ရဲရင့်သက်ဇွဲ

Ye Yint Thet Zwe – Poem

နိုင်ငံတကာငြိမ်းချမ်းရေးနေ့ မှာ
ရဲရင့်သက်ဇွဲ
စက်တင်ဘာ ၂၃၊ ၂၀၁၃


နိုင်ငံတကာငြိမ်းချမ်းရေးနေ့ မှာ
ကမ္ဘာကြီး မငြိမ်းချမ်းနိုင်သေးဘူး
နိုင်ငံတကာငြိမ်းချမ်းရေးနေ့ မှာ
နိုင်ငံတကာမငြိမ်းချမ်းနိုင်သေးဘူး
နိုင်ငံတကာငြိမ်းချမ်းရေးနေ့ မှာ
အင်အားကြီးနိုင်ငံတွေ မငြိမ်းချမ်းနိုင်သေးဘူး
အင်အားသေးနိုင်ငံတွေ မငြိမ်းချမ်းနိုင်သေးဘူး
အင်အားမဲ့တဲ့နိုင်င်ငံတွေ မငြိမ်းချမ်းနိုင်သေးဘူး
နိုင်ငံတကာငြိမ်းချမ်းရေးနေ့ မှာ
မြန်မာနိုင်ငံ မငြိမ်းချမ်းနိုင်သေးဘူး
တိုင်းရင်းသားဘ၀တွေလည်း မငြိမ်းချမ်းနိုင်သေးဘူး
ကိုးကွယ်ရာမတူ လူနဲစု မြန်မာနိုင်ငံသားတွေလည်း 
မငြိမ်းချမ်းနိုင်သေးဘူး
တတိုင်းပြည်လုံးအတိုင်းအတာနဲ့ 
ပြည်သူတရပ်လုံး မငြိမ်းချမ်းနိုင်သေးဘူး
ငြိမ်းချမ်းရေးရဲ့ အခြေခံတရားဟာ
လူ့ အခွငိ့အရေး တန်းတူညီမျှရေး ဒီမိုကရေစီအရေး
ဒါတွေဟာ မရှိမဖြစ်ငြိမ်းချမ်းရေး
မငြိမ်းချမ်းနိုင်သေးဘူး
ကမ္ဘာ့အစွန်အဖျား
ဝင်ရိုးစွန်းနားမှာ သောင်တင်နေတဲ့
မြန်မာနိုင်ငံသားကဗျာဆရာ ငါ
မနက်ခင်း ကမ္ဘာ့သတင်း မြန်မာ့သတင်းတွေက
မငြိမ်းချမ်းမှု သံရည်ပူတွေ နားထဲလောင်းထဲ့ကြ
မငြိမ်းချမ်းနိုင်ဘူး
နိုင်ငံတကာငြိမ်းချမ်းရေးနေ့ မှာ
ငါတို့ ပြည်သူတွေ  မဲငိမ်းချမ်းသေးဘူး
နိုင်ငံတကာငြိမ်းချမ်းရေးနေ့ မှာ
တို့ ပြည်သူတွေ ငြိမ်းချမ်းစေကြောင်း

ငါ  ဆုတောင်း၏ ……။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts