ချမ်းမြ (မိုးမခအထောက်တော်)

Chan Mya (MMK Reporter) – News

ရွှေတွံတေးဆရာတော် ဘုရားသုံးဆူ ပရဟိတများကိုလှူဒါန်း
ချမ်းမြ (မိုးမခအထောက်တော်)
စက်တင်ဘာ ၂၂၊ ၂၀၁၃

  


ထိုင်း + မြန်မာနယ်စပ် ဘုရားသုံးဆူမြို့သို့ ရွှေတွံတေးဆရာတော်ကြွရောက်ပြီးတော်သလင်းလပြည့်နေ့ က ဓမ္မဟေဝန် ပရဟိတစာသင် ကျောင်း မေတ္တာကာရီ နာရေးကူညီမှုအသင်းပညာတန်ဆောင် ပညာရေးကူညီမှုအသင်း စသည်တို့ အတွက် အလှူငွေ နှင့် ဆေးပစ္စည်းများ လှူဒါန်းခဲ့သည်။ ဓမ္မဟေဝန်ကျောင်းတွင် အမှောင်ညရဲ့တရားတော်နှင့် ငြိမ်းငြိမ်းချမ်းချမ်းတူတူနေတရားတော်တို့ ကို ၂ ည ဟောကြား ချီးမြှင့်ခဲ့သည်။

 ရွှေတွံတေးဆရာတော်က….နယ်စပ်မြို့တွေဟာ အရောင်အသွေးစုံတယ် အခြေအနေစုံတယ်အပေါ်ယံလှုပ်ရှားမှုတွေများတယ် ဒီကြားထဲမှာ နိုင်ငံသား တိုင်းရင်းသားတွေ အခြေခိုင်ခိုင်နဲ့ တိုးတက်အောင် တစိုက်မတ်မတ်လုပ်တဲ့သူတွေရှိဖို့ အရေးကြီးတယ် ဒါကြောင့် တတ်နိုင်သလောက်လာအားပေးတာပါ………….စသဖြင့်မိန်ကြားခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts