ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

Kyaw Thu – FFSS Yangon Activity,

ပညာဒါနပေါင်းစည်းမှု ဘဝအောင်မြင်ရေးသော့ချက်
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
စက်တင်ဘာ ၁၇၊ ၂၀၁၃

နာရေးကူညီမှုအသင်း(ရန်ကုန်) သုခအလင်း ပညာဒါနရေးမှ (အခမဲ့) ဖွင့်လှစ်သင်ကြားပို့ချသည့် စာရင်းကိုင်သင်တန်း၊ ဟိုတယ်ဝန်ဆောင် မှုသင်တန်း၊ ကွန်ပြူတာသင်တန်း၊ တက္ကသိုလ်ဝင်တန်း ကျောင်း သား/သူများ အပါအဝင် သင်တန်းသား/သူ စုစုပေါင်း (၂၃ဝ) ဦးတို့အား Future Wave (ဘဝအောင်မြင် ရေး၊ လူမှုဆက်ဆံရေးနှင့် စိတ်ဓါတ်မြှင့်တင်ရေးသင်တန်းကျောင်းမှ ဆရာ ဦးဖူးကျော်ဇင်မှ “ဘဝအောင် မြင်ရေးသော့ချက်” ခေါင်းစဉ်အား ၆.၉.၂ဝ၁၃ ရက်နေ့တွင် နံနက် (၉းဝဝ) နာရီမှ ညနေ (၄းဝဝ) နာရီအထိ သုခ ခန်းမဆောင်ကြီးတွင် သင်ကြားပို့ချပေးခဲ့သည်။

Future Wave သင်တန်းကျောင်းအား ဦးစီးတည်ထောင်သူ ဆရာဦးဖူးကျော်ဇင်သည် နာရေး ကူညီမှုအသင်း(ရန်ကုန်)ရှိ လူမှုရေးမျိုးဆက် သစ်သင်တန်း ၆/၂ဝ၁၁ သင်တန်းဆင်း အသင်းသားတစ်ဦး ဖြစ်သည်။ သုခအလင်း ပညာဒါနမှ ဖွင့်လှစ်သင်ကြားသည့် သင်တန်းများတွင် ပညာဒါနအဖြစ် English 4 Skills ၊ Leadership Skills ဘာသာရပ်များအား ပို့ချပေးလျှက်ရှိသည်။

ဆရာဦးဖူးကျော်ဇင်သည် ကျောင်းသားလူငယ်/ရွယ်များအား အဓိကထား၍ လူငယ်များဘဝ ရည်မှန်းချက် ကြီးမားစွာထားရှိရန်၊ အောင်မြင်ရေးနဲ့ ပတ်သက်သည့် လူပုဂ္ဂိုလ်အမျိုးအစား၊ အောင်မြင် ရေး၏အဓိပ္ပါယ်၊ နည်းလမ်းနှင့် သော့ချက်များ၊ လူငယ်များအချိန်အား ကောင်းစွာအသုံးချတတ်စေဖို့၊ မိမိ တို့ကိုယ်တိုင် ဘဝအောင်မြင်မှုပန်းတိုင် ချမှတ်တတ်စေရန်၊ ကိုယ်ရည်ကိုယ်သွေး တိုးတက်မြင့်မားစေရန်၊ မိမိကိုယ်ကို ယုံကြည်မှုထက်သန်ပြီး စိတ်ဓါတ်တက်ကြွ နှိုးကြားလာစေရန် ပထမပိုင်းအဖြစ် သင်ကြားပို့ချ ပေးခဲ့သည်။ ဒုတိယပိုင်း တွင်ဆက်လက်၍ ဘဝအောင်မြင်ရေး သော့ချက်များအား ဟောပြောပို့ချခဲ့ပြီး နောက် သင်တန်းသား/သူများအား ပရိသတ်ရှေ့တွင် ရဲဝံ့စွာ စကားပြောတတ်စေရန်အတွက် အရှေ့ထွက်၍ မိတ်ဆက်ခြင်း၊ စကားပြောဆိုမှု ပြုလုပ်စေခဲ့သည်။ ပရိသတ်ရှေ့မှောက်တွင် စကားပြော ဆိုခြင်းကား လွန်စွာမှ စွမ်းအားကြီးမားသော လူ့အရည်အသွေးတစ်ရပ်ဖြစ်ကြောင်း အသင်းသား/သူများအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်ရပ်များအား ဦးဆောင်ထမ်းရွက်နိုင်သူများအဖြစ် သုခအလင်း ပညာဒါနနှင့် ဆရာ ဦးဖူးကျော်ဇင် (Future Wave)၏ ပညာဒါနပေါင်းစည်းလျှက် အများပြည်သူတို့အတွက် ပေးဆပ်မှုတို့သည် ထပ်တူကျခဲ့ပြီး ထိုပေးဆပ်မှု၊ တူညီမှု၊ အရှိန်အဟုန်တို့ဖြင့် သုခအလင်း ပညာဒါနတွင် ပညာသင်ကြား နေကြသော စာရင်းကိုင်ပညာရပ်၊ ဟိုတယ်ဝန်ဆောင်မှု၊ ကွန်ပြူတာဘာသာရပ်၊ တက္ကသိုလ်ဝင်တန်းရှိ ကျောင်းသား/သူများနှင့် လူငယ်/ရွယ်များတို့သည် အနာဂတ်မှပေးသောသော့များဖြင့် ဘဝ၏တံခါးချပ်များ ဖွင့်လှစ်နိုင်ကြပြီး လူမှုရေးသူရဲကောင်းများ၊ လူတော်/ကောင်းများ ဖြစ်ပေါ်လာတော့မည်ဖြစ်သည်။
များမကြာမီတွင် အများပြည်သူအတွက် အများပြည်သူကောင်းမှုဖြင့် အောင်မြင်ရေး တံခါးချပ်ကြီး မြောက်များစွာဖြင့် သုခအလင်း ပညာရေး အဆောက်အဦးကြီး ဖွင့်လှစ်တော့မည်ဖြစ်သည်။ ၄င်းအောင်မြင် ရေးတံခါးချပ်ကြီးအား ဖွင့်နိုင်ရန် ယနေ့သင်ကြားခဲ့သည့် ဘဝအောင်မြင်ရေး သော့ဖွင့်နည်းအား သင်ကြား ပြသပေးသော ဆရာဦးဖူးကျော်ဇင် (Future Wave)အား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အထူးကျေးဇူး တင်ရှိပါကြောင်း ဆရာ၏ပညာဒါနအား မှတ်တမ်းတင်လိုက်ရပါတော့သည်။

“ပညာရေးဟူသည် လူများကို မသိသေးသော အကြောင်းအရာများကို သင်ပေးရန်မဟုတ်၊ သူတို့ကို လုပ်သင့်လုပ်ထိုက်သော အရာများကို သင်ပေးရန်သာဖြစ်သည်။” (ဂျွန်ရပ်စ်ကင်း)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts