလျှံပေါင်း ၁၃၉၄ ဖြစ်သည်။ ABB, Toshiba, Schneider Electric, YASKAWA စသည်တို့ဖြစ်သည်။ တတိယမှာ လူသုံးကုန် (မိုဘိုင်းဖုန်း၊ကွန်ပြူတာ၊တီဗွီ၊ဗီဒီယို၊ရေခဲသေတ္တာ) Electronic – Consumer Electronic ဖြစ်သည်။ ဆေးဝါးပစဏည်းများ၊ ဓါတုပစ္စည်း၊ လေယဉ်၊ ဆက်သွယ်ရေးပစ္စည်း၊ ဆောက်လုပ်ရေး၊ ဆေးလိပ်၊ လူသုံးကုန်၊ လယ်ယာထွက်ကုန်၊ လျှပ်စစ်ဓါတ်ကြိုး စသည်တို့ကို အစဉ်လိုက်တွေ့ရသည် (ဇယားတွင်ကြည့်ပါ)။ 
အထက်ပါဇယားကို ကြည့်ခြင်းအားဖြင့် 
၁။ အမေရိကန်သည် နံပါတ်(၁) စီးပွားရေးနိုင်ငံဖြစ်သည်။ အမေရိကန်ကို အမှီပြုသောနိုင်ငံများနှင့် ဆက်သွယ်မည့်အစား အမေရိကန်နှင့်တိုက်ရိုက်ဆက်သွယ်ပါက ပိုပြီးအကျိုးရှိသည်။ ဂျပန်၊ တရုပ်၊ ပြင်သစ်၊ တောင်ကိုးရီးယားတို့လည်း ထိပ်တန်းစီးပွားရေးနိုင်ငံဖြစ်သည်။ အလွန်သေးငယ်သော်လည်း စီးပွားရေးအစွမ်းထက်လှသည့် စင်ကာပူနိုင်ကို သတိထားမိရန်လိုသည်။ ဇယားပါ ထိပ်တန်းကုမ္ပဏီပေါင်း ၁၄၅ခုတွင် အရှေ့တောင်အာရှမှ စင်ကာပူတစ်ခုတည်း ကုမ္ပဏီ၂ခု ကန်ဒေါ်လာ ၇၂၃ ဘီလျံဖြင့် အိန္နိယအထက်တွင်ရှိနေသည်။ အခြား အရှေ့တောင်အာရှနိုင်ငံများ တစ်ခုမှမပါ။ ထိုကုမ္ပဏီ၂ခုမှာ Flextronics (Electronics) 29 billion USD, Wilmar International (Food & Beverages) 44 billion USD တို့ဖြစ်သည်။ စင်ကာပူတွင် သူတို့ပိုင်စက်ရုံ အနည်းငယ်သာရှိပြီး သူတို့ငွေကြေးစီမံမှုအတွက် စိတ်ချရသဖြင့် ဌာနချုပ်ကိုစင်ကာပူသို့ ရွှေ့လာခြင်းဖြစ်သည်။ လူများကဲ့သို့ ကုမ္ပဏီများလည်း ရေကြည်ရာမျက်နုရာသို့ ရွှေ့ပြောင်းခြေချခြင်းဖြစ်သည်။ 
၂။ မည်သည့်စီးပွားရေးကို လုပ်မည်နည်းဟု အကြမ်းဖျင်းမှန်းဆနိုင်ပါသည်။ မော်တော်ကားလုပ်ငန်းသည် အနာဂါတ်မြန်မာပြည်တွင် အလွန်ကြီးမားသော အမြတ်စွန်းရမည့်လုပ်ငန်းဖြစ်သည်။ လောလောဆယ် ဂျပန်မော်တော်ကားများစွာ အဟောင်းတင်သွင်းလာသဖြင့် ရန်ကုန်လမ်းမကြီးများ ကြပ်နေသည်။ ဂျပန်စွန်ပစ်မော်တော်ကား ၅နှစ်အဟောင်းကို ဒေါ်လာ၁၅၀၀ဖြင့် ဝယ်ယူပြီး၊ ဆယ်ဆဈေးတင်ကာ ဒေါ်လာ၁၅၀၀၀ အထက်ဖြင့် ရောင်းချနေကြသည်။ ဒုတိယအများဆုံးမှာ စက်မှု၊လျှပ်စစ် ပစ္စည်းများထုတ်လုပ်ခြင်းဖြစ်သည်။ ထရန်စဗွန်မာ၊ ကွန်ဗတ်တာ၊ နေရောင်ခြည်လျှပ်စစ်၊ မီးစက်များ၊ အဲယားကွန်း၊ လေအေးစက်၊ ဂတ်စ်မီးဖို၊ ရေခဲစက်၊ ရေခဲသေတ္တာ၊ စသည့် စက်ပစ္စည်းထုတ်လုပ်သူများ ကောင်းစားမည်ဖြစ်သည်။ တတိယအမြတ်အများဆုံးရသည့် ကုန်ထုတ်လုပ်ငန်းမှာ အီလက်ထရွန်းနစ်ဖြစ်သည်။ မိုဘိုင်းဖုန်း၊ အင်တာနက်၊ လျှပ်စစ်ဓါတ်အားသုံးသည့် လူသုံးကုန်ပစ္စည်းများဖြစ်သည်။ jနိုင်ငံခြားဆေး၊ တိုင်းရင်းဆေး စသည့်ဆေးဝါးပစ္စည်း၊ ဓါတုပစ္စည်းဖြစ်သည့် ရေနံဓါတုနှင့်ဆက်စပ်သော ပလပ်စတစ်၊ ဖိုင်ဘာ၊ ကယ်မီကယ် Chemical ထွက်ကုန်များ၊ လေယဉ်နှင့်ပစ္စည်း၊ အိမ်နှင့်ဆောက်လုပ်ရေးပစ္စည်း၊ ကားတာယာ၊ ဆေးလိပ်၊ စီကရက်၊ ဆေးပြင်းလိပ်၊ ဆေးပေါ့လိပ်၊ လူသုံးကုန်ပစ္စည်း (စားပွဲ၊ကုလားထိုင်နှင် ဘီယာ၊အရက်၊အချိုရည် ..စသည့်တို့အပါဝင်)၊ လယ်ယာသုံး ပေါက်ပြား၊ ထွန်စက်၊ ကောက်စိုက်စက်၊ ကောက်ရိတ်စက်၊ ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေး စသည့်ပစ္စည်းများ၊ လျှပ်စစ်မီးကြိုး Cable များ ..စသည့် ကုန်ထုတ်လုပ်ငန်းများဖြစ်သည်။ 
● ၀န်ဆောင်မှု၊ စက်မှု နှင့် လယ်ယာလုပ်ငန်း Service, Industry and Agriculture
နိုင်ငံတစ်နိုင်ငံတွင် အလုပ်လုပ်သူများ မည်သည့်အလုပ်ကိုလုပ်သနည်းဟု စီးပွားရေးပညာရှင်များက လေ့လာရာတွင် ကဏ္ဍကြီး၃ခု ခွဲထားပါသည်။ ဝန်ဆောင်မှု၊ စက်မှုနှင့် လယ်လာလုပ်ငန်းများဖြစ်သည်။ တိုးတက်သောနိုင်ငံများတွင် ဝန်ဆောင်မှုသည် ၈၀% အထက်ရှိသည်။ ဆင်းရဲသောနိုင်ငံများ ဥပမာ ဘင်္ဂလားဒေခ်ျ တွင် လယ်ယာလုပ်ငန်းဖြင့် အသက်မွေးသူများ ၈၀ရာနှုန်းနီးပါး ရှိသည်။ တိုးတက်သောနိုင်ငံများတွင် စက်မှုလုပ်ငန်းများသည် အော်တိုမစ်တစ်၊ ရိုဘော့စက်ရုပ်များ၊ ကွန်ပြူတာထိန်းချုပ်မှုများဖြစ်သောကြောင့် လူအင်အားမလိုပါ။ တိကျသေသပ်သော ပစ္စည်းများကို စက်များက ထုတ်လုပ်သည်။ ဥပမာ အမေရိကန်တွင် သွားနေထိုင်ပါက စားသောက်ဆိုင်များ ၊ ဘဏ်များ၊ ကက်ရှာ Casher များ၊ ကောင်တာများ၊ ဓါတ်ဆီဆိုင်များ၊ ကုန်တိုက်များ၊ ပညာရေး၊ ကျန်းမာရေး၊ အင်ဂျီအိုများ၊ အရောင်းဆိုင်၊ မီဒီယာ၊ အသံလွှင့်၊ အင်တာနက်များ စသည့် ဝန်ဆောင်မှုလုပ်ငန်းများတွင် အလုပ်ရမည်ဖြစ်သည်။ စင်ကာပူတွင်လာရောက်ပါက စက်မှုလုပ်ငန်းများဖြစ်သော ဆောက်လုပ်ရေး၊ သင်္ဘောကျင်း၊ စားသောက်ကုန်စက်ရုံ၊ လူသုံးကုန်စက်ရုံများတွင် အလုပ်သမား၊ အင်ဂျင်နီယာအဖြစ် အလုပ်ရမည်ဖြစ်ည်။ မြန်မာပြည်တွင်းနေထိုင်ပါက လယ်ယာလုပ်ငန်းနှင့်ဆိုင်သော စိုက်ပျိုးရေး၊ အသီးနှံ၊သီးရွက်၊ သားငါး လုပ်ငန်းများ (သို့မဟုတ်) ၄င်းလယ်ယာထွက်နှင့်ဆက်စပ်နေသော သွင်းကုန်/ထုတ်ကုန်၊ အရောင်းဝယ်၊ စက်မှုလုပ်ငန်းငယ်လေးများတွင် အလုပ်ကိုင်ရဖို့ဖြစ်သည်။
● နိဂုံချုပ်ခြင်း
မိမိ မိသားစု စားဝတ်နေရေးအတွက်သာ စဉ်းစားပါက ဘာလုပ်ငန်းလုပ်လုပ် မိမိနေထိုင်ရာအရပ်တွင် လူတန်းစေ့နေနိုင်ဖို့ အရေးကြီးပါသည်။ မြန်မာပြည်တွင်နေထိုင်ပါက ထမင်း၊ငါးပိရည်၊ ခရမ်းသီးချက်၊ ဝက်သားတစ်တုံးဖြင့် အရသာရှိရှိစားနိုင်သည်။ လေတဖြူးဖြူးနှင့်လမင်းကြယ်တာယာများကို ကြည့်ပြီး အိမ်လခပူပင်စရာ မလိုပဲ နေနိုင်သည်။ စက်ဘီး၊ ဆိုင်ကယ် သို့မဟုတ် ဆိုက်ကားစီးပြီး၊ သွားလာနိုင်သည်။ အမေရိကန်၊စင်ကာပူတွင် နေထိုင်ပါက စားသောက်စရိတ်မှာ မြန်မာပြည်ထက်၊ ပိုကောင်းအောင်စားနိုင်မည်၊ ဈေးလဲသိပ်မကြီးလှပါ။ သို့သော်…. နေစရာ၊ ကျောချစရာတစ်နေရာအတွက် အလွန်ဈေးကြီးလှသည်။ အခန်းငှားခ၊ အိမ်ငှားခမှာ ဈေးကြီးလှပြီး၊ သွားလာချင်ပါက ကားမောင်း၊ ဓါတ်ဆီထည့်၊ ရထား၊ဘတ်စ်ကားစီးရသည်မှာ အလွန်ဈေးကြီးလှပေသည်။ အလုပ်လုပ်ခ ဝင်ငွေများများရသဖြင့် နေစရိတ်၊ သွားလာစရိတ်များကို အကုန်ခံနိုင်သည်။ တခါတရံ ငွေပိုလျှံပါက အပြင်ထွက်ပြီး ဈေးကြီးသော နိုင်ငံတကာအစားအစာများကို တပျော်တပါးစားသောက်သည်။ ခရီးထွက်ပြီး ဇိမ်ခံသည်။ ထို့ကြောင့် ဘာအလုပ်ပဲ လုပ်လုပ် မိသားစုအရေးအတွက် လခစားအလုပ်သမားတစ်ဦးအဖို့ အိုကေပါသည်။
ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်မည့်သူများ၊ ကုမ္ပဏီမန်နေဂျာ၊ဒါရိုက်တာများ၊ တိုင်းပြည်အုပ်ချုပ်လူတန်းစားဖြစ်မည့်သူများအတွက်မှာ မည်သည့်လုပ်ငန်းကို ရွေးချယ်မှုပညာတတ်မြောက်ရန် အလွန်အရေးကြီးလှပေသည်။ ထို့ကြောင့် ယခုခေတ် World Is Flat ဆိုသကဲ့သို့ အင်တာနက်၊ အင်ဖော်မေးရှင်းခေတ်တွင် CEO များလစာငွေသည် အလွန်များပါသည်။ Management စီမံခန့်ခွဲမှုပညာသည် အထူးပေါ်ပြူလာဖြစ်လာသောကြောင့် ဘွဲ့တစ်ခုတည်းရရုံနှင့် မပြီး၊ လုပ်ငန်းအတွေ့ကြုံရလာပါက MBA မာစတာဘွဲ့ရရှိခြင်းသည် ရေပန်းစားလာသည်။ ဟားဗတ်တက္ကသိုလ် Harvard MBA Graduate အမ်ဘီအေဘွဲ့ရ တစ်ဦးကို ကုမ္ပဏီများက တစ်လဒေါ်လာ ဂဏန်း၅လုံးအထက် ပေးပြီးအပြိုင်အဆိုင် အလုပ်ခေါ်နေကြသည်။ 
လောလောဆယ်တွင် မြန်မာများအဖို့ ကုန်ထုတ်လုပ်ငန်းမလုပ်နိုင်သေးပါ။ Infra Structure ဟုခေါ်သော ကုန်ထုတ်လုပ်ငန်းအတွက် အခြေခံများဖြစ်သည် အာမခံလုပ်ငန်း၊ စာရင်းစစ်လုပ်ငန်းများမှာ ကမ္ဘာ့ကုမ္ပဏီများ စိတ်ချရင်းနှီးမြှတ်နှံမည့်အဆင့်မရောက်သေး။ လျှပ်စစ်၊ ရေ၊ လမ်းပန်းဆက်သွယ်ရေးမှာလည်း ခက်ခဲနေဆဲဖြစ်သည်။ ထို့ကြောင့် မြန်မာအများစုသည် Trading ဟုခေါ်သော သွင်းကုန်/ထုတ်ကုန်လုပ်ငန်းများကိုသာ စုပုံပြီးလုပ်ကိုင်နေကြပါသည်။ ရေတို အခုငွေရင်း၊ နောက်တစ်ပတ်ဆို အမြတ်ထွက်သည့် ပေါ်ပင်လုပ်ငန်းများ (ဥပမာ အိမ်မြေပွဲစား) များလုပ်နေရသည်။ အပြောပဲကောင်းသော မြန်မာများဖြစ်နေသည်။ မည်သို့ဖြစ်စေ အရောင်းအဝယ် Trading တွင်လည်း ရေရှည်ရပ်တည်နိုင်ရန် ကြက်ဆူဆီ၊ နေရောင်ခြည်ဓါတ်အားဖြင့် ရပ်မနေပဲ၊ ကမ္ဘာအဆင့်ကိုတက်လှမ်းရပါမည်။ လေ့လာ၊ ကုန်သွယ်နိုင်ရန် မျှော်လင့်ပါသည်။

The following is a list of the world’s largest manufacturing companies, ordered by revenue in millions of U.S. dollars according to the Fortune Global 500. Currently all companies with revenue greater than $25 billion are included.


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts