ကိုသန်းလွင် ● ဟိမဝန္တာကို ဆည်ဆောက်ခြင်း

January 8, 2019

ကိုသန်းလွင် ● ဟိမဝန္တာကို ဆည်ဆောက်ခြင်း
(မိုးမခ) ဇန်နဝါရီ ၈၊ ၂ဝ၁၈


(၁)
အိန္ဒိယအရှေ့အလယ်ပိုင်း (Godavari) မြစ်ကမ်းနံဘေးမှ (Rajahmundry) မြို့ကလေးတွင် ပြတိုက်တခုရှိပါသည်။ အန်ဒရာ ပရာဒက် (Andhra Pradesh) ပြည်နယ်၏ ရေဝန်ကြီးဖြစ်ခဲ့သူမစ္စတာ ကော်တွန် (Sir Arthur Thomas Cotton) ကို အမှတ် တရအဖြစ် တည်ထောင်ထားခဲ့ခြင်းဖြစ်ပါသည်။ ၁၈၄ဝ ခုနှစ်က ထိုပြည်နယ်သို့ ရေရောက်အောင် သယ်လာခဲ့သူကို ဂုဏ်ပြု တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။

သူသည် အရှေ့အိန္ဒိယကုမ္ပဏီ၏ အင်ဂျင်နီယာအဖြစ် တာဝန်ထမ်းဆောင်ရင်း ရှေးယခင်ကရှိခဲ့သောနက်ဝပ်နှင့် ရေကာတာ များကိုတိုးချဲ့လျှက် အိန္ဒိယတောင်ပိုင်း တလျောက်လုံးကို ရေပေးဝေခဲ့ပါသည်။ ထိုနေရာတွေမှာ မြစ်သုံးသွယ် (Kaveri, Krishna နှင့် Godavari) စီးဆင်းနေကြပါသည်။ သူယုံကြည်ခဲ့သည်မှာ အခြေခံသိပ္ပံပညာသည် မြေပြင်အနေအထားကို ပြောင်းလဲပစ်နိုင်ရမည်ဟူ၍ဖြစ်ပါသည်။

(၂)
သို့သော်သူ၏ရည်ရွယ်ချက်မှာထိုပရောဂျက်များတွင်အဆုံးသပ်မသွားပါ၊ ၁၈၈ဝခုနှစ်တွင်ကော့တွန်က ဟိမဝန္တာ မြစ်များနှင့်အိန္ဒိယတောင်ပိုင်းအစွန်ဆုံးထိဆက်သွယ်ရန်ကြိုးစားခဲ့သလို ဗြဟ္မပုတ္တရ (Brahmaputra) နှင့် ယန်စီ မြစ်နှစ်ခုတို့အကြား အာသံနှင့် ယူနန်နယ်များကို ဖြတ်၍ဆက်သွယ်ရန် အဆိုပြုခဲ့ပါသည်။ နှမြောတွန့်တိုသော ဗြိတိသျှအစိုးရက သူ၏စီမံကိန်း များကို ဈေးကြီးသည်ဆိုကာ ပယ်ချခဲ့ပါသည်။ ထို့နောက် နှစ်ပေါင်း ၁၅ဝ မျှကြာသောအခါ ထိုစီမံကိန်းများ၏ စိတ်ကူးသည် အသစ်တဖန်ပြန်လည်ပေါ်ပေါက်ခဲ့ပါသည်။

ယခုအိန္ဒိယအစိုးရ၏ ဒေါ်လာ ၉ဝ ဘီလီယမ်မျှအကုန်ကျခံခါပြုလုပ်မည့် မြစ်ကြီးအချို့ကိုဆက်သွယ်ပေးမည့် စီမံကိန်းပေါ် လာခဲ့ပါသည်။ စွမ်းအင်လိုလာသဖြင့်လည်းကောင်း၊ ရေချိုကိုကိုချင်၍လည်းကောင်း အခြားနိုင်ငံများမှလည်း ဟိမဝန္တာ မြစ်ကြီးများကို အသုံးချရန် ပြင်ဆင်နေကြပါသည်။ ဤသည်မှာလူဦးရေ ဘီလီယမ်တဝက်မျှကို အကျိုးပြုမည်ဖြစ်သည်။

ဘူတန်နိုင်ငံ၊ အိန္ဒိယ၊ နိပေါနှင့် ပါကစ္စတန် တွင် ဆည်ပေါင်း ၄ဝဝ ကျော်တည်ဆောက်မည်၊ သို့မဟုတ် တည် ဆောက်လျက် ရှိသည်။ တရုတ်ပြည် တိဗက်နှင့် ဘော်ဒါဆက်နေသော နေရာတွင် ဆည်ပေါင်း ၁ဝဝ ကျော်မျှ ရာထားသည်။ အကယ်၍ ရည်မှန်းထားသလိုသာအောင်မြင်ခဲ့လျှင် ဤနေရာသည် ကမ္ဘာပေါ်တွင် ဆည်အပေါ များဆုံးနေရာဖြစ်ပါလိမ့်မည်၊ သို့သော် နိုင်ငံအချင်းချင်း ကြီး မားသော လူမှုရေးပြဿနာများပေါ်ပေါက်စရာ ရှိသည်။

၁၉၄၇ခုနှစ်တွင် အိန္ဒိယလွတ်လပ်းရေးရရှိချိန်တွင် မမှန်မကန်ရွာတတ်သောမိုးရာသီတွင် တစ်ရာသီလုံးရွာသော ရေ၏ ၂/၃ ကို ရေကို အချိန်မရွေးရရှိစေရန် ဤဆည်များကဆောင်ရွက်ပေးပါသည်။ ထိုရေများမှာယခုအချိန်ထိ မိုးခေါင်ရေရှားရပ်ဝန်းမှာနေရသူများ နှစ်နိုင်ငံခွဲလိုက်သဖြင့် လယ်ယာမြေပျောက်ဆုံးသွားသူများက အားကိုးပြု နေရပါသည်။ နိုင်ငံအသစ်များ အနေဖြင့် ထိုသို့အင်ဂျင်နီယာလုပ်ငန်းမှရလာမည့် အကျိုးကျေးဇူး ဖြစ်ပါသည်။ (Bhakra Nangal) ဆည်ဖွင့်ပွဲကို ၁၉၅၆ခုနှစ်က ပြုလုပ်ခဲ့ရာ ထိုဆည်များကို “ဘုရားကျောင်းကန်သဘွယ် အလေးထားရမည်” ဟု ဝန်ကြီးချုပ်နေရူး ကပြော ကြားခဲ့ပါသည်။

ဆည်လုပ်ခြင်းမှာ ကမ္ဘာလုံးဆိုင်ရာ စွဲငြိနေသော ရောဂါဖြစ်ပါသည်။ ကမ္ဘာ့ဘဏ်သည် ၁၉၅ဝ ခုနှစ်က စတင်၍ ဆည်များကိုတည်ဆောက်ရန်ငွေထုတ်ချေးခဲ့ရာ ၂ဝ ရာစုအကုန်တွင် ဘီလီယံပေါင်းများစွာရှိခဲ့ပါသည်။

အမေရိကန်အင်ဂျင်နီယာများမှာ ကမ္ဘာလှည့်၍ သူတို့၏ ဟိုက်ဒြောလစ် ပညာကိုဖြန့်ဝေခဲ့ပါသည်။ မော် ၏ တရုတ်ပြည်ကို ဆိုဗီယက် အင်ဂျင်နီယာများစွာတို့က ဆည်တည်ဆောက်ရေးအတွက်အကူအညီပေးခဲ့ပါသည်။ တစ်ခေတ်တခါက အိန္ဒိယ နှင့် တရုတ်ပညာရှင်တဦးနှင့် တဦးနားလည်မှုညှိုနှိုင်းခဲ့ကြသည်များလည်းရှိခဲ့ပါသည်။ ၁၉၄၃ ခုနှစ်တွင် အိန္ဒိယမှ အင်ဂျင်နီယာ ၂ဦးသည် တရုတ်ပြည်၏ ရေစီမံကိန်းများကို ၂လကြာအောင် လှည့် လည်ကြည့်ရူပြီး တရုတ် တို့၏ လုပ်နည်းကိုင်နည်းများကိုများစွာအံ့အားသင့်ခဲ့ကြပါသည်။

၁၉၇ဝ ခုနှစ်နှင့် ၁၉၈ဝခုနှစ်များတွင် အိန္ဒိယ၏ဆည်မြောင်းရောဂါကပ်ရောက်ခဲ့ပါသည်။ ၁၉၄၈ ခုနှစ်နှင့် ၂ဝဝဝ ကြား အိန္ဒိယတွင်ဆောက်သမျှဆည်များ ၃၅ဝဝကျော်မှာ ၁၉၇ဝ နှင့် ၁၉၈၉ ခုနှစ်အကြားတွင်ဖြစ်သည်။ တရုတ် ပြည်တွင် ၁၉၄၉ ခုနှစ် နောက်ပိုင်းဆောက်လုပ်သော ဆည်များမှာ ၂ဝ,ဝဝဝ ကျော်ပါသည်။

၁၉၈ဝ ပြည့်နှစ်များတွင် ဆည်များ၏အသုံးဝင်မှုကို မေးခွန်းထုတ်ကြသော အချိန်လည်းဖြစ်သည်။ ၁၉၈၂ခုနှစ်က အဂါရယ် (Anil Agarwal) ရေးသောရီပို့တခုတွင်ဆည်ဆောက်လုပ်ရန်အတွက်လူများစွာနေရာထိုင်ခင်း ပျောက် ကြရသည်ဟုရေးသားထားသည်။ ကြီးမားသောဆည်ကြီးများကို တည်ဆောက်၍ ပိုက်ဆံအကုန်ကျခံမည့်အစား လူတဦးချင်းစီက ရေရရှိရန် ရေတွင်းတူး၍ ပန့်များဖြင့် ရေစုပ်တင်ခြင်းက ထိရောက်သည်ဟုလည်းဆိုကြသည်။ ဆည်ကြောင့်နေရာပျောက်ရသောလူဦးရေမှာ၁၉၄၇ ခုနှစ်ကစ၍၁ဝ သန်းမှ ၄ဝသန်းကြားရှိမည်ဟုခန့်မှန်းသည်။ နေရာပျောက်၍ အိမ်ယာ လယ်မြေဆုံးရှုံးရမှုများမှာပို၍နစ်နာပါသည်။

သို့တိုင်အောင် အင်ဂျင်နီယာများနှင့် အစိုးရခေါင်းဆောင်ပိုင်းမှာ ကြီးမားသော ဆည်ကြီးများ တည်ဆောက်ရေး ကို စိတ်မပျက်ကြသေးပါ၊ ယခုသူတို့ မျှော်မှန်းကြသည်မှာ ဟိမဝန္တာတောထဲအထိ ဆည်တည်ဆောက်ကြ ရန် ဖြစ်သည်။ လျှပ်စစ်နှင့်ရေသန့်လိုအပ်မှုကသူတို့ကိုတွန်းအားပေးလျက်ရှိသည်။ ၁၉၆ဝ မှ ၁၉၈ဝအတွင်း ဟိမဝန္တာ တွင် လမ်းအရှည်မိုင် ၆၂ဝဝ ကိုဖေါက်ပြီးဖြစ်သည်။ အင်ဂျင်နီယာများအဖို့ ပိုမိုခရီးသွားနိုင်ကြပြီးဖြစ်၏၊ ဟိမဝန္တာ ၌ ပို၍မြင့်သော နေရာအထိသွားနိုင်လေလေ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ရေအားပို၍ ကောင်းလေလေ ဖြစ် သည်။ သို့သော် ဟိမဝန္တာ ပရောဂျက်များအတွက် အဓိကအချက် ၃ခုကနောက်ဆံတင်းစေသည်။

ဟိမဝန္တာမှ မြစ်များမှာ ၁၆ နိုင်ငံကိုဖြတ်၍ စီးနေကြသည်။ မြစ်ညာမှတနိုင်ငံမှ ရေကိုထိမ်းသိမ်းလိုက်လျှင် မြစ် အောက်ချေမှလူများကို ထိခိုက်တော့မှာ သေချာသည်။ ဗြဟ္မပုတ္ထရ မြစ်ကိုတရုတ်တို့က ဆည်ဆောက်လျင် အိန္ဒိယတွင် မြစ်ရေစီးကြောင်း ထိခိုက်တော့မှာသေချာသည်။ ဘင်္ဂလားဒေ့ရှ်ကလည်း အိန္ဒိယက ဆည်ဆောက် လျင် သူတို့ထိခိုက် နစ်နာမှာကို စိုးရိမ်သည်။

နောက်တခုက တိရိစ္ဆာန်များ၏(Biodiversity) ဖြစ်သည်။ ဟိမဝန္တာတောသည်  အကောင်အလှောင် ပေါများ သဖြင့် ၆၆ဝ စတုရန်းမိုင်မျှရှိသောသစ်တောကြီးရေအောက်မြှုတ်သွားလျှင် သူတို့ကို သေချာပေါက် ထိခိုက်ကြရ မည်၊ နှင်းကျားသစ် (Snow leopard) ဝက်ဝံညို (Brown Bear) ငါး (Snow trout) Golden mahseer Fish တို့မှာ အလွယ်တကူဖေါ်ပြသော စာရင်းသာဖြစ်သည်။ တတိယအန္တရာယ်မှာမြေငလျင်လှုပ်ခြင်းဖြစ်သည်။ ဆိုက်စမစ် သဘောအရ Active ဖြစ်သောဇုံများပါဝင်နေသဖြင့် သဘောကြီးစွာထားကြရသည်။

ထိုထက်ပို၍ကမ္ဘာကြီးပူနွေးလာမှုကြောင့်ရာသီဥတုအပြောင်းအလဲဖြစ်ရာ ဟိမဝန္တာဒေသသည် ပို၍အပူမြန်သော ဒေသဖြစ်သည်။ ဂယ်လက်စီယာများ အရေပျော်၍မြစ်ရေစီးကြောင်း ပြောင်းလျင်ဆည်များ၏ ခံနိုင်ရည်အားကို ထိခိုက်နိုင်သည်။

မစ္စတာ အိုင်ယာ (Ramaswamy Iyer) ဆိုသူမှာအိန္ဒိယရေအရင်းအမြစ်ဌာန အတွင်းဝန်ဖြစ်ပြီး ၁၉၈ဝ ခုနှစ်များ ဆီက ဆည်ဆောက်လုပ်ရေးကို လှုံ့ဆော်အားပေးခဲ့သူဖြစ်သည်။ သူက ရှေးကိုလိုနီခေတ်က မစ္စတာကော်တွန် ၏ မူအရအိန္ဒိယကို အနောက်တိုင်းအတွေးအခေါ်များလွှမ်းမိုးခံရခြင်းကိုကျေနပ်သော်လည်း သဘာဝကြီးကို အတိုက်အခံလုပ်ရမည့်အရေးကို ဝန်လေးသည်ဟုဆိုသည်။

တချို့ကလည်း သေးငယ်သော ဆည်အမျိုးအစားများသာဆောက်ရန် အကြံပေးကြသည်။ တချို့ကမူအများ အ တွက် လူဦးရေအများကြီးကို တခါတည်းအကျိုးသက်ရောက်မူရှိစေရန် ဆည်အကြီးစားကို တည်ဆောက်လိုကြ သည်။ အိန္ဒိယပြည်မှာလည်း အခြားပြည်နယ်များနည်းတူ လျှပ်စစ်နှင့်ရေ ဖြန့်ဝေရာတွင်တညီတညာတည်း မျှဝေ ပေးရန် မဖြစ်နိုင်ပေ၊ လူဦးရေထူထပ်သော နေရာနှင့်အနေကျဲသောနေရာဟူ၍ မတူညီကြပေ။

ယခုလက်ရှိအခြေအနေမှာဖြန့်ဝေရာတွင် ယိုယွင်းမှုများရှိသောကြောင့် ရေနှင့်လျှပ်စစ်များလိုရာသို့ မရောက်နိုင် သည်များရှိသည်။ သို့အတွက်ယခုတည်ဆောက်ပြီးဆည်များ၊ တူမြောင်းများ၊ရေပိုက်များ၊ ပါဝါလိုင်းများ ကိုပြုပြင် ခြင်းဖြင့် ပြည်သူလူထုထံ ပိုမိုရောက်ရှိနိုင်ပါလိမ့်မည်။

ရေအသုံးချမူတွင်လည်း မြေကြီးထဲမှထွက်လာသောရေကို ပိုမို၍ထိန်းချုပ်နိုင်ရေး၊ ကုန်သွားသောရေကိုပြန်သွင်း ရန်နည်းလမ်းများရှာဖွေခြင်းဖြင့် ဆည်အသစ်ဆောက်သည်ထက်သာ၍အကျိုး ဖြစ်ထွန်းဘွယ်ရှိသည်။

(၃)
ရေနှင့်ပါတ်သက်၍ သတင်းဖြန့်ချိရေးမှာလည်းအလားတူအရေးပါလှပါသည်။ စစ်တပ်တပ်စွဲထားရာနေရာ နှစ် နိုင်ငံကြား ဘော်ဒါလိုင်းနေရာများအတွက် ရေနှင့်ပါတ်သတ်သောသတင်းများမှာ ပွင့်လင်းမြင်သာဘို့လိုသည်။ “The Third Pole” ကဲ့သို့သောလန်ဒန်နှင့်နယူးဒေလီမြို့တို့တွင်အချေစိုက်ပြီး၊ အမြတ်မယူသော အသင်းအဖွဲ့ များအနေဖြင့် ဟိမဝန္တာနှင့်ပါတ်သက်သမျှသတင်းများကိုထုတ်ပေးလျက်ရှိသည်။ ထိုအသင်းအဖွဲ့က ရေဆိုင် ရာအချက်အလက်များကို ပွင့်လင်းမြင်သာ မှုရှိစေရန် ဆောင်ရွက်ပေးလျှက်ရှိသည်။

ရာသီဥတုပြောင်းလဲမှုကြောင့် အများပြည်သူတို့အပေါ် အကျိုးသက်ရောက်မှုများ ရှိနေချိန်တွင် ကျွန်တော်တို့ သည် ဆည်နှင့်ပါတ်သက်၍ ပိုမိုနားလည်နိုင်ရန် နောက်ထပ်ဆည်များ ဆောက်လုပ်ခြင်းအတွက် လိုမလိုကို ချိန်ဆနိုင်ရန်လိုအပ်ပါသည်။

ကိုသန်းလွင်
Ref: The race to dam the Himilayas by SunilAMrith New York Times 1 December 2018.


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကိုသန်းလွင်, ရသဆောင်းပါးစုံ

Comments are closed.

Archives