ကဗျာ ကျော်ဟုန်း

ကျော်ဟုန်း ● ဣတ္ထိယကို တူးဖော်ခြင်း

 

ကျော်ဟုန်း ● ဣတ္ထိယကို တူးဖော်ခြင်း
(မိုးမခ) ဖေဖော်ဝါရီ ၁၁၊ ၂၀၁၉

သူ့နှုတ်ဖျား စကားဟာ
သူ့ မုဒြာပါပဲ။

ပန်း ဖြစ်နိုင်သလို
ယမ်း ဖြစ်နိုင်တယ်။

သူ့မာယာမှာတောင်
သူ့ချစ်ခြင်းတွေနဲ့ စွက်လို့ပေါ့။

ရယူဖို့အတွက်နဲ့
ပေးဆပ်ဖို့အတွက်
သူ့မှာ ညှို့ဓာတ်ပြင်းရရှာသေး။

ပါရမီနဲ့ ဝဋ်ကြွေးကို
ပုလဲတလုံး ရွဲတလုံးပြုစားရင်း
လောကအတွက်
ပန်းပွင့်ပေးခဲ့သူများပါပဲ။။

ကျော်ဟုန်း
၂၀၁၉၀၂၀၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts