About MoeMaKa

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်
(မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈
အမေရိကန်က အဝေးရောက် စာရေးဆရာ၊ ထုတ်ဝေသူ၊ အယ်ဒီတာတဦးဖြစ်တဲ့ အေးဝင်း(လမင်းတရာ) စုစည်းတဲ့ ကလောင်စုံလက်ရာ မွေးနေ့အမှတ်တရစုစည်းမှု ဖြစ်ပါတယ်။ အသက် ၆၀ ပြည့်ကတည်းက စာပေမိတ်ဆွေတွေက သူ့မွေးနေ့အမှတ်တရရေးပို့ကြတာတွေကို စုရင်း စာအုပ်ထုတ်မလား စဉ်းစားရင်းကနေ ၆၀ ကနေ ၆၄ ကနေ ၆၆ အထိ ကြာခဲ့ရတဲ့ စာအုပ်လို့ ဆိုကြပါစို့။ အခုတော့ ထုတ်ဖြစ်ပါပြီ။
အေးဝင်း(လမင်းတရာ) ဆိုသူက ပြည်တွင်းမှာလည်း စာပေအလုပ်လုပ်ခဲ့၊ ပြည်ပရောက်တော့လည်း စွမ်းသမျှ စာပေအလုပ် ဆက်လုပ်သူဖြစ်ပါတယ်။ စာရေးသူ၊ အယ်ဒီတာ၊ ထုတ်ဝေသူ အဖြစ် ဖြတ်သန်းခဲ့တာမို့ သူ့အကြောင်း ထောင့်စုံက ရေးကြသူတွေအမြင်က စိတ်ဝင်စားစရာ ဖြစ်မှာပါ။

အုပ်ရေ ၅၀၀၊ တန်ဖိုး ၂ထောင် ကျပ်။ ဆိုင်တွေပေါ် ရောက်ပါပြီ။ မိုးမခ မီဒီယာက ထုတ်ဝေ၍ ဆိပ်ကမ်းသာစာပေက ဖြန့်ချီပါတယ်။ရန်ကုန်မှာ- ၁။ စာပေလောက (၂)
၂။ ရာပြည့်စာပေ (ပန်းဆိုးတန်း)
၃။ စာပေနန်းတော်
၎။ အင်းဝ
၅။ ခေတ်သစ်စာပေ (မဟာဗန္ဓုလလမ်း)
၆။ ပါရမီ
၇။ အရုဏ်သစ်
၈။ နေစေးစာပေ
၉။ စောဦးစာပေမန္တလေးမှာ-
၁။ စိတ်ကူးချိုချို

မုံရွာမှာ-
၁။ ချင်းတွင်းအိမ် စတဲ့ ဆိုင်တွေပေါ် ရောက်နေပါပြီ။

ကျန်တဲ့ဆိုင်တွေလည်း ဆက်လက်ဖြန့်သွားပါမယ်။

ဆက်သွယ်ရန်လိပ်စာ-

ကိုခိုင်မျိုး
ဆိပ်ကမ်းသာစာပေ၊
ဆိုင်အမှတ် ၁၃၊ ပလာဇာဈေးသစ်၊
၃၈ လမ်း နဲ့ ဆိပ်ကမ်းသာလမ်း အကြား၊
ဖုံး ၀၉ ၇၈၆၈၃၇၃၀၅
၀၉ ၉၆၃၆၉၉၈၃၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts