ခေတ်ပြိုင်အတွေ့အကြုံ

Nay Linn Nyi – My respectable Islam Friends

က္ဈန်တော် ခင်မင်လေးစားရသော အစ္စလာမ်များ
နေလင်းညီ၊ စက်တင်ဘာ ၂၄၊ ၂၀၁၃
          ၁၉၇၀ ပြည့်လွန်နှစ်များက ဖြစ်၏။
          လူထွေး၏ အကိုကြီးက မော်လမြိုင် ဒီဂရီကောလိပ်(ယခုတက္ကသိုလ်) တက်ရောက် နေသည့်တိုင် အရပ်က ၅-ပေပဲရှိသည်။ သူနှင့် သွားအတူ လာအတူ တပူးတွဲတွဲ မခွဲမခွာ ရှိနေသူ အစ္စလာမ်ဘာသာဝင် ကိုကျော်ထွန်းမောင်က အရပ် ၆ ပေကျော်သည်။ထို.ကြောင်. သူတို. ၂-ဦးကို it (အစ်ထ်)အတွဲဟု အမည်သညာ ပြုကြ၏။(i)ကပု၏။(t)က ရှည်သည်ပေါ.။
              ကျောင်းပိတ်ရက်များတွင် လူထွေး၏ အကိုကြီးက၊ ကိုကျော်ထွန်းမောင်တို.အိမ် ရောက်နေတတ်သလို၊ကိုကျော်ထွန်းမောင်ကလည်း ဘုန်းကြီးကျောင်းသို့ ရောက်နေတတ်သည်။ သူတို့နှစ်ဦးက ခင်ခင်မင်မင် နောက်နောက်ပြောင်ပြောင် ပါပဲ။ ကိုကျော်ထွန်းမောင်တို့တစ်အိမ်သားလုံးက လူထွေး၏ အကိုကြီးကို ခင်မင် ဖော်ရွေကြသလို၊ ဘုန်းတော်ကြီးကလည်း ကိုကျော်ထွန်းမောင်ကို လိုလိုလားလားစကားပြောခဲ့သည်ချည်း ဖြစ်ပါသည်။
          ကိုကျော်ထွန်းမောင်က ဘုန်းကြီးကျောင်းသို့ လာလျှင် ဖိနပ်ခ္ဈတ်ပြီး၊ လူထွေးတို့ကျောင်းသားငယ်များနှင့် အတူ လုပ်စရာရှိတာလုပ်ပေးသွားတတ်သည်။ ကိုကျော်ထွန်းမောင်တို့မှာ ညီအကို မောင်နှမ ၅-ဦးဆိုလားရှိသည်။ သူ့မိဘတွေက တစ်လင်တစ်မယားစနစ်ဘဲ ကျင့်သုံးကြသည်။ သူ့အဖေက မိန်းမတွေ တစ်လှေကြီးယူ၊ ကလေးတွေအများကြီးရ၊ ပတ်ဝန်းကျင်နှင့် မသင့်မမြတ်နေ………..၊ ဒါမျိုးတွေ လုံးဝမရှိပါ။
          အစ္စလာမ် ဘာသာဝင်များနှင့် ပတ်သတ်၍ တွေးလျှင် လူထွေးက ကိုကျော်ထွန်းမောင်ကို ဦးစွာ သွား၍ သတိရသည်။ ၂၀၀၁-ခုနှစ်က လူထွေး၏ အစီစဉ်ဖြင့် အကိုကြီုးနှင့် ကိုကျော်ထွန်းမောင်တို့ ရန်ကုန်မှာ ပြန်ဆုံကြသည်။ မတွေ့ရတာ ကြာပြီဖြစ်၍ သူတို့နှစ်ဦး ရှေးဟောင်းနှောင်းဖြစ်တွေပြောလိုက်ကြပုံများ၊ လူထွေးက ဘေးမှာနေ၍ ပီတိတွေ ဖြစ်ရ၏။ ကိုးကွယ်ရာ ဘာသာ မတူသော်လည်း မေတ္တာတရား ရှိကြပုံချင်းက တူသည်။
                                     x                 x                       x
          ၁၉၉၇-တွင် ဖြစ်သည်။
          လူထွေးတို့ ဆရာကန်တော့ပွဲ လုပ်ဖို့ စိုင်းပြင်းနေကြသည်။ မောင်ကြီးနှင့် မောင်လေးတို့ ညီအကိုက အစ္စလာမ်ဘာသာဝင်တွေဖြစ်သော်လည်း ရှေ့ဆုံးမှ တက်တက်ကြွကြွ ပါဝင်ကြ၏။ သူတို့တွေက လူထွေးထက် ၁၀-နှစ်ခန့် ငယ်သော်လည်း သူတို့်ကျောင်းနေဖက်အားလုံးနှင့် ခင်မင်ရင်းနှီးနေကြသဖြင့် အလှူခံထွက်သောအခါ အဆင်ကို ပြေနေပါတော့သည်။
          ‘ဟေ့ကောင် မင်းအလုပ်အကိုင် ဒီလောက်ကောင်းနေတာ။ အခုထည့်တာ နည်းတယ်။ ကန်တော့ခံမယ့် ဆရာတွေက ငါတို့ ကျူရှင်ယူစရာ မလိုလောက်အောင် သင်ပေးခဲ့တဲ့ သူတွေကွ။’
          သူတို့ နှစ်ဦးက ဗုဒ္ဓဘာသာဝင်ကျောင်းသားဟောင်းများကို ဤသို့ဤနှယ်တရားဟောသည်။ သူတို့ ဟောလို့ ကျောင်းသားတွေက စိတ်မဆိုး၊ အေးပါကွာ ဟုဆိုပြီး ထည့်ဝင်သွားတာချည်း ဖြစ်သည်။ ဆရာကန်တော့ပွဲ ကိစ္စတွင် သူတို့က အချိန်ပေးသည်။ လူပင်ပန်းခံသည်။ စာရင်းဇယားတိကျသည်။
          လူထွေးက သူတို့ကို ချီးကျူးသောအခါ သူတို့ပြန်ပြောသည်။ ( အကို၊ က္ဈန်တော်တို့က ဒီလိုမှန်မှန်ကန်ကန် လုပ်မှ အစ္စလာမ်တရားတော်နဲ့ ညီမယ်။ မမှန်မကန် လုပ်ရင် ကိုယ်ကိုးကွယ်တဲ့ဘာသာကို ထိခိုက်မယ်။ ကိုယ့်ကြောင့်တော့ မထိခိုက်စေရဘူး။ )
          သူတို့တွေရော သူတို့မိဘတွေပါ တစ်လင်တစ်မယားစနစ်ကိုသာ ကျင့်သုံးကြသူတွေ ဖြစ်သည်။ ကလေးယူတော့လည်း ၃ ဦးထက် ပိုယူတာမတွေ့ရ။ ကလေးထပ်မယူတော့ဘူးလား၊ မင်းတို့က အများကြီးယူရမှာဆို….ဟု သူငယ်ချင်းတွေက နောက်ပြောင်သောအခါ ပညာတတ်ဘွဲ့ရဆိုတာ စဉ်းစားရမယ်လေ၊ အခုတောင် ရန်ကုန်ရဲ့စရိတ်က နည်းလား၊ ချို့ချို့တဲ့တဲ့တော့ ကလေးတွေကို မဖြစ်စေချငဘူးဟု ပြန်ဖြေတတ်ကြသည်။
                          x                                         x                                            x
          ၂၀၀၈ ခုနှစ်လောက်မှစ၍ ဘယ်သူကမှ မထုတ်ပေးသောစာအုပ်တွေကို လူထွေးကိုယ်တိုင် ထုတ်သည်။ ကိုယ်ရေး၊ ကိုယ်ထုတ်၊ ကိုယ်ဖြန့်၊ ကိုယ်ရှုံးသောစာအုပ်များဖြစ်သည်။ ကွန်ပျူတာစာစီစာရိုက်ကိစ္စဖြင့် ဆိုင်မျိုးစုံ၊ လူမျိုးစုံနှင့် ဆက်ဆံရမည်။ နောက်ဆုံးတွင် သော်သော်ဆိုသော မိန်းကလေး၏ စာစီစာရိုက်တွင် ပင်တိုင်ဖြစ်သွား၏
          လူထွေး၏စာအုပ်များက ဗုဒ္ဓဘာသာစာအုပ်များဖြစ်သည်။ ဗုဒ္ဓဘာသာဝင်စာစီစာရိုက်သူများပင် သေသေချာချာ စနစ်တကျ စီပေးဖို့ပင် ဝန်လေးသောစာများကို အစ္စလာမ်ဘာသာဝင် သော်သော်က စနစ်တကျ စိတ်ရှည်လက်ရှည် စီပေးသည်။ ရက်ချိန်းမှန်သည်။ ဈေးနှုန်းချိုသာသည်။ ဆက်ဆံရေးပြေပြစ်သည်။
          နောက်တော့ သော်သော်၏မိသားစုနှင့်လည်း လူထွေးခင်သွားသည်။ သော်သော်မှာ မွေးချင်းမောင်လေးတစ်ယောက်ပဲရှိ၏။ မောင်နှမနှစ်ဦးထဲသာဖြစ်သည်။ သူတို့မိဘတွေကလည်း တစ်လင်တစ်မယားစနစ်ကိုသာ ကျင့်သုံးကြသူများဖြစ်၏။
          လူထွေးသည် သော်သော်၏အဖေနှင့် ဗဟုသုတများ ဆွေးနွေးဖလှယ်လေ့ရှိသည်။ သော်သော်အဖေ၏ပြောစကားများ၌ လူထွေးမကြားဖူးတာပါသဖြင့် အံ့သြရတာတွေပင်ရှိသည်။
                ‘‘က္ဈန်တော်တို့ဘာသာမှာ မိန်းမ ၄ ယောက်အထိ ယူလို့ရတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ယူထားတဲ့မိန်းမတွေအပေါ်မှာ ညီတူညီမျှ ချစ်ရမယ်ဆိုတာ ပါတယ်။ ဘယ်လိုလုပ် ညီတူညီမျှ ဖြစ်နိုင်ပါ့မလဲ၊ က္ဈန်တော်ကတော့ မဖြစ်နိုင်ဘူးထင်တယ်။ ညီတူညီမျှမချစ်နိုင်ရင် မယူနဲ့ပေါ့၊ ရာဂစိတ် အများကြီးမထားနဲ့ပေါ့လို့ ဘုရားက ပြောချင်တာလို့ယူဆတယ်။ မုဆိုးမတွေ ခိုကိုးရာမဲ့တွေကို စောင့်ရှောက်ချင်လို့ယူတာက တစ်မျိုးပေါ့။ ဒါပေမယ့် ရာဂစိတ်ကြီးလို့ယူချင်တာတော့ အစ္စလာမ်ရဲ့တရားတော်နဲ့မညီဘူးလို့ ယူဆတယ်။ အဲဒါကြောင့် က္ဈန်တော်ကတော့ တစ်လင်တစ်မယားစနစ်ပဲ ကျင့်သုံးတယ်။ ကိုယ်က္ဈေးမွေးစောင့်ရှောက်နိုင်သလောက်ပဲ ကလေးမွေးတယ်။ သားရောသမီးပါ ဆယ်တန်းအောင်ကြပြီလေ’’ ဟုသော်သော့်အဖေက ပြောဖူးသည်။
          သူတို့ ဝတ်ပြုသော ဗလီသို့ လူထွေးလည်း ဝင်ရောက်လေ့လာနိုင်ကြောင်း၊ ဝတ်ပြုသူများကိုလည်း နှစ်သက်ရာ ဝတ်စုံများ ဝတ်ဆင်ခွင့်ပေးထားကြောင်း၊ တရားဟောရာတွင်လည်း ဗမာလိုချည်း ဟောသော အစီအစဉ် ရှိပါကြောင်း၊ စိတ်ကောင်းစိတ်မြတ်ထား၍ အလ္လာကို ယုံကြည်ရမည်ဖြစ်ကြောင်း၊ သော်သော့် အဖေက ပြောပြသည်။ လူထွေးတစ်ယောက် သူတို့နှင့် ခင်မင်သိက္ဈမ်းရတာ ကံကောင်းလေခြင်းဟု ခံစားရသည်။ သူတို့လို အစ္စလာမ်တွေချည်းဆိုလျှင် လူထွေးတို့ ဗုဒ္ဓဘာသာတွေနဲ့ အတူယဉ်တွဲ နေထိုင်ဖို့ မခက်ပါ။ ပိုပြီးတောင် ပျော်စရာ ကောင်းလိမ့်ဦးမည်။
          ဆရာကြီး ဦးရာဇတ်၊ ကျားဘငြိမ်း၊ စာရေးဆရာမောင်သော်က၊ ကိုမြအေး၊ ကိုဝင်းငြိမ်း … … … … … … စသည်ဖြင့် ကြည်ညှိလေးစားဖွယ် အစ္စလာမ်တွေကိုလဲ လူထွေး သိပါသည်။
                                     x                 x                       x
          ကမ္ဘာပေါ်တွင် အစ္စလမ်ဘာသာဝင်များနှင့် ပတ်သက်၍ အခြားဘာသာဝင်များက ပြောကြ၊ဆိုကြ၊သုံးသပ်ကြတာ အများကြီးကြားဖူးသည်။
          ဆိုဗီယက်ပြိုကွဲမှုနှင့် ပတ်သတ်၍ အထူးပြုလေ့လာသော နိုင်ငံရေးသုတေသီတစ်ဦးက RFA အစီစဉ်တွင် ပြောသွားတာ ကြားလိုက်ရ၏။ ဆိုဗီယက်ပြည်ထောင်စုတွင် မပြိုကွဲမီ နှစ် ၃၀-လောက်က အချို့ဒေသများ၌ အစ္စလာမ်မူဦးရေမှာ အနည်းစုလေးသာ ရှိခဲ့သည်။ ၁၀-ရာခိုင်နှုန်းလောက်သာ ရှိသော ဒေသလည်း ရှိသည်။ နှစ် ၃၀-တွင်း လူဦးရေတိုးပွားမှု ပြင်းထန်လွန်းသဖြင့် ထိုဒေသများတွင် အစ္စလာမ်လူဦးရေက အများစု ဖြစ်သွားတာပင်ရှိပါသတဲ့။ ထို့ကြောင့် ထိုဒေသများသည် ဆိုဗီယက်မှ ခွဲထွက်လိုသော အဓိကဒေသများ ဖြစ်လာကြောင်း သုံးသပ်ထားသည်။ စဉ်းစားဖွယ် ဖြစ်ပါသည်။
          ဖြစ်ရပ်လေးတစ်ခုလည်း ပြောကြတာရှိပါသည်။ ရွာလေးတစ်ရွာတွင် အိမ်ခြေပေါင်း ၁၀၀ ရှိသည်။ ၁၀-အိမ်က ဘာသာခြားတွေပေါ့။ နှစ်ပေါင်း ၄၀-တွင်း ဘာသာခြားများ၏ မွေးဖွားနှုန်းက ကြောက်ခမန်းလိလိ မြင့်တက်လာခဲ့ရာ အိမ်ခြေပေါင်း ၃၀၀တွင် ဘာသာခြားက ၂၅၀ ဖြစ်သွားပါသတဲ့။ လူဦးရေ ဝါးမြိုမှုနှင့် ဘာသာရေး၊ နိုင်ငံရေး၊ သိမ်းပိုက်မှုမျိုးကို မည်သူမဆို ပူပန်မည်မှာ သဘာဝကျပါသည်။ မိမိတို့အမျိုးဘာသာ၏ ရပ်တည်ရှင်သန်ရေးကို လူတိုင်းထည့်တွက် စဉ်းစားခွင်.ရှိ့်ခြင်းကြောင့် ဖြစ်သည်။ သို့သော် ဤပြဿနာမျိုးကို ဖြေရှင်းကြရာ၌ အကြမ်းဖက်နည်းလမ်းကိုမူ လုံးဝကိုင်စွဲကျင့်သုံးဖို့မသင့်ဟု လူထွေးက ယူဆသည်။
          အကြမ်းဖက်နည်းလမ်းသည် လက်ဖြင့် မီးကျီးခဲကို (သို့မဟုတ်) မစင်ဖတ်ကို ကိုင်၍ အခြားသူတို့အား ပစ်ပေါက်ခြင်းနှင့်တူပါသည်။ အခြားသူကို ပူလောင်စေခြင်း (သို့မဟုတ်) ညစ်ပေစေခြင်း မဖြစ်မီကပင် ကာယကံရှင်ကိုယ်တိုင် ပူလောင်နေပါပြီ။ ညစ်ပေနေပါပြီ။ မိမိ မလိုလားသောအိမ်ကို မီးသွားရှို့တော့ ထိုမီးက မိမိအိမ်သို့ပါကူးစက်လောင်က္ဈမ်းလာမှာကို သိနိုင်ပါသည်။ ထို့ကြောင့် ပြည်သူအများစုကတော့ ထိုသို့သောလုပ်ရပ်များကို လိုလားကြ၊ ဆောင်ရွက်ကြသည်ဟု လူထွေးမထင်ပေ။
          လူထွေး သိက္ဈမ်းပတ်သက်ခဲ့ရသော အစ္စလာမ်ဘာသာဝင်များက ရိုးသားဖြောင့်မတ်၍ ပညာတတ်များဖြစ်ကြသည်။ တစ်လင်တစ်မယားစနစ်ကိုသာကျင့်သုံး၍ သားသမီးလည်း အများကြီးမယူကြပါ။ သူတို့လိုလူတွေသာ ရှိလျှင် ဘာပြဿနာမျှဖြစ်မည်ဟု လူထွေးမထင်ပါ။ အစ္စလာမ်ဘာသာဝင်တိုင်းက အကြမ်းဖက်တွေ မဟုတ်သော်လည်း အကြမ်းဖက်သူတွေကတော့ အစ္စလာမ်တွေ ဖြစ်နေတာ စဉ်းစားစရာဟု Facebook မှာ ရေးထားတာကိုလည်း ဖတ်ဖူးသည်။
          လူထွေးကတော့ သူခင်မင်ရင်းနှီးခဲ့သော ကြည်ညိုလေးစားခဲ့ရသော အစ္စလာမ်တွေလိုပဲ ကမ္ဘာပေါ်ရှိ အစ္စလာမ်အားလုံးကို မျှော်လင့်နေမိပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts