ကဗျာ

မောင်ကြူးရင့် ● မီးရှို့ရမယ့် မိစ္ဆာတကောင်

မောင်ကြူးရင့် ● မီးရှို့ရမယ့် မိစ္ဆာတကောင်
(မိုးမခ) ဖေဖော်ဝါရီ ၁၁၊ ၂၀၁၉

ဒီစာအုပ်ဟာ
မိစ္ဆာတကောင်ပဲ မကောင်းဆိုးဝါးပဲ။

ဒီစာအုပ်ဟာ
လောကအတွက်အသုံးမဝင်တဲ့
အသုံးမတည့်တဲ့စာအုပ်ပဲ။

ဒီစာအုပ်က
လူတွေကိုဗြောင်းဆန်အောင်
လူတွေကိုအကျဉ်းအကြပ်ထဲရောက်အောင်
ကသောင်းကနင်း ရုန်းရင်းဆန်ခတ်
သွေးပျက်စေတဲ့စာအုပ်ပဲ။

ဒီစာအုပ်က
စိတ်းဝမ်းကွဲစစ်မီးတောက်ထဲ
ဒေါသရဲရဲမုန်တိုင်းထဲ
လူ့အသက်ပေါင်းများစွာ
စတေးခဲ့တဲ့စာအုပ်ပဲ။

ဒီစာအုပ်က
ချိုမြတဲ့အိမ်က
ချစ်စရာမိသားစုတွေကို
ဖရိုဖရဲဖြစ်အောင်လွင့်စင်အောင်
ဖြိုခွဲခဲ့တဲ့စာအုပ်ပဲ။

ဒီစာအုပ်က
အလှတရာကိုပါးရိုက်ပြီး
သစ္စာတရားကိုသစ်တပင်လို
ညှိုးနွမ်းသွေ့ခြောက်သွားအောင်
သင်းသတ်ခဲ့တဲ့စာအုပ်ပဲ။

လူသားတွေအတွက်
သွေးပျက်စေတဲ့
လောကအတွက်
အသုံးမဝင်တဲ့
မကောင်းဆိုးဝါးဒီစာအုပ်ကို
မီးရှို့ဖျက်ဆီးပစ်ရမယ်။

မောင်ကြူးရင့်
၅့  ၂့  ၂၀၁၉


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts