(မိုးမခ) ဇန်နဝါရီ ၂၁၊ ၂ဝ၁၉
(၁)
ဒီဇင်ဘာ တတိယအပါတ်က နယူးယောက်မြို့တော်အုပ်ချုပ်ရေးမှူး ကူမို (Andrew Cuomo) က နယူးရောက်နယ်တွင် မာဂျူဝါနာ (Marijuana) သုံးးစွဲခြင်း (Pot Smoking) ကို တရားဝင်အောင်ပြုလုပ်ပေးမည်ဟု ကြေညာသည်။ ဤသည်မှာ သူသည်ယခင်က တလျှောက်လုံး မာဂျူဝါနာ (ဆေးခြောက်) သုံးစွဲခြင်းနှင့်ပတ်သက်၍ မေးခွန်းထုတ်ခဲ့သူတယောက်အဖို့ အံ့အားသင့်စရာဖြစ်ခဲ့ပါသည်။
“အမြင်တွေက ပြောင်းလဲကုန်ပါပြီ” လွန်ခဲ့သော ၂ဝ၁၇ ခုအောက်တိုဘာလက ပြောခဲ့ပါသည်။ မာဂျူဝါနာ သုံးစွဲခြင်းကို တရားဝင် (Legalize) ပြုလုပ်ရန်လူပြောသူပြော များလာချိန်မှာအနှစ် ၅ဝ အတွင်း အမြင့်ဆုံးကာလသို့ ရောက်ရှိခဲ့ပါသည်။ ဂဲလပ်ပူးလ် (Gallup Pools) ၏စာရင်းကောက်ယူချက်အရ အမေရိကန်လူမျိုး ၃ ပုံ ၂ ပုံတို့က ဥပဒေကို ပြင်ရန်ဆန္ဒရှိကြသည်။ လူမဲကလေးများ၏ (Pot smoking) ကြောင့် ရုံးရောက်ဂါတ်ရောက် အဖမ်းခံရခြင်းများမှာ တရားမျှတမှုမရှိဟူသော အယူ အဆလည်းဖြစ်ပါသည်။
(၂)
မစ္စတာကူမိုက ပြောပြီး ၂ ရက်အကြာတွင် ဘရွတ်ကလင်းမှ အစိုးရရှေ့နေက လွန်ခဲ့သည့်ကာလများက မာဂျူဝါနာ သုံးစွဲမှု နှင့် စီရင်ချက်ချထားသည့်အမှု ၂ ဒါဇင်ကို ချေဖျက်ပေးရန်တောင်းဆိုခဲ့သည်။ ဤဆေးကို လက်ဝယ်တွေ့ရှိမှုဖြင့် ရုံးချိန်းခေါ်ဆို ထားသူ ၁၄ဝဝ ကျော်တို့၏အမှုများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါသည်။
မာဂျူဝါနာ (သို့) (Cannabis) ကို တရားဝင်အောင်လုပ်ရန် ကြိုးပမ်းအားထုတ်မှုအရှိန်အဟုန်သည် ရပ်ဆိုင်းသွားရန်မရှိတော့ ပါ။ နယူးရောက်နှင့် နယူးဂျာစီတို့သည် ၎င်းကို တရားဝင်ပြုလုပ်ထားသည့်နယ် ၃ဝ တို့နှင့် ရောပေါင်းသွားရန် တာစူနေပါပြီ။ အမေရိကန်လူမျိုး ၆ဝ ရာခိုင်နှုန်းက ဤဆေးကိုတရားဝင်ပြုလုပ်ရန် ဆန္ဒရှိကြသည်။ လွှတ်တော်အမတ်အများစုကလည်း ပိတ်ပင်ထားခြင်းကို ပယ်ဖျက်ပေးစေလိုကြသည်။
အမေရိကန်အများစုက ဤဆေးကိုမသုံးကြသော်လည်း အများအမြင်ပြောင်းလဲလာခြင်းမှာ သိသာပါသည်။ အသက် ၁၂ နှစ်ကျော်သူများ၏ ၁၅ ရာခိုင်နှုန်းမှာ ဆေးကို တကြိမ်ဖြစ်စေ သုံးစွဲဘူးကြပြီး ၂ဝ၁၇ နှစ်ကဆိုသော် လူ ၃ သန်းမှာ ဆေးကို ပထမဦးဆုံးတကြိမ်သုံးစွဲဘူးကြသည်။
ဤသို့ဆေးကို တရားဝင်ပြုလုပ်စေလိုကြသည်မှာ ဆယ်နှစ်ခန့်ရှိပါပြီ။ ဆေးရောင်းသောကုမ္ပဏီများက ပိုမို၍စိတ် အားထက် သန်ကြသည်။ ထိုကုမ္ပဏီများက မာဂျူဝါနာကို စွဲလန်းစေသောဆေးဆိုခြင်းထက် အသုံးကျသော ဆေးဝါး အဖြစ်မြင်ကြပါ သည်။ တချို့ကလည်း ဤဆေးသုံးစွဲခြင်းက ဘိန်းသုံးစွဲခြင်းကို ဟန့်တားနိုင်မည်ဟုဆိုသည်။ သို့သော် မာဂျုဝါနာ ကိုသုံးစွဲ သောသူများသည် နောက်ပိုင်းတွင် ဘိန်းစွဲသွားကြသည်က များပါသည်။
မာဂျူဝါနာသုံးစွဲခြင်းကြောင့် စိတ်ရောဂါဖြစ်နိုင်သည်ဟူသော အယူအဆကိုလည်း တိုက်ဖျက်နေကြသည်။ ၎င်းတွင် တီအိပ် ခ်ျစီ THC (tetrahydrocannabinol) ပါဝင်နေရာဘိန်းကဲ့သို့သော အကျိုးသက်ရောက်မှုရှိသည်။ ဤအရာသည် လူကို (High) ဖြစ်စေသော အရာဖြစ်ပါသည်။ မာဂျူဝါနာကြောင့် စကီဇိုဖရီးနီးယားနှင့် အခြားစိတ်ရောဂါများဖြစ်စေနိုင်သည်ဆို ခြင်းမှာ ယနေ့ခေတ်မှာမှ ခေတ်စားလာသည်။ ၁၉၉ဝ ခုနှစ်များက ဆေးသုတေသနစာအုပ်များတွင် ဤသို့မဖေါ်ပြကြပါ။
ထိုခေတ်က ဆေးဂျာနယ်များက ဖော်ပြကြသည်မှာ မက်ဂျူဝါနာသုံးစွဲမှုသည် စကီဇိုဖရီးနီးယားဖြစ်ပေါ်မှုနှင့် မဆိုင်ပါ။ သူက သုံးသပ်ရာတွင်ဆေးက ထိုရောဂါရှိနေသူများကို ကူညီနိုင်သည်ဟု ဆိုခဲ့သည်။ ၂ဝ၁၇ ရောက်သောအခါမှ (Institute of medicine) က မာဂျူဝါနာသုံးစွဲခြင်းသည် စကီဇိုဖရီးနီးယားနှင့် စိတ်ရောဂါများဖြစ်ပွားနိုင်သည်ဟု ဆိုသည်။ ဆေးသုံးစွဲမှုများ သည် စိတ်ရောဂါဖြစ်ရန် အခွင့်အလမ်းပို၍များသည်။
သို့ပါသော်လည်း ဤသို့ဆိုခြင်းကို အမေရိကန်အများစုက လက်မခံကြပါ။ သူတို့က ဤဆေးကို ယုံကြည်စိတ်ချသည်။ ဆေး က လူကိုအကျိုးပြုစေနိုင်သည်။ ထို့ကြောင့် ဆေးကို တရားဝင်လုပ်ခြင်းကို ၁၉၉၉ ခုနှစ်ကနှင့်စာသော် ၂ ဆ ခန့်ပိုများလာ သည်။ အကျိုးဆက်မှာ အမေရိကန်၌ အသုံးပြုသူပိုများလာပြီး ရောဂါဖြစ်စေရန်ပို၍ လွယ်ကူလာသည်။
အသက်ကြီးသူ အမေရိကန်တို့ကမှု ဤဆေးသည် အားပျော့ပြီး ကခုန်ပွဲများတွင် အပျော်သုံးစွဲရမည်ဟု ယူဆကြသည်။ သူ တို့မမှားပါ။ ၁၉၇ဝ ခုနှစ်နှင့် ၁၉၈ဝ ခုနှစ်များက တီအိပ်ခ်ျစီပါဝင်နှုန်းမှာ ၅ % သာရှိခဲ့သည်။ ယခုအခါ တရားဝင်ရောင်းနေကြ သည်မှာ ၂၅ % မျှပါဝင်သည်။ ထို့နောက် ဆေးအတွက်သုံးရန်ဟုဆိုကာ တီအိပ်ခ်ျစီကို ၁ဝဝ % အထိ သန့်စင်အောင် ထုတ် လုပ်နေကြသည်။ နှိုင်းယှဉ်ချက်တခုကိုပြပါဆိုလျှင် ဘီယာနှင့် မာတီနီကဲ့သို့ပင်ဖြစ်ပါသည်။
ဤဆေးကို တရားဝင်စေခြင်းကြောင့် စားသုံးသူ ပို၍များပြားလာခြင်း မလာခြင်းမှာ အငြင်းပွားစရာဖြစ်သည်။ ဆေးသုံးစွဲနေသူ တို့က ပိုမိုသုံးစွဲလာခြင်းမှာသေချာပါသည်။ ၂ဝဝ၅ ခုနှစ်တွင် အမေရိကန် ၃ သန်းကျော်က နေ့စဉ်သုံးစွဲသည်။ ယနေ့တွင် လူပေါင်း ၈ သန်းကျော်သုံးစွဲနေပါသည်။ တစ်နည်းအားဖြင့် ၅ ယောက်တွင် တစ်ယောက်က နေ့စဉ်သုံးစွဲသည်၊ အရက် သောက်သူတို့နှင့်နှိုင်းယှဉ်လျှင် အရွယ်ရောက်သူ ၁၅ ယောက်တွင် တစ်ယောက်က အရက်စွဲသည်။ လူဦးရေအားဖြင့် ၁၂ သန်းခန့်ရှိမည်။
သုတေသနပြုသူများအနေဖြင့် ဆေးသုံးစွဲခြင်းကြောင့် စိတ်ရောဂါဖြစ်ရန် နီးစပ်မှုရှိမရှိကို လေ့လာရန်လိုသည်။ သို့မဟုတ် ဆက်စပ်မှု၏ အင်အား (Strength) ကိုသိရန်လိုအပ်သည်။ ဆေးရုံများတွင်မှု ဤဆက်စပ်မှုကို ထင်ထင်ရှားရှားတွေ့မြင် ရပါသည်။ ၂ဝဝ၆ ခုနှစ်က ဆေးရုံများ၏အရေးပေါ်ဌာနများတွင် ကေ့စ်ပေါင်း ၃ဝ,ဝဝဝ ကျော်သည်။ မာဂျုဝါနာ ဆေးသုံးစွဲ မှုကြောင့် စိတ်ကယောက်ဂယက်ဖြစ်ရမှုများဖြစ်ပါသည်။ ၂ဝ၁၄ ခုနှစ်ရောက်သောအခါ ထိုကဲ့သို့ အမှုပေါင်း ၃ ဆကျော်မျှ ရှိပြီး ၉ဝ,ဝဝဝ ကျော်ဖြစ်လာပါသည်။
အစိုးရစစ်တမ်းများတွင် အသက် ၁၈ နှစ်မှ ၂၅ နှစ်အသက်အရွယ်ပိုင်းသည် စိတ်ရောဂါဖြစ်ပွားမှု အများဆုံးဖြစ်သည်။ ဤအရွယ်သည် ဆေးသုံးစွဲသည့် အရွယ်များတွင်လည်း အများဆုံးဖြစ်သည်။ ဤစာရင်းက စိတ်ရောဂါများသည် ဆေးသုံးစွဲ သူများတွင် အဖြစ်များသည်ဟု ကောက်ချက်ချရန် မလုံလောက်သော်လည်း ပြဿနာကိုမူ ထင်ရှားစေပါသည်။
မာဂျူဝါနာကို လက်ဝယ်တွေ့ရှိမူကြောင့် လူကိုထောင်ချခြင်းမှာ အဖြေမဟုတ်ပါ။ သို့ပါသော်လည်း ဤပြဿနာကို အကြီး အကျယ်လုပ်နေကြသည်။ မာဂျူဝါနာကိုလက်ဝယ်တွေ့ရှိမူကြောင့် အဖမ်းခံရသူတိုင်း ထောင်ကျမခံကြရပါ။ ကာလီဖိုးနီးယား တွင်၂ဝ၁၃ နှစ်က ဆေးမှု ၁၃၄,ဝဝဝ မှုရှိခဲ့ရာ ၄၄၁ ဦးသာ ထောင်ချခံရပါသည်။ အကယ်၍ မာဂျူဝါနာပိုင်ဆိုင်မူကို လူ့အသားအရောင်ခွဲခြားမူနှင့်ရောထွေးနေသောကြောင့် အပြစ်မယူခဲ့ပါလျှင် အမှိုက်ပစ်မှု (Littering) ကဲ့သို့သာ သဘောထားနိုင် ပါသည်။
ထို့ကြောင့် မာဂျူဂါနာကို ကုမ္ပဏီများက ရောင်းဝယ်နိုင်သောကုန်စည်အဖြစ် ပြောင်းလဲပစ်လိုကြသည်။ ဤဆေးကို တရား ဝင်အောင်လုပ်ခြင်းဖြင့် မှောင်ခိုဈေးနှင့် ဆေးအမျိုးအစားကို မထိမ်းချုပ်နိုင်၊ ဈေးကိုတော့ လျှော့ကျစေပြီး ဆေးကိုအလွယ် တကူဝယ်ရမည်။ သုံးစွဲမူကို တိုးပွားလာစေမည်။
ပို၍ ဆိုးသည်မှာ ဆေးသုံးစွဲသူတို့အဖို့ ကြောက်ရွံ့ခြင်း (Paranoia) အခြားစိတ်ရောဂါ (Psychosis) ဖြစ်စေနိုင်ပြီး ၎င်းတို့သည် အကြမ်းဖက်မှုများကို ပိုမိုတိုးပွားစေသည်။ တရားဝင်လုပ်ခြင်းများ စခဲ့သည့် ၂ဝ၁၄ ခုနှစ်မတိုင်မီက တရားဝင်အောင် လုပ် ခြင်းဖြင့် ထိုပြစ်မှုများကို လျှော့ကျသွားစေမည်ဟု ပြောခဲ့ကြသည်။ သို့ပါသော်လည်း အက်ဘီအိုင်အဆိုအရ ပထမဆုံးလေး နေရာဖြစ်သည့် အလတ်စကား၊ ကိုလိုရာဒို၊ အော်ရီဂွန်နှင့်ဝါရှင်တန်တို့တွင် ပြစ်မှုများမှာ ပို၍များပြားလာသည်။ လူသတ်မှုနှင့် ထိခိုက်နာကျင်စေမူများ၏ ရဲရီပို့တွင် ဤဆေးနှင့်ပတ်သက်နေကြောင်းကို အထင်အရှားမြင်နိုင်သည်။
အမေရိကားတွင် မာဂျူဝါနာကိုတရားဝင်ဖြစ်အောင်ပြုလုပ်နေစဉ် ဤဘိန်းစွဲသူများကို အားပေးအားမြှောက်ပြုသလို ဖြစ်မှာ ကိုလည်း သတိပြုသင့်သည်။ လွန်ခဲ့သောဆယ်နှစ်ကျော်ခန့်က ဤဆေးကို တရားဝင်အောင်ပြုလုပ်ပါက ဘိန်းစွဲခြင်းကို သက်သာစေလိမ့်မည်ဟု ဂတိပေးခဲ့ကြသည်။ လူပေါင်း ၅ သိန်းကျော် သေဆုံးပြီးသည့်နောက်တွင် သူတို့အဘယ်မျှ မှားခဲ့ကြ သည်ကို သိနိုင်ပါသည်။
(၃)
ယခင်လက ယိုးဒယားတွင် (Cannibis) ကိုဆေးကုသရေးဆိုင်ရာများတွင်အသုံးပြုခွင့်ပေးသော ဥပဒေကိုပြဌာန်းလိုက်သည်၊ မလေးရှားတွင်အလားတူခွင့်ပြုသောအမိန့်ကို ယမန်နှစ်ကပင် အတည်ပြုခဲ့သည်။ စင်ကာပူကတော့ ဘယ်တော့မှခွင့်ပြုမည်မဟုတ်ကြောင်းထုတ်ဖေါ်ပြောကြားသည်။
မာဂျူဝါနာ၏ အန္တရာယ်သည် ဘိန်းနှင့်မတူပါ။ သို့ပါသော်လည်း မရှိဘူးတော့မဟုတ်။ အန္တရာယ်ရှိပါသည်။ မူးယစ်ဆေးမှန် သမျှ အကျိုးမပေးပါ။ များပြားလှသောသုံးစွဲသူတို့ကြောင့် တရားဝင်လုပ်လျင်လည်း လုပ်သင့်ပါသည်။ သို့သော် အားပေးရ မည့်အရာကားမဟုတ်ပါ။
ကိုသန်းလွင်
Ref: What Advocates of legalizing Pot Don’t want to know. Alex Berenson, New York Times January 4 2019