ကဗျာ စာပဒေသာ မြန်မာပြည်တွင်း

ကမ်​လူ​ဝေး- ခြံ​ပေါင်းစုထဲကအဖြစ်​အပျက်​များ

 
ခြံ​ပေါင်းစုထဲကအဖြစ်​အပျက်​များ

 ကမ်​လူ​ဝေး
(မိုးမခ) ဇန်နဝါရီ ၉၊ ၂၀၁၉

သိုး​တွေဟာ ခြံခတ်​ ပိတ်​ခံထားရ
မြေ​ခွေး​တွေ အန္တရာယ်​ ကာကွယ်​ဖို့လို့
သိုး​မွှေး​ညှပ်​​ရောင်းသူ ခြံရှင်​ကဆိုတယ်​။
လွတ်​လပ်​တဲ့ကွင်းပြင်​မှာ
လွတ်​လွတ်​လပ်​လပ်​​ပြေးလွား မြက်​စားဖို့
ခြံတံတိုင်းကို သိုးတချို့က ချိုးလိုက်​ကြတယ်​။
ကျေးဇူးကန်းသူသိုးဆိုးများလို
ခြံရှင်​သူ​ဌေးက ဆိုတယ်
သိုးဆိုးများကို အပြုတ်​ဖြုတ်​ဖို့
သိုးသတ်​သမား​တွေကို ကားနဲ့ပို့လိုက်​​လေရဲ့။
သိုး​မွှေး​ရောင်းရ​ငွေနဲ့
ဝယ်​ထားတဲ့ ကားနဲ့သိုးသတ်​သမား​တွေဟာ
သိုးဆိုး​တွေကိုနှိမ်​နှင်းဖို့ လာ​နေကြပြီ။
သိုး​တွေဟာ ဥာဏ်​နည်းလွန်းတယ်​လို့
နွားခြံထဲကနွား​တွေက ဆိုတယ်
ကြက်​ခြံထဲကကြက်​​တွေက​တော့
သိုးဆိုး​တွေကိုအပြတ်​ရှင်းလို့ ဝိုင်း​အော်​ကြရဲ့။
မွေးမြူ​ရေးခြံကြီးမှာ
အသံ​တွေဆူဆူညံညံထွက်​​နေတယ်
ခြံရှင်​ဟာ
ကြက်​​ကြော်​စားပြီး နွားနို့ခွက်​ကို​မော့​သောက်​လိုက်​တယ်
ပြီး​တော့
သိုး​မွှေး အင်္ကျီကိုဝတ်​ပြီး အိပ်​ရာဝင်​သွား​လေရဲ့။       ။
             

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts