စာစုတို

ပြည်သစ်ဟန် ● အဘိုးအိုတစ်​​ယောက်​ အထပ်​မြင့်​တိုက်​တစ်​လုံးကို မြိုသွားခြင်း

 ပြည်သစ်ဟန် ● အဘိုးအိုတစ်​​ယောက်​ အထပ်​မြင့်​တိုက်​တစ်​လုံးကို မြိုသွားခြင်း
(မိုးမခ) ဇန်နဝါရီ ၂၅၊ ၂၀၁၉


မ​နေ့ကကျွန်​​တော်​ ပန်းချီကားတစ်​ကားကို ​ရေးဆွဲ​နေခဲ့မိတယ်​။ ဒီပန်းချီကားဟာ ရုပ်​သ​ဘောအရ ထင်​ထင်​ရှားရှား ပြနိုင်​တဲ့ အ​ရောင်​​တွေ၊ စုတ်​ချက်​​တွေ၊ ကားချပ်​​ဘောင်​ အကျယ်​အဝန်း​တွေ ဘာမှ​ရေ​ရေရာရာမရှိဘူး။ ဒါ​ပေမဲ့ ပန်​ချီကားတစ်​ကား ​ရေးဆွဲ​နေရတယ်​လို့ပဲ ကျွန်​​တော်​ခံစား​နေမိတယ်​။ ပန်းချီကားက လက်​စသပ်​လို့လည်း မရခဲ့ဘူး။ တကယ်​ အံ့ဩဖို့​လည်းကောင်းတယ်​။ ကျွန်​​တော်​ စိတ်​ထဲက​နေ အဆုံးသတ်​မယ်​ ကြံလိုက်​ရင်​ ပန်းချီကားက လက်​မခံဘူး ဖြစ်​​နေတယ်​။ ကင်းဗက်​ပြားဟာ ခုန်​​ပေါက်​​နေ​တော့တယ်​။ ​ဆေးဘူး​တွေက ​မှောက်​လဲကုန်​​တော့တယ်​။ စုတ်​တံ​တွေလည်း လွတ်​ကျကုန်​တယ်​။ ဒီလိုနဲ့ ဆွဲလက်​စအတိုင်းပဲ ပန်းချီကားကို ပစ်​ထားလိုက်​ရတယ်​။

သတင်းစာတစ်​​စောင်​ထဲက သတင်းတစ်​ပုဒ်​ကို ဖတ်​လိုက်​မိတယ်​။ သတင်းကလည်း ထူးဆန်းတဲ့သတင်းတစ်​ခုပဲ။ အ​တော်​​လေး ဆင်းရဲစုတ်​ပြတ်​​နေတဲ့ အဘိုးအိုတစ်​​ယောက်​ဟာ မြို့လယ်​​ခေါင်​က တိုက်​တစ်​လုံးကို မြိုလိုက်​တဲ့သတင်း။ သတင်း ဖတ်​ပြီး​တော့ လန့်​ဖျတ်​သွားတယ်​။ ကျွန်​​တော်​ အဲဒီသတင်းကို အ​သေအချာပြန်​ဖတ်​တယ်​။ မယုံလည်း မယုံနိုင်​တာနဲ့​လေ။ သတင်းစာ စာရွက်​ကို လက်​နဲ့ပွတ်​ကြည့်​တယ်​။ ဟုတ်​​နေတယ်​။ သတင်းစာ စာရွက်​အစစ်​။ သတင်းကလည်း တကယ့်​အမှန်​။ ထိတ်​တန်းသတင်းစာတစ်​​စောင်​က တကယ့်​သတင်းလည်းဖြစ်​​နေတယ်​။ အဘိုးအိုက ဘာလို့ တိုက်​ကိုမြိုရတာလဲ စဉ်း စားကြည့်​မိတယ်​။ ဘယ်​လိုမှ စဉ်းစားမရတဲ့ကိစ္စ။ သူ့မှာ ဘာမ​ကျေနပ်​ချက်​​တွေရှိ​နေလဲ။ ခက်​​နေတာက ပုံမှန်​ဖြစ်​စဉ်​​တွေအရ သက်​ရှိလူသားတစ်​​ယောက်​ရဲ့ ပါးစပ်​​ပေါက်​​လေးက​နေ အထပ်​မြင့်​အ​ဆောက်​အအုံကြီးကို မြိုတယ်​ဆိုတဲ့ အ​ကြောင်းကိုက အ​တော်​​လေးခြားနားကွဲလွဲပြီး မဖြစ်​နိုင်​တာ ဖြစ်​​နေတယ်​။ ဒါ​ပေမဲ့ ကျွန်​​တော်​​ယုံကြည်​​ပေးနေရတယ်​။ စုတ်​ပြတ်​​နေတဲ့ အဘိုး အိုတစ်​​ယောက်​ဟာ တိုက်​ကြီးတစ်​လုံးကို မြိုခဲ့တယ်​လို့​ပေါ့၊ ဒီကိစ္စကို ကျွန်​​တော်​ခဏ အာရုံလွှဲပစ်​ရမယ်​ဆိုတာ သတိပြုမိလာ တယ်​။

ကျွန်​​တော့်​ ဆွဲလက်​စပန်းချီကားကို ကျွန်​​တော်​ ပြန်​ဆွဲဖို့ ဆုံးဖြတ်​လိုက်​တယ်​။ ဒီတစ်​ခါ​တော့ ပန်းချီကားအ​ပေါ်မှာ စိတ်​ဝင်​တစားနဲ့ ဆွဲမယ်​လို့ ဆုံးဖြတ်​ထားမိတယ်​။ ဘာလို့လဲဆို​တော့ အရင်​တစ်​ခါတုန်းက ပန်းချီကားက လက်​စသပ်​ဖို့ရာကို ငြင်းဆန်​ခဲ့ဖူးတယ်​​လေ။ အ​ရောင်​ကိုလည်း သတိထားသုံးမယ်​။ အာရုံဝင်​စားမှုကိုလည်း မြှင့်​တင်​ထားလိုက်​တယ်​။ ကျွန်​​တော်​စဆွဲမယ်​ဆိုပြီး ကင်းဗက်​စကို ကြည့်​လိုက်​​တော့ အရင်​က ကျွန်​​တော်​ဆွဲထားတဲ့ စုတ်​ချက်​​တွေ မ​တွေ့​တော့ပြန်​ဘူး။ ကျွန်​​တော်​ထူပူသွားမိတယ်​။ ဘာလုပ်​လို့ ဘာကိုင်​ရမှန်းမသိ​တော့။ ဒီဆွဲထားပြီးသမျှ စုတ်​ချက်​​တွေဟာ ဘယ်​လို​ပျောက်​ဆုံးသွားခဲ့တာလဲ။ အရင်​က​ရော ကျွန်​​တော်​ဆွဲထားမိရဲ့လားလို့ အ​သေအချာပြန်​စဉ်းစားတယ်​။ ဆွဲခဲ့တာက​တော့​သေချာ တယ်​။ မပြီးခဲ့တာပဲရှိတာ။ အခု​တော့ ဆွဲထားသမျှ​တွေ ​ပျောက်​ဆုံးသွားပြီ။ ကျွန်​​တော်​ ဒုတိယအကြိမ်​ စိတ်​ညစ်​ညစ်​နဲ့ စုတ်​တံ​တွေ၊ ​ဆေးခွက်​​တွေကို ကင်းဗက်​စ​ပေါ် ပစ်​ချပြီး အိမ်​အပြင်​လမ်းမကို ထွက်​လာခဲ့မိတယ်​။

လူတစ်​​ယောက်​ဟာ ​လမ်း​ဘေးရေနုတ်​​မြောင်းတစ်​ခုထဲမှာ ကုန်းကုန်းကွကွနဲ့ အလုပ်​များ​နေခဲ့တယ်​။ ဘာလုပ်​​နေတာလဲလို့ ကျွန်​​တော်​လှမ်း​မေး​တော့ သူ့အနာဂတ်​ဟာ ​ရေနုတ်​​မြောင်းထဲ ပြုတ်​ကျသွားလို့တဲ့​လေ၊ ​ရေနုတ်​​မြောင်း​တောက်​​လျှောက်​ လိုက်​ရှာ​နေပုံရတယ်​။ ပတ်​ဝန်းကျင်​ကိုလည်း သတိထားပုံမရဘူး။ ကျွန်​​တော်​ထပ်​​​မေးတော့လည်း သူ့ဆီက ဘာမှတုန့်​ပြန်​သံမကြားရ​တော့ဘူး။ ကျွန်​​တော်​လည်း စိတ်​မရှည်​​တော့တာနဲ့ အဲဒီ​နေရာက လမ်း​ဘေးပလက်​​ဖောင်း​ပေါ်မှာ ခဏထိုင်​ချ​နေလိုက်​မိတယ်​။ ​ရေနုတ်​​မြောင်းထဲက လူက​တော့ ကုန်းကုန်းကွကွနဲ့ ​စော​စောကအတိုင်းပဲ တစ်​စုံတစ်​ခုကို ရှာ​ဖွေ​နေတုန်းပဲ။

သူ့ကို​မေးခွန်းတစ်​ခု ကျွန်​​တော်​​မေးလိုက်​မိတယ်​။ ခင်​ဗျား သတင်းစာဖတ်​လား။ ဖတ်​ခဲ့ရင်​ ဒီ​နေ့ဘာသတင်းထူးပါလဲလို့ ​မေး လိုက်​မိတယ်​။ အဲဒီ​တော့မှ ​ရေနုတ်​​မြောင်းထဲကလူက ကျွန်​​တော့်​ကို လှည့်​ကြည့်​တယ်​။ ပြီး​တော့မှ ကုန်း​ပေါ်ကိုတက်​လာတယ်​။ ကျွန်​​တော့်​ကို အ​သေအချာစူးစိုက်​ကြည့်​တယ်​။ အသက်​အရွယ်​ကလည်း အ​တော်​ကြီး​နေပြီ။ ပါးပြင်​​ပေါ်က ​ငေါထွက်​​နေတဲ့ အရိုး​တွေနဲ့ သူ့အ​ရေပြား​ပျော့စိစိ​တွေဟာ လှိုင်းတွန့်​​တွေလို အစင်း​တွေ ဖြစ်​​နေကြတယ်​။ သူ့မျက်​လုံး​တွေဟာ တစ်​စုံတရာကို သိုဝှက်​ထားမှန်းသိသာတယ်​။ မင်းက ဘာသတင်းထူးကြားလို့လဲလို့ ဆိုတယ်​။ အဘိုးအိုတစ်​​ယောက်​ရဲ့ သတင်း​လေ။ အထပ်​မြင့်​ တိုက်​တစ်​လုံးကို မြိုလိုက်​တဲ့ အဘိုးအိုတစ်​​ယောက်​ရဲ့ သတင်း​ပေါ့။

ဟုတ်​တယ်​။ ငါလည်း အဲဒီသတင်းကြားမိတယ်​။ သတင်းစာဖတ်​လို့​တော့ မဟုတ်​ဘူး။ အဲဒီသတင်းကို ငါအလိုလိုသိ​နေခဲ့တာ လို့ ​ပြော​တော့တယ်​။ ဟ…ကျွန်​​တော်​ အ​တွေးထဲမှာ မထင်​မှတ်​ထားတဲ့ လက္ခဏာ​တွေ ​ပေါ်​ပေါက်​လာ​တော့တယ်​။ ​နောက်​ပြီး​တော့ ဒီလူဟာ တိုက်​ကိုမြိုလိုက်​တဲ့ အဘိုးအိုများ ဖြစ်​​နေမလားလို့ ​တွေး​နေမိတယ်​။ ဖြစ်​နိုင်​​ချေက​တော့ အ​တော်​များ​နေပြီ​လေ။ တကယ်​လို့ ဒီလူက သတင်းစာလည်း မဖတ်​ခဲ့ဘူး၊ ဖတ်​ခဲ့လည်း ကျွန်​​တော်​​ပြောတဲ့ သတင်းကို မဖတ်​မိဘူးဆိုရင်​ သူ အမှန်​အတိုင်း မသိဘူးလို့ပဲ ​ပြောမှာပဲ​လေ။ ဒါ အရှင်းကြီးပဲ။ အခု​တော့ သူက အဲဒီသတင်းကို သူ့အလိုလို သိ​နေတာဆို​တော့ တိုက်​ကိုမြိုတဲ့ အဘိုးအိုဟာ သူဖြစ်​နိုင်​ဖို့ ရာခိုင်​နှုန်း အ​တော်​​တော့ များသွားခဲ့ပြီ။

သူ့ကို ကျွန်​​တော်​ စကားဆက်​မ​ပြော​သေးဘဲ ခဏတာ ​စောင့်​ကြည့်​​နေခဲ့တယ်​။ သူက ကျွန်​​တော့်​ကို သိပ်​​တော့ အ​ရေးမစိုက်​ပါဘူး။ သူ့အလုပ်​ကိုသာ သူဆက်​လုပ်​​နေခဲ့တယ်​။ သူ့အနာဂတ်​ ပြုတ်​ကျသွားတာကို ဆက်​ပြီး လိုက်​ရှာ​နေတာပဲဖြစ်​မယ်​။ ကျွန်​​တော်​တို့ ခုနက စကားကို ဆက်​​ပြောကြရင်​​ကောင်းမယ်​လို့ ကျွန်​​တော်​ စကားပြန်​စလိုက်​တယ်​။ သူက ​ခေါင်း​မော့ကြည့် တယ်​။ ​နောက်​ပြီး​တော့ မင်းငါ့ကို လာ​နှောက်​ယှက်​​နေတာလားလို့ တုန့်​ပြန်​ပါတယ်​။ ကျွန်​​တော်​လည်း သူ့ကို ​နှောက်​ယှက် တာ မဟုတ်​တဲ့အ​ကြောင်း၊ ကျွန်​​တော်​ဒီ​နေ့ သတင်းစာမှာ ဖတ်​လိုက်​ရတဲ့ တိုက်​ကို မြိုလိုက်​တဲ့ အဘိုးအိုဆိုတာ ခင်​ဗျားနဲ့ ဘယ်​လိုများ “ပတ်​သက်​​နေနိုင်​မလဲလို့ ဆိုတဲ့အ​ကြောင်း​တွေ ​ပြောပြရပါတယ်​။ သူက ကျွန်​​တော့်​ကို အ​သေအချာ စူးစိုက်​ကြည့်​​နေခဲ့တယ်​။ ပြီး​တော့မှ ကျွန်​​တော့်​ကို တုန့်​ပြန်​​တော့တယ်​။

“မင်းတို့လို​ကောင်​​တွေ ငါအများကြီး ​တွေ့ခဲ့ပြီးပြီ။ မင်းအခု​ပြောတဲ့ သတင်းက ငါ့အတွက်​​တော့ ဘာမှထူးခြားတဲ့ သတင်း မဟုတ်​ဘူးဟ။ မင်းတို့​တွေက တစ်​ခုခု​လေး ကိုယ်​နဲ့​ဝေးတဲ့ အ​ကြောင်းအရာဆို အထူးအဆန်း ထင်​​နေတတ်​ကြတာပဲ။ မင်းမှတ်​ထားကွ။ ဒီမြို့​တော်​ကြီး နယ်​တဝိုက်​မှာ ဘာမဆို ဖြစ်​နိုင်​တယ်​ဆိုတာပဲ၊ ကုန်​ကုန်​​ပြောမယ်​ကွာ။ လူတစ်​​ယောက်​ဟာ တိုက်​ကြီးတစ်​လုံးကို မြိုရုံတင်​မကဘူး။ မြို့​တော်​ကြီး တစ်​ခုလုံးကိုပါ မြိုချင်​ မြိုသွားနိုင်​တယ်​ဟ။ အဲဒါကို ငါနဲ့ ဘယ်​လိုပတ်​သက်​လဲလို့ လာ​မေးတာဟာ မင်းရဲ့အမှားပဲကွ။ မင်းယုံချင်​လည်း ယုံလို့ရတယ်​။ မယုံချင်​လည်း ရတယ်​။ မင်း​ပြောတဲ့ အဲဒီသတင်းကလည်း ဟုတ်​ချင်​လည်း ဟုတ်​မယ်​။ မဟုတ်​ချင်​လည်း မဟုတ်​ဘူး။ ဒီမြို့​တော်​ကြီးထဲက ​ပေါ်လာသမျှသတင်း​တွေကို အတည်​လိုက်​ယူပြီး ​တွေး​နေတာကိုက မင်းရဲ့အမှားပဲ”လို့ တရစပ်​​ပြော​တော့တယ်​။

ကျွန်​​တော်​လည်း ဘာပြန်​​ပြောရမှန်း​တောင်​ မသိ​တော့ဘူး။ သူ​ပြောပုံ အရဆို ဒီလိုသတင်းမျိုး​တွေဟာ ဒီမြို့​တော်​ကြီးထဲမှာ မကြာခဏ​ပေါ်​ပေါက်​​နေသလို၊ ထပ်​ပြီး​တော့ ​ပေါ်​ပေါက်​လာနိုင်​တဲ့ အ​နေအထားပဲ။ ဒါဆိုရင်​ မြို့​တော်​ကြီးရဲ့ အနာဂတ်​ဟာ ရင်​​လေးစရာကြီးပါလား။ ကျွန်​​တော်​လည်း အ​တွေးမျိုးစုံ​တွေးရင်းနဲ့သာ ချာလည်​လည်​​နေတာ ဘာအ​ဖြေမှ ထွက်​မလာခဲ့ဘူး။ ​စော​စောက လူက​တော့ ​ရေနုတ်​​မြောင်းထဲမှာပဲ ကုတ်​ကုတ်​နဲ့ သူ့အနာဂတ်​ကို ဆက်​ရှာ​ဖွေ​နေဟန်​ရှိတယ်​။ ကျွန်​​တော်​သူ့ကို ထပ်​ပြီးလည်း ဒုက္ခမ​ပေးချင်​​တော့တာနဲ့ အဲဒီ​နေရာက​နေ လှည့်​ထွက်​လာခဲ့​တော့တယ်​။

အဘိုးအိုတစ်​​ယောက်​ တိုက်​ကိုမြိုတဲ့ သတင်းထက်​ အ​ရေးကြီးတာက ကျွန်​​တော့်​ရဲ့ ဆွဲလက်​စ ပန်းချီကားကို လက်​စသတ်​ဖို့ရာပဲဖြစ်​တယ်​။ ဟုတ်​တယ်​။ ကျွန်​​တော်​အိမ်​ပြန်​ပြီး ပန်းချီကားကို အပြီးလက်​စသပ်​ရမယ်​။ ​နောက်​ပြီး​တော့ တစ်​ခုသတိထားမိက ဒီမြို့​တော်​ထဲမှာ ဒီလိုသတင်းမျိုး​တွေဆိုတာ ဘာမှ အ​ရေးတယူလုပ်​ဖို့ မလိုအပ်​​လောက်​ဘူးဆိုတာပဲ ဖြစ်​တယ်​။

ဆွဲလက်​စပန်းချီကားကိုကြည့်​ရင်း ကျွန်​​တော်​ စိတ်​မပါ လက်​မပါ ဖြစ်​​နေခဲ့တယ်​။ ပြဿနာက ဟိုရက်​က​လေးတင်​ကပဲ သတင်းစာတစ်​ခုထဲမှာ ကျွန်​​တော့်ရဲ့ ​ရှေ့ဆက်​ဆွဲသွားဖြစ်​မယ့်​ ပန်းချီကား​တွေရဲ့အ​ကြောင်းကို အင်​တာဗျူးတစ်​ခုမှာ အ​ဖြေ​ပေးသွားခဲ့ပြီးပြီ။ ဝန်​ခံ​ပြောကြားခဲ့ပြီးပြီ။ တစ်​ပတ်​အတွင်းကို ကျွန်​​တော်​ ပန်းချီကား​ပေါင်း တစ်​​သောင်း​လောက်​ ​ရေးဆွဲဖြစ်​မယ်​လို့​လေ။ အခု​တော့ ကျွန်​​တော်​ ပန်းချီကားတစ်​ချပ်​​တောင်​ ​ရေးဆွဲလို့ မပြီး​သေးဘူး။ ကျွန်​​တော်​ဘယ်​လိုလုပ်​ရမလဲ။ ခက်​ပြီ။ တကယ်​လို့သာ မဆွဲနိုင်​ခဲ့ရင်​ ကျွန်​​တော်​​တော့ နာမည်​ပျက်​ပြီ။ ထမင်းအိုးပါ ကွဲမဲ့ကိန်း​လေ။ ကျွန်​​တော်​ ကင်းဗက်​ပြားကိုသာ ​ငေးစိုက်​ကြည့်​​နေခဲ့တယ်​။ အ​တွေးထဲမှာ​တော့ “ဟုတ်​တယ်​၊ ငါ ပန်းချီကားတစ်​​သောင်း​လောက်​ ​ရေးဆွဲရမယ်​”ဆိုပြီးသာ ​ရေရွတ်​​နေနိုင်​တယ်​။ စုတ်​တံက ကင်းဗက်​ပြား​ပေါ်​တော့ မ​ရောက်​​သေးဘူး။ အဲဒီလို​တွေး​နေရင်းနဲ့ ကင်းဗက်​ပြားကိုသာ ​ငေး​မောကြည့်​​နေခဲ့မိတယ်​။

ကျွန်​​တော်​ တ​ရေး​ရေး​လေး ​ငေးကြည့်​​နေစဉ်​ ကင်းဗက်​ပြား​ပေါ်မှာ ပုံသဏ္ဌာန်​တစ်​ခု ထင်​ရှားစွာ​ပေါ်လာ​တော့တယ်​။ ဟုတ်​တယ်​။ ပုံသဏ္ဌာန်​ကလည်း တဖြည်းဖြည်း ထင်​ရှားလာတယ်​။ အဘိုးအိုတစ်​​ယောက်​ တိုက်​ကိုမြို​နေတဲ့ ပုံစံကြီးပဲ။ အဲဒီလို ​ပေါ်လာ​တော့ ကျွန်​​တော်​ စုတ်​တံနဲ့ အဲဒီပုံသဏ္ဌာန်​ကို လိုက်​ခြစ်​ပစ်​လိုက်​​တော့တယ်​။ ဟုတ်​တယ်​။ ကျွန်​​တော်​ အဲဒီလိုပဲ လုပ်​သင့်​တယ်​လို့ မြင်​တယ်​။ ဒီမြို့​တော်​ကြီးမှာက ဒီလိုပုံသဏ္ဌာန်​​တွေနဲ့ စကားအတုအ​ယောင်​​တွေ ​ပေါ်လာ​နေတတ်​လို့​လေ။

ပြည်​သစ်​ဟန်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts