ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) ဝေဖန်ရေးရာ

ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) – ခွင့်မလွှတ်တာနဲ့ တာဝန်မယူတာ

 

ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) – ခွင့်မလွှတ်တာနဲ့ တာဝန်မယူတာ

(မိုးမခ) ဇန်န၀ါရီ ၁၇၊ ၂၀၁၉

ဒီနေ့မှဖတ်ရတာ၊ မိုးမခကောင်းကင်ဂျာနယ်မှာ၊ ဆရာမောင်စွမ်းရည်ရဲ့  “ဘုရားလောင်းလေသံမျိုးနဲ့ ရက်စက်ခဲ့သူများကို ခွင့်လွှတ်ပါ” ဆိုတဲ့ စကား ဘယ်တော့မှမပြောနဲ့! ဘယ်တော့မှ ခွင်မလွှတ်ဘူး ဆိုတဲ့အကြောင်း …

ဟုတ်ပါတယ်၊ ခွင့်လွှတ်ပါလို့ မပြောသင့်ပါဘူး၊ ခွင့်လွှတ်စရာလဲ မလိုပါဘူး၊ ဒါပေမယ့် …   တာဝန်ယူဖို့တော့ လိုတယ်ဗျ။

အတိတ်က (စစ်အာဏာရှင်တွေလို့ပဲဆိုကြပါစို့) … သူတိုက အပြစ်ကို ပြုခဲ့သူတွေပါ၊ သူတို့ပြုခဲ့တဲ့အပြစ်တွေကြောင့် ပြည်သူမှာပြဿနာတွေတက်နေရတယ်။

အပြစ်ပြုသူတွေက ပြဿနာကိုတာဝန်မယူကြပါဘူး၊ အဲဒီလိုကြုံနေရတဲ့ခါမှာ- ပြဿနာကို ရင်ဆိုင်ဖြေရှင်းဖို့က ပြည်သူ့တာဝန်အဖြစ် ကျရောက်လာတာပါ။

အဲဒီတော့ ကျုပ်တို့ပြည်သူတွေ စဉ်းစားရမှာက- ခွင့်လွှတ်ဖို့၊ မလွှတ်ဖို့ မဟုတ်တော့ဘူးဗျ၊ တာဝန် ယူမှု၊ မယူမြှုဖစ်သွားပြီ။ ဒါဟာ … ဒီနေ့”ပြောင်းလဲဖို့ အချိန်တန်ပြီ”လို့ တကယ်ခံယူသူတွေ စဉ်းစားရမယ့်
အဓိကကိစ္စပဲ။

အပြစ်ပြုသူတွေက ပြဿနာကိုတာဝန်မယူဘူး ဆိုရင် ဘယ်သူကတာဝန်ယူမလဲ?
ဒါဟာ” နိုင်ငံရေးပြဿနာ ၊နိုင်ငံရေးသစ္စာ” ရှာဖွေမှုပဲ။

ခေတ်ကိုပြောင်းလဲချင်တဲ့ ခေတ်လူငယ်တွေကပဲ တာဝန်ယူဖို့ကလွဲလို့  တခြားနည်း မရှိတော့ဘူးဗျာ… (ဦး) ကိုလေး(အင်းဝဂုဏ်ရည်) ပြောသလိုပဲ- ခေတ်ကိုပြောင်းဖို့ တာဝန်ယူရမည့်အချိန်မှာ အဟောင်းရဲ့မကောင်းမှုတွေကိုပဲ ထပ်တလဲလဲ အပြစ်ဖို့နေကြတာဟာ.. “သူတို့တာဝန်ပဲ၊ ဒို့တာဝန်မဟုတ်ဘူး”လို့ တာဝန်လွှဲချနေကြတာပဲ မှုတ်လား။

ကျုပ်ပြောချင်တာကတော့- သူတို့ကို ခွင့်လွှတ်ရေး၊ မလွှတ်ရေးမဟုတ်ဘူး၊ ဒီခေတ်ဆိုးကြီးကို ပြောင်းလဲဖို့ တာဝန်ဟာ ဘယ်သူ့တာဝန်လဲ၊ ဘယ်သူက တာဝန်ယူရမှာလဲ?

ဒီနေ့ လူငယ် လူလတ်တွေ ကိုယ်တာဝန်ယူရမည့်ကိစ္စကို “ဒါဟာ-စစ်အာဏာရှင်တို့လုပ်ခဲ့တာပဲ၊
သူတို့မှာသာ တာဝန်ရှိတယ်၊ ဒို့တာဝန် မဟုတ်ဘူး”လို့ လွှဲချနေရင် သင်ရော သမိုင်းပေးတာဝန် ကျေပါ့မလား။

ဒါဟာ- ဒဿနသဘောအရ- “အပြစ်နဲ့ တာဝန်ကို ခွဲခြမ်းစိတ်ဖြာ စဉ်းစားနည်း”ပဲ။

ကဲ လူငယ်တို့! ခွင့်လွှတ်ရေး၊ မလွှတ်ရေးကို ဘေးဖယ်ထားပါ၊ ဘေးမဖယ်ဘဲ အပြစ်ဖို့နေရင်တော့-
ဒါဟာ တာဝန်ကို ခေါင်းရှောင်နေတာပဲ!

သဘောပေါက်လား … “အပြစ်က သူတို့လုပ်ခဲ့တာ၊ ဒါပေမယ့် တာဝန်ကတော့- ပြောင်းလဲချင်သူ၊
‘ပြောင်းလဲဖို့ အချိန်တော်ပြီ’ လို့ သိသူများရဲ့ တာဝန်သာဖြစ်တယ်”လို့ ပြောချင်တာပါ။

ခွင့်လွှတ်ရေး၊မလွှတ်ရေးကို ဘေးချိတ်ထားလိုက်ပါ!
တာဝန်ကိုတော့- ဘေးချိတ်မထားကြပါနဲ့!

တကယ်ပြောင်းလဲချင်ရင် တာဝန်ယူကြ!

သူတို့ကို အပြစ်ဖို့နေတာဟာ “သူတို့သာ အပြစ်ရှိလို့ သူတို့မှာသာ တာဝန်ရှိတယ်၊ ဒို့မှာတာဝန်မရှိ”လို့
လွှဲချနေတာဖြစ်တယ်။

အပြစ်ရှိတာက သူတို့.. တာဝန်ရှိတာက ပြောင်လဲချင်သူများ.. “သူတို့ပြောင်းပေးမှသာ ပြောင်းလဲလာမှာ”လို့
သူတို့ကိုအပြစ်ဖို့နေသမျှ..   ဘယ်တော့မှ မပြောင်းလဲဘူး”လို့ ဉာဏ်နဲ့ထင်ထင် သိမြင်ကြပါစေ..

အပြစ်ဖို့ပြီး ခေါင်းရှောင်ကြမှာလား?
တာဝန်ယူပြီး ခေါင်းဆောင်ကြမှာလား?

ဒီနေ့တိုက်ပွဲဟာ ဖျက်ဆီးသူနဲ့ တည်ဆောက်သူတို့ ရင်ဆိုင်နေရတဲ့တိုက်ပွဲ၊

သူတို့နဲ့ပူးပေါင်းပြီး ဖျက်နေကြမှာလား?
ကိုယ့်ယုံကြည်ချက်အတိုင်း  တည်ဆောက်ကြမှာလား?

ဒါပါပဲ။
အပ္ပမာဒေန သမ္ပာဒေထ…!!!
၁၆.၁.၁၉


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts