ကဗျာ

မိုးခါး ● ပန်းချီကားထဲမြစ်ရေက အနက်ရောင်

မိုးခါး ● ပန်းချီကားထဲမြစ်ရေက အနက်ရောင်
(မိုးမခ) ဇန်နဝါရီ ၁၈၊ ၂၀၁၉

ကြေကွဲစရာအရောင်လို့ တင်စားရမလို
စကားလမ်းကြောင်းမှာ ဗေဒါတွေမျောမနေဘူး
ဟန်ဆောင်ကောင်းတဲ့အလှ
ဒီလန် တောမတ်စ်ကဗျာငှားပြောရရင်
စာရွက်ကိုလက်မှတ်ထိုးတဲ့လက်ဟာ မြို့ကိုဖျက်တယ်
အကြောက်တရားကို ထယ်လိုထိုးထားတဲ့ဘဝ
အပြောင်းအလဲတွေနဲ့
ဘဝဟောင်းကွယ်လို့ အလှပျက်တော့မှာလား
တရားရယ်
မျှမျှတတ ချင့်ချိန်ချင်ပါ
မျက်ရည်နဲ့ရင်းပြီးမှရမယ့်သရဖူ
အလံလိုလွှင့်ပြီး ဦးမညွတ်ပါရစေနဲ့

ဆေးစက်ကျရာအရုပ်ဖြစ်ရခြင်းအလှ
ကြေကွဲရောင်သုံးပြီှးရလာမယ်ဆို
သမိုင်းရိုင်းရာကြပြီပေါ့

နှာစေးနေတဲ့ယုန်တွေလိုတော့မလုပ်ပါနဲ့
မြစ်ဆိုတာ
သူ့အရောင် သူ့အဆင်းနဲ့ ပြီးပြည့်စုံပြီးသား
ထပ်ပြီး
ဘောင်ခတ်အလှဆင်တဲ့အပြုမူမျိုး
ငါ့နိုင်ငံတော်ကို မဖျက်ဆီးပါနဲ့
ထပ်ပြောမယ်
ရှိရင်းစွဲအရောင်းဆင်းကိုမဖျက်ဆီးပါနဲ့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts